အမြင်မစောင်းပါနဲ့
အကြောင်းက ပါလာတာလေ
မပေါင်းဖက်ရမဲ့ တူတူ
ဝေးလေ ကောင်းလေသူငယ်ချင်းရေ........
မင်းအကြောင်း မကောင်းသတင်းတွေ
မောင်းမတစ်ထောင် ပြောနေကြပြီ........
အဆုံးမဲ့တဲ့ ကောင်းကင်ပြာပြာကြီးလဲ
မင်းကအရောင်ပြောင်းလိုက်ပြီ
သိက္ခာဆိုတာမရှိ အရှက်ကိုမသိတဲ့သူလေ
မိဘမျိုးရိုး မပြောဝံ့ဘူး
နေရပ်လိပ်စာ အတည်မဟုတ်
မင်းအတွေးကတော့ ဟုတ်တုတ်တုတ်
လက်ထပ်ရင် တစ်ယောက်ထဲ ရမှာမို့တဲ့လေ ---
ဘ၀အရေးကို အတွေးမှားပြီး
မင်းလုပ်နေတာလား -
လူ့စည်း ဘီလူးစည်း
လောကရဲ့စည်းတွေ ......ဘာမှမရှိ
အပိုအဆာတွေနဲ့
လိုတာကိုဖြည့်ပေးတဲ့ ရင်ခွင်များ
ကဗျည်း မတင်ထိုက်တဲ့မင်းရဲ့အသည်း
အမြည်း ဆိုင်ကတော့ တန်ဖိုးထားမှာပါ -
ပတ်ဝန်းကျင်ရဲ့ အတင်းအဖျင်းကြားမှာ
မင်းရဲ့ဘ၀ မရှုမလှ ကြဆုံးနေပြီလား
သူငယ်ချင်းအာလုံးရဲ့ မေတ္တာနုနုများ
မင်းကြောင့် သွေးခြေဥ သွားပါပြီကွယ် -
လူတကာခြေရင်း ၀ပ်ဆင်း ခယ
မင်းဘ၀ အရင်းအနှီး များခဲ့ပြီကော
ပျက်အစဉ် ပြင်ခဏပါပဲ
ပျက်အစဉ် ပြင်မရ တော့မလုပ်ပါနဲ့
လောကအလည် လွန်ကြူးတဲ့
ရမ္မက်တွေဖယ်လို့
နေတတ်ရင်လဲ ကျေနပ်စရာပါပဲ
သူငယ်ချင်းရေ -----
တစ်ဦးတစ်ယောက်ကို ရည်ရွယ်ရေးသားခြင်းမဟုတ်ပါရှင်
ရင်ထဲက ထွက်လာတဲ့စကားလုံးတွေကို ကဗျာအဖြင့်ရေးသားခြင်းသာဖြစ်ပါတယ် ။
jasmine
16 comments:
ကောင်းလိုက်တဲ့ ကဗျာလေးပါလား မဂျက်စ်ခင်ဗျာ.. လူစည်း၊ ဘီလူးစည်း စည်းတွေကျော်ခွနေကြပါပကော.... Sorryတစ်ခွန်းလောက် ပြောလိုက်ရင်၊ ခြင်္သေ့ခေါင်းတွေ လေမှာဝဲသွားရင်၊ စည်းဆိုတာကို ထုတ်စည်းတိုးတမ်းကစားသလို၊ ထမင်းရည်ပူလောင်သလို လောက်တောင် တန်ဖိုးမထားကြတော့ဘူးဗျာ။ မြို့ပြဘ၀ကြီးဟာ မှောင်မှိုင်းလို့ မျက်နှာဖုံးစွပ်တွေက ပြုံးပြနေကြတယ်။ ဟော... ဟို အမှောင်ရိပ်ကျနေတဲ့ ထောင့်ကလေးမှာတော့ တစ်ယောက်ထဲ ငိုရှိုက်တဲ့လူက ငိုရှိုက်လို့... ခပ်တိုးတိုးရေရွတ်ကြလို့..... တေးသွားတွေ လှိုင်လှိုင်ထနေတဲ့ ည ကလပ်တွေထဲမှာတော့ အငိုရှာတဲ့သူနဲ့ အပျော်ရှာတဲ့သူနဲ့၊ ပိုက်ဆံရှာတဲ့ သူနဲ့... စည်းချက်တွေအတိုင်း ဟိုဘက်တိုးလိုက် ဒီဘက်တိုးလိုက်။ စည်းတွေကို ပြင်လိုက် ဖျက်လိုက်ပေါ့......
ကောင်းလိုက်တဲ့ကဗျာလေး မမရေ
ရမ္မက်တွေဖယ်လို့နေတတ်ရင်ကျေနပ်စရာတွေကြီးပါတဲ့
မှန်လိုက်တာရှင် ကြိုက်၏
အားပေးခဲ့တယ် အမတော်ရေ
ဂျက်မလေးရေ...ရမ်းကောင်းတယ်တိလား
ခုခေတ်ကောင်လေးတွေတွက်....ဟိဟိ
တကယ်မဟုတ်လဲ ဟုတ်နေတဲ့သူငယ်ချင်းများရှိခဲ့သော် တစ်နည်းအားဖြင့် ပြင်စေချင်တဲ့စေတနာ နဲ့ အားပေးမှုလေးပါတဲ့ ကဗျာလေး
ကဗျာလေး ကြိုက်မိတယ် မမရေ
အမှောင်တွေဖုံးနေသမျှ အမှန်မမြင်နိုင်ပါဘူးလေ
အချိန်မီ ပြင်ဆင်နိုင်မယ်ဆို အတိုင်းထက်အလွန်ပေါ့ဗျာ
ချစ်ခင်လျက်
ပျက်အစဉ်ပြင်မရတာ က အိမ်က ပေါင်းအိုး
နေတတ်ရင်ကျေနပ်စရာဆိုပေမယ့် ခုက ပရိုမိုးရှင်းရာသီဆိုလေတော့
မြင်မြင်သမျှ အဟာရး)
ကဗျာလေးက ကောင်းတယ်မမစံပယ်ရေ
ကြာရင်ကဗျာဆရာမဖြစ်တော့မယ်း)
လက်ထပ်ရင် တစ်ယောက်ပဲ ရတယ် ကွိကွိ
ပျက်အစဉ် ပြင်ခဏပါ သူငယ်ချင်းရယ်... ပျက်မပြင်... အပြင်တစ်ဘဝ တော့ အဖြစ်မခံပါနဲ့ နော် ....
ကဗျာလေး.. ခံစားသွားပါတယ်.. ဂျက်စ်ရေ...
ခင်မင်စွာဖြင့်...
ဇော်သိင်္ခ
"လောကအလည် လွန်ကြူးတဲ့
ရမ္မက်တွေဖယ်လို့" ဆိုတာကို
"လောကအလည် လွန်ကြူးတဲ့
ရမ္မက်တွေဖလှယ်လို့" ဆိုပြီး မှားဖတ်မိသွားတယ်။း)
ပေတံပေါ်က ကြရောက်လာတဲ့
ဘဝတစ်ခုရဲ့ ပုံရိပ်တွေက
စပယ်ရဲ့ ကဗျာတွေမှာ
စီးမြောရင်းနဲ့ ခံစားမှုတွေ
ကကြိုးစဉ်နေမိတယ် အခုထိပေါ့...။
စပယ်ရေ... ကျွန်တော် ဒီကဗျာလေးကို...
ခံစားဖတ်ရှုသွားပါတယ်နော်.....
ခင်ခင်မင်မင်........
တက္ကသိုလ်မြတ်မင်း
I am so moved to read this poem.
ဟုတ်ပါတယ် အစ်မ... လောကကြီးမှာ နေတတ်ရင် ကျေနပ်စရာချည်းပါဘဲ...
ပျက်အစဉ် ပြင်မရတဲ့ ဒါ နာ့ကို စောင်းပြောဒါ... လုံးဝ မကျေနပ်ဘူး။ ဒါဘဲ။ :P
jas..ရေကဗျာလေအ၇မ်းကောင်းတယ်ဗျာရင်ဘတ်ကြီးနဲပခံစားသွာပါတယ်နော်...
ရွှေဝန်းရတနာ..
အရမ်းကြိုက်ပါတယ် ခံစားသွားပါတယ်ရင်ဘတ်ကြီးနဲ့
Post a Comment