ဒီပိုစ့်လေးကတော့ ရိုစ့် ကျေးဇူးကြောင့်ရေးဖြစ်ရတာပါ -----
candy လေးကလဲထပ်ပြီး Tag ပါတယ်ရှင် အစကတော့နောက်ဆုံးမှရေးမလို့ပါ မရေးတတ်တော့သူများတွေရေး
တာကို အတုခိုးပြီးရေးမလို့ပါပဲ ဒုတိယအကြိမ် Tag ခံရတော့ အားလုံးပြီးတာလဲမစောင့်နေတော့ပါဘူး
မရေးတတ်-ရေးတတ် နဲ့ စလိုက်ရပါပြီရှင် ။
တောင်ကြီး ကျွန်မကြီးပြင်းလာခဲ့ရတဲ့ ပတ်ဝန်းကျင်မှာမြန်မာလူမျိုးရှားပါးပါတယ်
တရုတ်-တိုင်းရင်းသားပေါင်းစုံ- နဲ့ ခရစ်ယာန်ဘာသာဝင်တွေအနေများတဲ့နေရာလေးပါ
သူငယ်ချင်းအများစုကလဲ ခရစ်ယာန်ဘာသာဝင်တွေပါပဲ
တောင်ကြီးရဲ့ ဒီဇင်ဘာဟာ တစ်ခြားမြို့တွေနဲ့မတူဘူးလို့လဲခံစားရပါတယ်-ကျွန်မနေထိုင်တဲ့အိမ်ကနေ
အရှေ့ဖက်တောင်ပေါ်ကိုကြည့်လိုက်ရင်တော့ တောင်အားလုံးဟာ ပန်းနုရောင်သန်းနေပါတယ်
ချယ်ရီတွေရဲ့ အလှတစ်ခုပါပဲ ရွှေညောင်ကနေတောင်ကြီးတက်တဲ့ လမ်းနဘေး တောင်ကြီးရောက်ခါနီးရင်ဖြင့်
နေကြာရိုင်း(တောနေကြာ)တွေကလဲ ၀ါထိန်ပြီးလှကနေတော့တာပါပဲ
ဒါတွေကြောင့်လဲ တောင်ကြီးကို အမြဲကျွန်မအလွမ်းတွေပိုနေရပါတယ်ရှင် ။
အခုတော့ Rose နဲ့ Candy တို့ကဒီဇင်ဘာပိတ်ရက်အကြောင်းလေးကို Tag လိုက်တော့လဲ မေမေရယ်
သူငယ်ချင်းတွေ ရယ် လှပတဲ့ပတ်ဝန်းကျင် နဲ့ လုပ်နေကျလေးတွေကိုရေးပြရမှာပါ ---
Rose ရဲ့မေးခွန်းလေးတွေကို မှတ်မိသလောက်ဖြေလိုက်ပါ့မယ်နော်
*ခရစ်စမတ် ရောက်ခါနီးရင် စိတ်လှုပ်ရှား ပျော်ရွှင်မိပါသလား?
ရောက်ခါနီးလေ စိတ်လှုပ်ရှားပြီး ပျော်ရွှင်ရပါတယ် -
*ကိုယ့်ရဲ့ အိမ်ကို ခရစ်စမတ် သစ်ပင်၊ decoration ornaments များနဲ့ အလှဆင်လေ့ ရှိပါသလား?
အမြဲမရှိပါ-တခါတလေ မြို့ပြင်ကိုကားကလမ်းကြုံရင်တော့ ထင်းရှုးပင်ခုတ်လာပေးလို့
Christmas Tree လေးတော့ အပျော်လုပ်ဖြစ်ပါတယ်-ထင်းရှုးသီးတွေက မြို့ပြင်ထွက်ပြီးကောက်လို့ရနေလို့ပါ
*နှင်းတွေ အေးခဲနေတဲ့ နေရာကို သွားရောက်လည်ပတ်ချင်ပါသလား။ တကယ်လို့ နှင်းတွေကြားမှာ လက်ရှိနေထိုင်နေရင် နှင်းမပါတဲ့ ခရစ်စမတ်နဲ့ နှင်းဖြူဖြူတွေ ကျရောက်နေတဲ့ ခရစ်စမတ် ဘယ်အရာကို ပိုနှစ်သက်မိလဲ (ရွေးချယ်ခွင့် ရှိမယ်ဆိုရင်ပေါ့)?
နှင်းဖြူဖြူတွေ ကျရောက်နေတဲ့ ခရစ်စမတ် ကိုပိုပြီးနှစ်သက်မိပါတယ် -
*ခရစ်စမတ်ပိတ်ရက်ကို ဘယ်လို ဖြတ်သန်းချင်ပါသလဲ။ အဲ့ဒီအချိန်မှာ ခရီးထွက်တတ်ပါသလား?
မေမေတို့က ခရီးထွက်ရတာကြိုက်လို့တခါတရံလိုက်ထွက်ရပါတယ် ကိုယ်တိုင်ကတော့မကြိုက်ပါ -
*ချစ်တဲ့ခင်တဲ့သူတွေကို ဘယ်လို လက်ဆောင်လေးတွေ ပေးဖြစ်လဲ?
လက်ဆောင်တွေလဲကြပါတယ်-အစုံပါပဲ တိတိကျကျတော့မမှတ်မိပါဘူး -
*ခရစ်စမတ်မှာ အမှတ်တရလေးတွေ ရှိခဲ့ဖူးရင် ပြောပြပေးပါ?
အိမ်ရှေ့ကမီးပုံနားမှာ သူငယ်ချင်းတွေဝိုင်းဖွဲ့ပြီး အစားစား သောက်ကြပါတယ်
*နှစ်သစ် အကြိုညမှာ ဘယ်သူတွေနဲ့ အတူတူ ရှိနေချင်ပါသလဲ?
တောင်ကြီးမှာနေစဉ်ကတော့ မေမေနဲ့အတူဖြတ်သန်းရတာအတော်ကိုကြည်နူးမိပါတယ်
အခု အိမ်ထောင်ကျပြီး ကိုယ့်အမျိုးသားရဲ့ ဘေးမှာဖြတ်သန်းချင်ပါတယ်(မေ့ကိုတော့လွမ်းနေမိတယ်) -
*New Year Eve မှာ countdown ပြုလုပ်လေ့ ရှိသလား။ အမှတ်တရများ ရှိခဲ့ရင် ပြောပြပေးပါ?
ကိုယ်တိုင်ပြုလုပ်လေ့ မရှိခဲ့ပေမယ့် သူငယ်ချင်းတွေ လုပ်တာကြည့်ပြီး ပျော်ရွှင်ခဲ့ဖူးပါတယ် -
*နှစ်သစ်ကို ကုန်ဆုံးစေချင်တဲ့ နေရာသီးသန့်မျိုး ရှိပါသလား။ အလည်အပတ် အစီအစဉ် ရှိ၊ မရှိ ဖော်ပြပေးပါ?
ထူးထူးခြားခြား မရှိခဲ့ပါ -
*နှစ်သစ်မှာ New Year Resolution အနေနဲ့ ဘာတွေ ဆုံးဖြတ်ချက်ချပြီး အကောင်အထည် ဖော်တတ်ပါသလဲ?
အဲတာလဲ မလုပ်ခဲ့ပါ -
*နှစ်တစ်နှစ် ကုန်ဆုံးသွားတဲ့ အပေါ် လွမ်းမောတသတာမျိုး၊ အချိန် မကုန်စေချင်တာမျိုး ရှိတတ်ပါသလား?
ကုန်ဆုံးသွားတဲ့ အချိန်တွေကိုမလွမ်းတတ်ခဲ့ပါ - ရှိနေတဲ့ အချိန်ကိုပဲ အပြည့်အ၀ အသုံးချနေရတာလဲ
မလုံလောက်ခဲ့ပါ -
*နှစ်သစ်ရောက်ရင် ဆွေမျိုး၊ မိတ်ဆွေတွေကို ပို့စ်စကဒ်များ၊ e-card များနှင့် နှုတ်ခွန်းဆက်တာမျိုး ရှိပါသလား?
လွန်ခဲ့တဲ့ ၂-၃ နှစ်ကရှိခဲ့ပါတယ် ယခုလက်ရှိမှာတော့မအားလပ်တာများနေတာမို့ မေမေနဲ့သူငယ်ချင်းတွေကို ဘာမှ မပို့နိုင်ခဲ့ပါ -
* ထပ်ပြီး ဖြည့်စွက် ရေးချင်တာက?
ထပ်ရေးချင်တာကတော့ ဒီလိုရက်တွေမှာ မိသားစုရယ်ချစ်ရတဲ့ ဘ၀ကြင်ဖော်ရယ် သူငယ်ချင်းတွေ
အားလုံးနဲ့အတူတကွ ရှိနေချင်ပြီး မနက်စာ-နေ့လည်စာ-ညစာ- ညလယ်စာ တို့ကိုတူတူစားချင်ပါတယ် -
ကိုယ်ချစ်တဲ့သူကိုလဲ လက်ဆောင်လေးတွေပေးချင်ပါတယ် သူဆီကလဲ (တန်ဖိုးအဓိကမဟုတ်)
တစ်ခုခု အမှတ်တရလေးတွေ လိုချင်ပါတယ်ရှင် (စကားလက်ဆောင်ပန်းလက်ဆောင်လေးတွေပေါ့) -
ဒီလောက်ပါပဲနော် Rose ရယ် ကျေနပ်နော်- candy ရေ ရေးလိုက်ပါပြီနော် - ဘလော့ရေးနေတဲ့ သူငယ်ချင်းအားလုံးကို
ဂျက်က ခင်ခင်မင်မင် နဲ့ သံယောဇဉ်ရှိပါတယ်ရှင် တစ်ယောက်တစ်မျိုးတော့ အရေးကောင်းတဲ့သူတွေပါပဲ
အချိန်ရလျှင်ရသလို လာလည်ပေမယ့်မ၀င်ဖြစ်တဲ့ အိမ်များရှိခဲ့ရင် မိဂျက်ကိုနားလည်ပေးပြီး
ခွင့်လွတ်ပါလို့ အားလုံးပျော်ရှင်စရာကောင်းတဲ့ နှစ်သစ်လေးကိုချစ်ရသူတွေနဲ့ တူတူလက်တွဲ
ပြီးဖြတ်သန်းနိုင်ပါစေလို့----- ဘုရားသခင်ထံ ဆုတောင်းရင်နဲ့ နိဂုံးချုပ်ပါရစေလို့ ။
Rose နဲ့ Candy ကသူငယ်အားလုံးနီးပါးကို တက်ဂ်ထားပြီးသားဖြစ်နေလို့ jasmine ဘယ်သူ့ကိုမှ
ထပ်ပြီးမရေးခိုင်းတော့ပါဘူးနော် မရေးရသေးတဲ့သူများလဲ ရေးနိုင်ပါစေလို့ မျော်လင့်နေပါတယ် ။
29 comments:
အမုန်းသောက်ရန်..နှစ်ရက်သာ..လိုပါတော့သည်း))
ပျော်ရွှင်ချမ်းမြေ့ဖွယ်..နေ့ပေါင်းများစွာကို
ခရစ်စမတ်.နယူးရီးယား.နေ့လေးတွေနဲ့အတူ
ပိုင်ဆိုင်ပါစေရှင်
ချစ်ခင်စွာဖြင့်
သမံစီး
အပေါ်ကစံစံကတော့ဗျာ
အမုန်းသောက်မယ်ဆိုပဲ ရေလား
Thank you for writing my tagged post, sis. I love your simple and nice answers. :D Merry Christmas and Happy New Year to you.
စာတွေဖတ်သွားတယ်
ပျော်ရွှင်ဖွယ်ကောင်းတဲ့ရက်တွေဖြစ်ပါစေ.....
မမဂျက်စ်ရေးပြီကွ.. မမပြောလိုက်မှ ပန်းရောင်တောင်တန်းကြီးကိုတွေ့ဖူးချင်လိုက်တာ.. အရမ်းလှမှာပဲနော်.
ရေးပေးလို့ ကျေးကျေးမမရေ :D
ဟုတ်ပ ...အဲ့ဒီ ..ပန်းရောင် တောင်တန်းကြီး ကို တွေ့ ဘူးချင်တယ် ...
အခုလို ချိန်ဆိုရင် နှင်းတွေ ကျ ပြီး အေး နေတဲ့ ခံစားမှု့ နဲ့ 
ပန်ရောင်တောင်တန်းကြီး ကို ကြည့်နေရရင် ... အရမ်းထူးဆန်းတဲ့ ခံစားမှု့  တစ်ခု ဖြစ်မိမယ် ထင်တယ်နော် ....
မမရေ အရေးကောင်းလို့မျောသွားပါတယ်
ထပ်တူခံစားသွားပါတယ်
ပျော်ရွှင်သောခရစ္စမတ်လေးကိုဖြတ်သန်းနိုင်ပါစေ
မကြီးဂျက်ရေ
ဖတ်သွားတယ်ဗျို့
သူငယ်ချင်းတွေ စုပြီး သီချင်းလိုက်ဆိုပေါ့ ...
ရင်ထဲကခံစားရတဲ့အတိုင်းရေးသားရရင်တော့ဖြင့်..ရှမ်းတောင်က မဂျက်တော့ဖြင့်...အဆင်ကိုပြေလို့....ရှမ်းမြောက်က..တွတ်တွတ်ပဲ...ဘယ်ကစရေးရမှန်းမသိလို့....ကျို့မိယ.......:D
တစ်ချိန်ကနွေးထွေးတဲ့မိခင်ရဲ့ ရင်ခွင်ရိပ်မှာ အေးချမ်းစွာနေခဲ့ရသလို
လက်တွဲဖော်ရလာတဲ့အခါမှာလည်း လုံခြုံမှုအပြည့်အဝရှိတဲ့ အိမ်ထောင်ဖက်ရဲ့ရင်ခွင်မှာ ပျော်ရွှင်ကြည်နူးမှုအတိနဲ့နေနိုင်တာ
ကံကောင်းခြင်းတစ်မျိုးပေါ့ ဂျက်ရေ။
Merry Christmas & Happy New Year !!!
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
မမစံပယ်ရေ အချစ်နဲ့အတူတကွ နှစ်သစ်မှာပျော်ရွှင်နိုင်ပါစေ ..
ဒိုးကန်ကတော့ ခရစ္စမတ်မှာဘဲ သူနဲ့အတူနေပေးနိုင်ပြီး နယူးရီးယားမှာတော့အတူ မရှိနေနိုင်ပါဘူးး)
မယ်ရီိခရစ္စမတ်နဲ့ နှစ်သစ်မှာ အချစ်နဲ့အတူ ပျော်ရွှင်စွာဖြတ်သန်းနိုင်ပါစေ...
ပျော်ရွင်ဖွယ် ခရစ်စမတ်လေးပါ မမရေ.... နှစ်တစ်နှစ်ရဲ့အစကို ချစ်သူလေးနဲ့ အတူ ဆင်နွဲခွင့်ရတာ နည်းတဲ့ ကုသိုလ်လားနော်....:):)
အချစ်နဲ့အတူ ဒီဇင်ဘာဆောင်းရဲ့ အအေးဓါတ်ကို အပြုံးမပျက် ကျော်ဖြတ်နေမယ့် မမကို မြင်ယောင်ရင်း....:P:P
Happy New Year ပါမမရေ..။
စပယ်လေးရဲ့ Christmas postလေးကို အားပေးသွားပါတယ်..
ပျော်ရွှင်သော နှစ်သစ်မင်္ဂလာဖြစ်ပါစေကွယ်...
စာလေးဖတ်သွားတယ် မမရေ
နှစ်သစ်မှာ ချစ်သော ကိုကိုနဲ့ ပျော်ရွှင်ကြည်နူးနိုင်ပါစေ..
(ကွန်ကဘာဖစ်မှန်းမသိ blogspot တွေ ဖွင့်မရဘူး.. အခုတောင် ကျော်ဖွင့်ပြီးမှ ဖတ်ရလို့ လာဖတ်တာ နောက်ကျသွားတယ် မမရေ...ခွင့်လွှတ်နော်.. :))
ချစ်ခင်လျက်
Junemoe
ခရစ္စမတ်မှာလား..အဲဒီ ခရစ္စမတ်နေ့မှာလား
ကျွန်တော် အလုပ်ထဲမှာ ရှိနေမယ်.. :D
ဂျက်ရေ ဂျက်ရဲ့ခင်ပွန်းနဲ့အတူ နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ကြပါစေ...
အင်း . .
ဒီလိုပါပဲ သာမာန်ရက်လေးပါပဲ။
မထူးပါဘူး. . .
ဒါပေမဲ့ အဲဒီ 25-Dec တိုင်းကလေ . . ဟဲဟဲ . .ပြောပြဘူး . .
မဂျက်ရေ...
တလောကမအားလို့ မဖတ်ရသေးတဲ့ ပို့စ်အသစ်ကြွေးတွေလာရှင်းတာ
တောင်ကြီးကိုရောက်ဖူးချင်လိုက်တာ.
Merry X'mas!
Camomilla
Merry X-mas & Happy New Year to ကတ်စမင်း !
ပျော်ရွှင်စရာ ခရစ်စမတ် ဖြစ်ပါစေ ညီမ ရေ
တောင်ကြီးဆောင်းချမ်းချမ်းမှာ၊
ပျော်ရွှင်ချမ်းမြေ့ ပါစေ။
ညီမလေးရေ...။
ပျော်စရာ ခရစ်စမတ်ကလေးဖြစ်ပါစေ။
ဖြစ်ချင်တာတွေ ဖြစ်ပါစေ။
အားလုံးအဆင်ပြေပါစေ။
မားမား မုန်လာထုတ် သီချင်းတဲ့ နင့်အတွက် ယောက်ခမအတွက် လာလာကြည့် နအကြောင်းတိမယ်
ခရီးထွက်ရတာ မကြိုက်ဖူးတဲ့ အံ့ရော အံ့ရော........... :P
တောင်ကြီးကို လည်လည်လာရင် ၀ါးတီး ဖွင့်ဖို့  တစ်အိမ်တိုးဘီ။ ဟီဟိ :D
ညီမရေ
ပျော်ရွှင်ဖွယ် ခရစ္စမတ်ဖြစ်ပါစေနော်..
ဒီချိန်ဆို တောင်ကြီးမှာလည်း ခရစ္စမတ်တေးသံလေးတွေ ဝေနေရောပေါ့..
မနက်ခင်း နှင်းလေးတွေ ခပ်မှုန်မှုန်ကျနေလောက်ပါပြီ။
ရွှင်လန်းသော နေ့ရက်တွေကို ပိုင်ဆိုင်ပါစေနော်..
တောင်ကြီးရယ်၊ ကိုယ်နေခဲ့တဲ့နေရာလေးတွေအကြောင်းရယ်၊ ခရစ်စမတ်ရယ် အကြောင်းတွေကို ရေးတတ်သလိုရေးပါ။ ကိုယ်ပြောချင်တာရေးနိုင်ရင် တော်ပါပြီမဂျပ်စမင်။ ကျွန်တော်က တောင်ကြီးကို မရောက်ဖူးဘူး။ စိတ်ကူးနဲ့တော့သွားချင်မိတယ်။ ဆောင်းရယ်၊ နှင်းရယ်၊ ခရစ်စမတ်ရယ်၊ တောင်ကြီးရယ်၊ ငယ်ဘ၀တွေရယ်၊ ရေးကြည့်ပါဗျာ။ လှလိုက်မယ့်ပို့စ်။
လာဖတ်သွားတယ် အစ်မ Jas ရေ အစ်မရဲ့ စိတ်ကူးလေးကလှတယ်။ ဆန္ဒနဲ့ဘဝ တစ်ထပ်ထဲကျပါစေလို့ ကျွန်တော် 8Yar မှ ဆုမွန်ချွေပါတယ်ခင်ဗျာ။
Post a Comment