ဟန်လုပ်ပြီး ဘာမှမရေးပါဘူး
ကဗျာ တကြောင်း
ခံစားချက်ပေါင်းမနဲတော့
မျက်ရည်တွေ စုပေါင်းပြီး
နှလုံးသားတွေကိုလဲ
အရောင်းဆိုင်မပို့နိုင်ခဲ့ဘူး
ကဗျာတပုဒ်အတွက်
စိုက်ထုတ်ရတဲ့ အရင်းအနှီး
ပန်းတွေကြွေလဲ ကဗျာ
အနမ်းတွေဝေလဲ ကဗျာ
စမ်းရေစီးလဲ ကဗျာ
အလွမ်းတေးတွေထဲ ကဗျာ
ချမ်းအေးခဲ့ရင်လဲ ကဗျာ
အလှမ်းဝေးခဲ့ရင်လဲ ကဗျာ
အတွေးပေါင်း
တစ်သိန်းခြောက်သောင်းနဲ့
အဆွေးတွေ အထပ်ထပ်
ရင်ခြင်းကပ်မရတဲ့ဘ၀မှာလဲ ကဗျာ
ကြင်သူဝေးပြီးဖော်မစုံ
ဖြစ်နေရတဲ့ ဘဝ
အတွက်လဲ ကဗျာ
ခံစားချက်တွေရှိနေတဲ့
လူသားများ အားလုံး
ကဗျာကို မြတ်နိုးတွယ်တာနိုင်ပါစေ ။
စံပယ်ချို
28 comments:
ကဗျာတွေကို ချစ်တတ်တဲ့သူတစ်ယောက် ချစ်ဖို့ကောင်းတဲ့ ကဗျာလေးကို လာဖတ်သွားပါတယ်.. ပျော်ရွှင်ပါစေ
ခင်တဲ့... Snow
သိပ်ခံစားလွယ်တဲ့ လူတစ်ယောက် ကဗျာလေးလာဖတ်သွားပါတယ်....မကြီးဂျက်ရေ......
စံပယ် တဆုပ်နဲ့
ဟန်လုပ်ပြီး ဘာမှမရေးပါဘူး
ကဗျာ တကြောင်း ကဗျာလေးကိုကြိုက်ပါတယ်...
စံပယ်တစ်ဆုပ်နဲ့ ဟန်မလုပ်၊
အမှန်ကောင်းတဲ့ ကဗျာအကြောင်း၊
ရှယ်စပ်ဆိုတဲ့ မဂျက်စ်ကို
အားပေးသွားပါတယ် ခင်ဗျာ :)
ကဗျာဆိုချစ်ပြီသာမမ
ရေးချက်တွေလန်းတယ်ဗျို့
ကဗျာဆို
နှစ်ခါမကြိုအောင်နှစ်ခြိုက်လေတော့
အသာကို အထာမပိုပဲ စွဲမိပါ၏
ကဗျာ ကဗျာ .. ကဗျာ ဆို တာ ချစ် ဖို့ကောင်းပါတယ်
ကဗျာလေးအရမ်းကောင်းတယ်ဗျာ။.ဖတ်သွားပါသည်..
မမjasmine cho
ထပ်တူပဲ မဂျက်ရေ။ ကဗျာကတော့ ထွက်ပေါက်လေးတစ်ခုပါပဲ။ :)
ကောင်းလိုက်တဲ့ ကဗျာလေးပါပဲ..း)
ကဗျာ ကို ကဗျာနဲ့ ကဗျာဆန်အောင် ရေးသွားတာပါလားးးး
ကဗျာ တွေ ကို ထပ်တူ ချစ်တက် ပါ .... တယ် ...
“မြတ်နိုးသူသာ ကိုယ်ဖြစ်ပါရစေ”
ဒီကဗျာလေး အရမ်းချစ်ဖို့ကောင်းတယ် ဂျက်ရေ ....
ကဗျာ လေးလာခံစားသွားတယ်နော်..း)
ကဗျာ ချစ်သူကလဲ အရာရာမြင်သမျှကဗျာ
စာချစ်သူကလဲ အရာရာမြင်သမျှ စာ
ခံစားတတ်တဲ့ရင်ဘတ်ချင်းတူသူမို့ အားပေးသွားတယ်မမစံပယ်ရေ
ချစ်တဲ့
ဒိုးကန်
ကဗျာဆိုတာ ဘာသာစကားရဲ့ အညွန့်အဖူး မဟုတ်လား ဂျက်ရဲ့...တစ်ခုတော့ ရှိသပေါ့လေ...ဆီဦးတောပတ်ဆိုတာမျိုးဟာ အရသာရှိလွန်းပြန်တော့လည်း ငါးပိစားတဲ့ ပါးစပ်မျိုးနဲ့ကျတော့လည်း ခံတွင်းဘယ်လိုက်ချင်ပါ့မလဲလေ...ဒါပေမယ့် စာပေကို မြတ်နိုးသူတိုင်း ကဗျာတွေကိုလည်း ချစ်စေချင်တာကတော့ တကယ့်ဆန္ဒမှန်ပါပဲ...
မဂျက်ရေ... အားရင် ဘလော့ဂ်အသစ်ကပုံလေးတွေလာကြည့်အုံးနော်
ကဗျာချစ်သူအတွက်တော့ အရာရာဟာ ကဗျာဆန်နေပါရဲ့
မောင်ဘကြိုင်
ကဗျာတွေဖတ်...စာကြွေးတွေဖတ်လို့
အလည်ေ၇ာက်ခဲ့ပါတယ်။
ေ၇ာက်ရှိနေရာမှာအဆင်ပြေပါစေစပါယ်ချို
ကဗျာတွေနဲ့ အိမ်မက်ဆက်မက်နေချင်တယ်
မဂျက်ရေ .....
ကျွန်နော့်အတွက်တော့ ကဗျာဆိုတာ
ငြိမ့်ညောင်းညင်သာစွာနဲ့  ရင်တွင်းမှာ အလျားလိုက်စီးဆင်းနေတဲ့ 
ငြိမ်းချမ်းရေးမြစ်တစင်းပမာ
ခင်တဲ့
မိုးသူ(တောင်ကြီး)
ကဗျာဆိုတာ နူးညံ့တဲ့ နှလုံးသားမှာ အခြေပြု ပြီးမှ ပေါက်ဖွားလာသတဲ့ ..
ချစ်တဲ့
ဝသုန်
ခံစားချက်ရှိတိုင်း ကဗျာတွေဖြစ်နေတာပဲနော်
ကဗျာထဲမှာပြောတဲ့ ကဗျာ့ အကြောင်းက လှလွန်းတယ် ..။
ဒီကဗျာဆိုတဲ့ ကဗျာလေး ကြိုက်တယ်ဗျာ။ ရင်ထဲကိုတည့်ထိတယ်။ အရေးအဖွဲ့လေးလည်း လှတယ်။
မမရေ
ကဗျာရေးရတာ တကယ်မလွယ်တာနော်။
မမအရမ်းတော်တယ်သိလား။ အရမ်းလည်းအားကျတယ်။
ကဗျာကိုရေးတာဝါသနာပါတယ်
ရေးလည်းရေးတယ် သူငယ်ချင်းကိုတော့မမှီဘူး
မိုက်တယ်ကြ်ုးစား
ကဗျာတွေရေးနေကြပါ
မမလောက်တော့မရဘူး
မိုက်တယ်ကြိုးစားပါအားပေးနေမယ်
Post a Comment