ခေါင်းတစ်ခြမ်းထဲ
တဆစ်ဆစ်ကိုက်နေတယ်
ရင်ဘတ်တခြမ်းလဲ
အမြစ်ကမကျန်အောင်နုတ်ယူခြင်းခံ လိုက်ရတယ်
အဲဒီမှာ ငါ့နှလုံးသားပါသွားတယ်
သိပေမယ့်လဲ
ပြန်ယူလို့မရခဲ့ဘူး
ကျန်နေတဲ့ ရင်ဘတ်တခြမ်းလဲ
လုံးပါးပါးနေလေရဲ့ကွယ်
ဒဏ်ရာတွေပြည့်နေတဲ့
နှလုံးသားကို
တောင်ပံဖြန့်နေတဲ့ငှက်တွေနဲ့
ထဲ့ပေးလိုက်ချင်တယ်
ဘ၀ လမ်းတွေကလဲ
ကြမ်းလိုက်တာ
ဒီနွေ လေတွေကလဲကြမ်း
အလွမ်း တွေကလဲကြမ်း
တမ်းတစရာ ဘာမှမကောင်းဘူး
အဖြတ်ခံရတဲ့ အချစ်သစ်ပင်
အသတ်ခံရတဲ့သံယောဇဉ်
အမှတ်မရှိတဲ့ အသည်း
အခေါက်ခေါက်ကွဲရတာမဆန်းဘူးနော်
အတိတ်အကြောင်းတွေ
ငိုက်မြည်း ကာမစဉ်းစားချင်ဘူး
အကြိုက်တီးခဲ့ဘဝ
ပုံပြင်သာမှတ်လိုက်ပါတော့
ဖြူစင်ခြင်းဆွဲအားတွေသုံးခဲ့လဲ
လမ်းကြောင်းတွေကလွှဲကာသွားတော့
အဟောင်း အဟောင်းတွေကို
အခါ သိန်းသောင်းမက
မပြောတော့ပါ
အခု ဘ၀ သစ်မှာ
ချစ်သူ နင် ဘယ်လိုများလဲ ???
jasmine cho
22 comments:
ဘ၀သစ်ကချစ်သူတဲ့လားမမရေ
ကဗျာလေးခံစားသွားပါတယ်
လေးကြောင်းမြောက်က “အမြစ်မကျန်...” လို့ပြောတာထင်တယ်း)
ဖတ်ရှုခံစားသွားပါတယ်
ခင်မင်တဲ့
ကဗျာလေးကို ကိုယ်တိုင်ခံစားသွားပါတယ်သူငယ်ချင်းရေ...
သူအဆင်ပြေမှာပါ မမ :D
ဒီနွေ လေတွေကလည်းကြမ်း.. အလွမ်းတွေကလည်းကြမ်း ဆိုတဲ့ စကားလုံးကို အကြိုက်ဆုံးပဲ.မမရေ :)
သူငယ်ချင်းရေ ခံစားတက်လိုသာ အလွမ်းဓါတ်ခံရှိလိုလွမ်းရမယ်ဆိုရင် လောကလူသာများက အလွမ်းသမာများဖြစ်ကုန်တာပေါ့
" ဖြူစင်ခြင်းဆွဲအားတွေသုံးခဲ့လဲ" ဆိုတာရယ် နောက်ဆုံး " အခုဘ၀သစ်မှာ ချစ်သူ နင် ဘယ်လိုများလဲ " ဆိုတာ ကို အကြိုက်ဆုံးဘဲ.....ဂွတ်တယ် မကြီးဂျက်........
အမှတ်မရှိတဲ့ အသည်းဆိုမှာတော့
အခေါက်ခေါက်ကွဲတာ ဘာဆန်းပါ့တော့မလဲလေ။
ဘ၀သစ်ကချစ်သူတဲ့
ကဗျာလေးကရင်ထဲစွဲသွားတယ်.......
ကဗျာကောင်းလေး လာဖတ်သွားပါတယ် ...
ကဗျာလေးအရမ်းလန်းတယ်မမရေ
ကဗျာလေးဖတ်သွားပါတယ်နော်
တစ်မျိုးလေးနဲ့ထိသွားတယ်
ကြိုက်တယ်
အမှတ်မရှိတဲ့ အသည်းဆိုမှာတော့
အခေါက်ခေါက်ကွဲတာ တကယ်မဆန်းပါဘူး
အစ်မရေ
ကဗျာလေး ဖတ်သွားတယ်။
နှစ်သက်မိတယ်။
ခင်လျက်
မြတ်
လွမ်းနေဆဲပါဘဲ
အမှတ်မရှိတဲ့အသည်း..ကွဲတာပဲကောင်းပါတယ်...သီချင်းပြောတာနော်
အမှတ်မရှိတဲ့အသဲ အခေါက်ခေါက် ကွဲရတာ မဆန်းဘူးနော်တဲ့.. စကားလုံးလေးတွေ အရမ်းလှတယ်ဗျာ...
စကားမစပ်.. ဒီဇိုင်းသစ်လေး မိုက်တယ်..
ဘ၀ လမ်းတွေကလဲ
ကြမ်းလိုက်တာ
ဒီနွေ လေတွေကလဲကြမ်း
အလွမ်း တွေကလဲကြမ်း
တမ်းတစရာ ဘာမှမကောင်းဘူး
ကဗျာလေးကလှတယ်နော်
ကြိုက်၏ ..
မိုးသူမွေးနေ့ ကိုစုတောင်းပေးသွားတဲ့ 
မဂျက် ကို ကျေးဇူးအများကြီးတင်ပါတယ်နော်
ခင်တဲ့ 
မိုးသူ(တောင်ကြီး)
အမှတ်မရှိတဲ့ အသည်း
အခေါက်ခေါက်ကွဲရတာမဆန်းဘူးနော်
...အင်....အင်....
အဟောင်း အဟောင်းတွေကို
အခါ သိန်းသောင်းမက
မပြောတော့ပါ..
ဟုတ်တယ် အိမ်မက်လဲ ပြောတော့ဘူးး))
မမဂျက်စ်က ကဗျာတွေ အများကြီးရေးလဲ မထပ်ဖူးနော် တော်လိုက်တာ..
အကြောင်းအရာနဲ့ ခေါင်းစဉ်လေးတွေ အမြဲတမ်းသစ်နေတာ.
နွေကြမ်းကြမ်း၊ လေကြမ်းကြမ်းမှာ ဘဝတွေက အခါခါကွဲကြေ နေခဲ့ပုံပါပဲ..၊ ဒါတောင် ရင်ဘတ်က တခြမ်းထဲ ပါသွားလို့နော်..၊ အမှတ်မရှိပုံ များတော့..၊း)
Nice Poem ^_^ Like This
Post a Comment