အရွယ်ငယ်ငယ်
မလည်မ၀ယ် အချိန်တွေမှာ
မှားယွင်းတဲ့ ရင်ခုန်သံ
ရူးနှမ်းတဲ့ စိတ်ကူး
သိပ်ကိုထူးခြားနေသလားရယ်လို့
စိတ်တွေ ကစား
လမ်းတွေမှားခဲ့လဲ
မမြင်နိုင်တဲ့ အနာဂတ်ကိုတော့
ကောင်းခြင်းတွေ သယ်ဆောင်လိုပါ၏ ။
အသက်အရွယ်နဲ့
အသိတွေက
မသွားရတဲ့နေရာမရှိ
မသွားသင့်တဲ့နေရာရှိ၏ ။
မလုပ်တတ်(မလုပ်ဖူး)တဲ့ အရာမရှိလဲ
မလုပ်သင့်တာ မလုပ်မိစေဖို့လို၏ ။
တိုတောင်းတဲ့ ဘ၀တွေ
vodka lime တစ်ခွက်နဲ့ ကျေနပ်စေခဲ့တယ်
ပြီတော့ ************ချစ်သူနုတ်ဖျား
ချစ်ခြင်းစကားတွေ
ခဏ ခဏ ကြားချင်နေမိတယ်
ချစ်ရသူ နှလုံးသား
အမုန်းစကား
နောက်ဆုံးထွက်သက်ထိ
ပိတ်ထားပေးပါ
နားထောင်ရန် အင်အားမရှိတော့လို့ပါ ။
ညတာတွေအမြဲရှည်ပါစေတော့
မင်းအကြောင်းအိပ်မက်တွေ
ညတိုင်း ညတိုင်း တောက်ပနေလေရဲ့ ။
အချစ်ဦးလဲ မဟုတ်ခဲ့ပါ
ဒါပေမယ့်လဲ အရူးတစ်ပိုင်း
မဖြစ်ဘူးဆိုရုံလေး
ရင်ဘတ်ထဲ အချစ်ဆူးတွေ
နှင်းဆီဆူးလို
လွယ်လွယ် ဆွဲနုတ်မရ ။
ဘာကြောင့်ချစ်ခဲ့တာလဲ?????
ချစ်ရတဲ့ အကြေင်းပြချက်မရှိဘူးနော်
အချစ်ကိုချစ်လို့ချစ်တာပါပဲ
သံယောဇဉ်တွေ
တနင့် တပိုးနဲ့
ကမ္ဘာပျက်စေဦးတော့
ဆက်၍ချစ်နေမှာပါ ။
မျက်လုံးလေးမပိတ်ပါရစေနဲ့
ခေါင်လေးလဲမမော့ချင်ဘူး
အဲဒီ အနမ်း
နောက်ဆုံးဖြစ်မှာစိုးလို့ပါကွယ်။
jasmine
21 comments:
ကိုထီးရဲ့ နှုတ်ဆက်ခြင်းသီချင်းလေးတွေ့လိုက်တော့ မျက်လုံးတောင်ပြူးသွားတယ်.။ ကောင်းလှချည်လားအစ်မ.။
သင်ပေးပါဦး..။
အချစ်ဦးလည်း မဟုတ်ခဲ့ပါ
ဒါပေမယ် လည်းအရူးတစ်ပိုင်း
မဖြစ်ဘူးဆိုရုံလေး ဆိုတဲ့နေရာလေးကို သိပ်သဘောကျတယ်.။
မမရေ ကဗျာလေးကကောင်းလိုက်တာ...
ခံစားမိပါတယ်.... သူသိမသိတော့မသိဘူး ဟဲဟဲ
လမင်းသိသွားပါပြီ...:)
ညတာတွေ အမြဲရှည်ပါစေတဲ့ ဟိ ဟိ :)
တူတို့ ခြစ်ကြတာ ပျော်စရာကြီးတော့ ...
ရင်ထဲမှာစွဲမှတ်သွားတယ်နော် ကဗျာလေးကို..
wowwww.........မိုက်တယ်.. ကဗျာလေးက
ချစ်တဲ့
Candy
ကဗျာလေးအားပေးသွားတယ် ဂျက်ရေ။
စစ်မှန်တဲ့မေတ္တာမှာတူညီရောင်ပြန်ဟပ်မှုရှိပါတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
မမရေ.ချစ်စရာကောင်းတဲ့ ကဗျာလေး လာရောက်ခံစားသွားတယ်.. အဲလိုမျိုးလေးတွေ ရေးတတ်ချင်တာ.. :)
ကဗျာလေး ပိုလှလာတယ်...အပေါ်ပိုင်းက လွတ်လပ်ကာရန်ဆန်ဆန်လေးတွေကို ပိုအားရတယ်...လောလောဆယ်တော့ အလုပ်များနေလို့ ကျကျနန မဝေဖန်ခဲ့နိုင်တာ ခွင့်လွှတ်ပါဦး ဂျက်ရေ...
ညီမလေးက အဲ့သလောက်တောင် ချစ်တာလား .... ကဗျာလေးကို ခံစားသွားပါတယ်ကွယ် ...
ဂျက်တို့ ကတော့ သိပ်ချစ်တတ်တာပဲ။ ဒို့ ဆို အချစ်အကြောင်း ရေးမချတာ၊ မစဉ်းစားတာ ကြာပေါ့။ ဟီးဟီး
ဘိုင်သဝေး ကဗျာလေး ကောင်းတယ်။
မဂျက်ရေ .. ကဗျာလေးအရမ်းကောင်းတယ်..
ခံစားသွားပါတယ်..
camomilla
ဝေး ဘရာဗို မမဂျက်စ်... မိုက်တယ် ဒီကဗျာလေး.. ခုတလော အိမ်မက်လဲ မမဂျက်စ်ကို အားကျလားမသိ ကဗျာတွေပဲ ရေးချင်တဲ့စိတ်တွေ ပေါ် ပေါ်နေတယ်..
အိမ်မက်စေရာ
မကြီးဂျက်ရေ....ကဗျာလေး ကောင်းလိုက်တာ.....အရေးအသားကတော့ လင်ရော မယားရောကို ပြောစရာမလိုအောင်ကောင်းလိုက်ကြတာ...အားကျပါ၏....
ကဗျာတွေကတော့ ကောင်းမြဲ ကောင်းလျက် ကောင်းနေဆဲပါပဲ။
မရောက်တာ ကြာလို့ အလည်လာရင်း ဖတ်သွားပါ၏။
ကဗျာရေးတဲ့နေရာမှာ
အစ်မဂျက်က ဂုရုကြီးပဲ
မိုက်တယ်ဗျာ
စာသားလေးတွေ ရင်ထဲဝင်တယ်
အောက်ဆုံးကရေရင် တတိယအပိုဒ်လေး
သူကသိပ်သိတာပေါ့တဲ့မမစံပယ်ရဲ့
အလုပ်တွေပိနေလို့ ဘယ်မှမရောက်နိုင်တာဒီနေ့မှထွက်လည်ရတယ်မမရေ
ချစ်တဲ့
ဒိုးကန်
မိုက်တယ်ဗျာ။ ခံစားသွားတယ်။ ဒုတိယအပိုဒ်လေးကို အကြိုက်ဆုံးပဲဗျာ။
အရမ်းကောင်းတဲ့စာသားလေးတွေဗျာအားပေးသွားပါတယ်
အမ်း ကဗျာတွေကတော့ခုထိ ကောင်းဆဲသစ်ဆဲ..မမကြီးရေ
ကဗျာမရေးတတ်တော့ ရေးတတ်သူများကို အားကျပါ့
မဂျက်ရေးတဲ့ ကဗျာတွေ က ခံစားလို့ ကောင်းတယ်
ခင်တဲ့  မိုးသူ(တောင်ကြီး)
Post a Comment