အရင်က ချစ်သူ
ခုတော့ တမူထူးခြား
သံယောဇဉ် အများအပြားနဲ့
လင်တော်မောင်ပါတဲ့ ။
ရာသီတွေပြောင်း
နှစ်များစွာဟောင်း
အပြောင်းမလဲ
ဒီရင်ခွင်
မတောင်းပဲ ရ နေတဲ့
အကြင်နာတွေ
တပွေ့တပိုက်
မေတ္တာတွေကလဲ
မြစ်ရေလို
တသွင်သွင် စီးဆင်းမြဲပါပဲ ။
ထိုးနှက်မှုကင်းတဲ့
အတွယ်အတာနဲ့
ရင်မှာ အချစ်သစ်ပင်ပျိုးကာ
တိုးပြီးရင်းတိုးတဲ့
နားလည်မှုများကို
မနက်ဖြန်ပေါင်းများစွာအတွက်
သိမ်းဆည်းထားပါ့မယ် ။
jasmine
23 comments:
အစ်မစံပယ်...ကဗျာလေးလာဖတ်သွားတယ်နော်
လာလယ်သွားတယ်နော်သူငယ်ချင်း
အဆင်ပြေတဲ့ယောက်ခမတို့ ကတော့ ရေးပါ့..ဒီကသမက်ကလေး ကွဲနေတာ ကြာပြီနော။။
အဟဲ ...အားကျတဲ့သူတွေ သရေကျအောင်ရေးနေကြတာနော်..
တကယ် ပဲ ချစ်နိုင်ကြပါပေ့ တော်....အပေါ် ကတစ်ယောက်
ကိုလည်းနည်းလမ်းလေးသင်ပေးလိုက်ကြအုံး
ကွဲနေလို့ တဲ့..ဟီးးးးး
ကဗျာလေးဖတ်သွားတယ်ဂျက်ရေ။
အိုင်အိုရာ
အချစ်သစ်ပင်ပျိုးတဲ့မမရေ ကဗျာကို တ၀ကြီးဖတ်သွားပါတယ်။
ထိုးနှက်မှုကင်းတဲ့
အတွယ်အတာနဲ့
ရင်မှာ အချစ်သစ်ပင်ပျိုးကာ
တိုးပြီးရင်းတိုးတဲ့
နားလည်မှုများကို
မနက်ဖြန်ပေါင်းများစွာအတွက် အရမ်းကြိုက်တယ်မမရေ..
သိမ်းဆည်းထားပါ့မယ် ။
အင်းလေ ..သူတို့ က သစ်ပင်တောင်စိုက်နေပြီ
ဒီမှာတော့ .... အခုမှ သစ်စေ့ပျိုးနေတုန်းပဲ .... ဗျာ ... ။
အင်းပေါ့လေ .....
သူရို့များကြတော့လည်း ပြောစရာက ရှိသကိုးဗျ
တို့အလှည့်ရောက်ခါမှ အန်တီတင့်ပြောသလို တွန်းလှည်ပေါ်ကိုပြီး လိုက်ကြွားပစ်လိုက်ဦးမယ်း)။
မဂျက်ရဲ့ ကဗျာလေးကတော့ ရှယ်ပဲဗျို့..... :)
ကောင်းလိုက်တဲ့ကဗျာလေး..
အားကျမိရင်တော့..တယ်..မလွယ်ဘူးပေဘဲး))
အင်းး
လင်တော်မောင်ရှိတဲ့သူက လင်တော်မောင် ကြွားသလို
တွန်းလှည်းရှိတဲ့သူကလဲ တွန်းလှည်းကြွားဖို့ ပြင်ဆင်နေလေပြီကော။း))))
ရင်ထဲကနေ ပွင့်ထွက်လာတဲ့
ကဗျာပေမို့ အထာပိုတယ်လို့တော့
ပြောတော့ပါဘူး..
ကဗျာတိုပေမယ့် ကောင်းလိုက်တာ လွန်ပါရော...
စပါယ်မှာတော့ကြွားဖို့၇ှိတယ်နော..
နှင်းဆီမှာ၇ှိဘူးလေ....ဟီး....
အံမယ်မင်း ချစ်လို့ရယ်တဲ့ မကုန်...၀သုန်ဤမြေ အသိသက်သေ...တည်စေ တိုင်တည်လှချေလား ဂျက်ရေ...စိန်လွင်ပြင်တစ်ယောက် အနှီလောက် ချစ်တဲ့ ဇနီးမယားနဲ့ ကြီးပွားနေတာ ဂုဏ်ယူပါသဗျား... ဟိုတစ်ယောက်က ဘာပြန်ရေးဦးမယ်မသိဘူး...စောင့်ရလှ သုံးရက်လောက်ပါ့း)
ဒီလိုကဗျာလေးကို ဖတ်ရတာ ကြည်နူးစရာ ..
( အားကျမှု၊ သဘောကျမှုနဲ့အတူ ကိုယ်သာဆို ဖြစ်နိုင်ပါ့မလားလို့လည်း တွေးမိတာ အကြိမ်ကြိမ် )
ခင်လျက်
မြတ်
အိပ်မက်လေးရေ သစ်ပင်လေးလာရောက်ခံစားသွားပါတယ်
အပြန်အလှန်ကို ရေးနေကြပါလား။ ကောင်းပါ၏
တိုက်ဆိုင်မှုတွေကြောင့် ကြည်နူးခံစားသွားပါသည်။
တစ်ချိန်က ချစ်သူ
အခုတော့ လင်တော်မောင်.ဆိုတော့
ချစ်တဲ့ သူနဲ့ ယူရလို့ တကယ်ကံကောင်းပါတယ်။
ချစ်တိုင်းလဲမညား တဲ့ ခေတ်ကြီးမှာ
ဂျက်တယောက်တကယ်ကံကောင်းပါတယ်..း)
ကဗျာပန်းခင်းကို ကိုယ်တိုင်စိုက်ပျိုးပြီး ပိုင်ဆိုင်ကြတဲ့ စုံတွဲလေး ကို အားကျတယ်ကွယ်
ကူးလို့ရမလားကဗျာလေးကကြိုက်တယ်
Post a Comment