မိုးတွေပြိုတော့မယ်
ငိုနေတဲ့ နှလုံးသား
ထပ်ဖျားမှာစိုးမိလို့
ကောင်းကင်အောက်
လမ်းလျှောက်မထွက်မိအောင်
အနိုင်နိုင်ထိန်းရင်း
မျက်ရည်မိုးအဖြစ်သာ
နှလုံးသားကို စို စေလိုက်မယ် ။
ပန်းတွေကြွေတော့မယ်
အလွမ်းတွေခင်းကျင်းပြီး
မြေမခစေပဲ
နွမ်းခြောက်ပေမယ့်
သံသရာတလျှောက်
မြတ်နိုးနမ်းရှိုက်မှာမို့
နှလုံးသားအခန်းတနေရာမှာ
ထုပ်ပိုးသိမ်းထားလိုက်တော့မယ် ။
ဆောင်းညရှည်မှာ
အိပ်မက်ဆိုးတွေ တိုးတိုးပြီးမက်လဲ
ဇာတ်သိမ်းအိပ်မက်ဆိုးမှာ
နင့်ကိုများတွေ့ရမလားဆိုတဲ့
အတွေးမျိုးနဲ့
မြေပြင်မှာ ကြယ် တွေငါပျိုးနေမိတယ် ။
ဝေးနေတဲ့ အချိန်တိုင်း
နင်နဲ့ ပတ်သက်သမျှ
ချချရေး မှတ်တဲ့ ဒိုင်ယာယီစာအုပ်လေးရယ်
သံချေးတက်ပေမယ့် အသံမအက်သေးတဲ့
ဂစ်တာကြိုးပေါ်က တေးသွားလေးတွေရယ်
ပြုံးလိုက်ရင်
အမုန်းပွားတဲ့သူတောင် ငေးယူရတဲ့
ပါးချိုင့်လေးထဲ အဖီထိုးပြီး
ကဗျာရေးချင်နေတဲ့ ငါ့စိတ်ကူးတွေရယ်
သတိရစရာဆိုတာ
အလွမ်းဆိုရင်
ဘယ်လောက်ပန်းပန်း
ငါထမ်းထားရင်း
နင်ရှိမယ့် အရပ်ဆီ လျှောက်လှမ်းခဲ့ပါ့မယ် ။
ငိုနေတဲ့ နှလုံးသား
ထပ်ဖျားမှာစိုးမိလို့
ကောင်းကင်အောက်
လမ်းလျှောက်မထွက်မိအောင်
အနိုင်နိုင်ထိန်းရင်း
မျက်ရည်မိုးအဖြစ်သာ
နှလုံးသားကို စို စေလိုက်မယ် ။
ပန်းတွေကြွေတော့မယ်
အလွမ်းတွေခင်းကျင်းပြီး
မြေမခစေပဲ
နွမ်းခြောက်ပေမယ့်
သံသရာတလျှောက်
မြတ်နိုးနမ်းရှိုက်မှာမို့
နှလုံးသားအခန်းတနေရာမှာ
ထုပ်ပိုးသိမ်းထားလိုက်တော့မယ် ။
ဆောင်းညရှည်မှာ
အိပ်မက်ဆိုးတွေ တိုးတိုးပြီးမက်လဲ
ဇာတ်သိမ်းအိပ်မက်ဆိုးမှာ
နင့်ကိုများတွေ့ရမလားဆိုတဲ့
အတွေးမျိုးနဲ့
မြေပြင်မှာ ကြယ် တွေငါပျိုးနေမိတယ် ။
ဝေးနေတဲ့ အချိန်တိုင်း
နင်နဲ့ ပတ်သက်သမျှ
ချချရေး မှတ်တဲ့ ဒိုင်ယာယီစာအုပ်လေးရယ်
သံချေးတက်ပေမယ့် အသံမအက်သေးတဲ့
ဂစ်တာကြိုးပေါ်က တေးသွားလေးတွေရယ်
ပြုံးလိုက်ရင်
အမုန်းပွားတဲ့သူတောင် ငေးယူရတဲ့
ပါးချိုင့်လေးထဲ အဖီထိုးပြီး
ကဗျာရေးချင်နေတဲ့ ငါ့စိတ်ကူးတွေရယ်
သတိရစရာဆိုတာ
အလွမ်းဆိုရင်
ဘယ်လောက်ပန်းပန်း
ငါထမ်းထားရင်း
နင်ရှိမယ့် အရပ်ဆီ လျှောက်လှမ်းခဲ့ပါ့မယ် ။
jasmine
31 comments:
သတိရစရာဆိုတာ
အလွမ်းဆိုရင်
ဘယ်လောက်ပန်းပန်း
ငါထမ်းထားရင်း
နင်ရှိမယ့် အရပ်ဆီ လျှောက်လှမ်းခဲ့ပါ့မယ် ။း)
ပါးချိုင့်လေးထဲ အဖီထိုးပြီး
ကဗျာရေးဦးမှာလားအမစံပယ်....
အွန်း ..သူတို့ကြီးပဲချစ်နေကြတာ ..
များလဲ ဂျစ်ချင်လာပြီတွာ..
ဒုတိယအပိုဒ်ကလေးကို အကြိုက်ဆုံးပဲ
ပန်းတွေကြွေတော့မယ်
အလွမ်းတွေခင်းကျင်းပြီး
မြေမခစေပဲ
နွမ်းခြောက်ပေမယ့်
မြတ်နိုးနမ်းရှို့က်မှာမို့
နှလုံးသားအခန်းက တစ်နေရာမှာ
ထုပ်ပိုးသိမ်းထားလိုက်တော့မယ်...
ဘယ်သူကပေးတာလဲမမရေ..
အားကျတယ် :P
နင်နဲ့ ပတ်သက်သမျှ
ချချရေး မှတ်တဲ့ ဒိုင်ယာယီစာအုပ်လေးရယ်
သံချေးတက်ပေမယ့် အသံမအက်သေးတဲ့
ဂစ်တာကြိုးပေါ်က တေးသွားလေးတွေရယ်
ပြုံးလိုက်ရင်........
ကဗျာလှလှပပလေးတွေခံစားသွားပါတယ် မဂျက်ရေ
ခင်တဲ့
မိုးသူ(တောင်ကြီး)
နင်နဲ့ ပတ်သက်သမျှ
ချချရေး မှတ်တဲ့ ဒိုင်ယာယီစာအုပ်လေးရယ်
သံချေးတက်ပေမယ့် အသံမအက်သေးတဲ့
ဂစ်တာကြိုးပေါ်က တေးသွားလေးတွေရယ်
ပြုံးလိုက်ရင်
ကဗျာအနုအလှလေးတွေ
လာရောက်ခံစားသွားပါတယ် မဂျက်ရေ
ခင်တဲ့
မိုးသူ(တောင်ကြီး)
ကဗျာလေးကောင်းလိုက်တာ အစ်မရေ ...
တစ်ပုဒ်လုံးကောင်းပါတယ်။ အကြိုက်ဆုံးစာပိုဒ်လေးကတော့ ...
ဝေးနေတဲ့ အချိန်တိုင်း
နင်နဲ့ ပတ်သက်သမျှ
ချချရေး မှတ်တဲ့ ဒိုင်ယာယီစာအုပ်လေးရယ်
သံချေးတက်ပေမယ့် အသံမအက်သေးတဲ့
ဂစ်တာကြိုးပေါ်က တေးသွားလေးတွေရယ်
ပြုံးလိုက်ရင်
အမုန်းပွားတဲ့သူတောင် ငေးယူရတဲ့
ပါးချိုင့်လေးထဲ အဖီထိုးပြီး
ကဗျာရေးချင်နေတဲ့ ငါ့စိတ်ကူးတွေရယ်
နင့်ကိုများတွေ့ရမလားဆိုတဲ့
အတွေးမျိုးနဲ့
မြေပြင်မှာ ကြယ် တွေငါပျိုးနေမိတယ် ။...
မိုက်လှချည်လားမမရေ...ဟတ်ထိတယ်ဗျို့...:)
သတိရစရာဆိုတာ
အလွမ်းဆိုရင်
ဘယ်လောက်ပန်းပန်း
ငါထမ်းထားရင်း
နင်ရှိမယ့် အရပ်ဆီ လျှောက်လှမ်းခဲ့ပါ့မယ် ။
ချစ်သူပေးသော ကဗျာလေး လှတယ်
jas ရေ
ကောင်းလိုက်တဲ့ကဗျာလေးပါလားနော်..
တခါတည်းကို ရင်ထဲဝင်သွားတာပါဘဲ
ကော်ပီ ယူထားပါရစေနာ်..
မြေပြင်မှာ ကြယ် တွေငါပျိုးနေမိတယ်
ပါးချိုင့်လေးထဲ အဖီထိုးပြီး
သတိရစရာဆိုတာ
အလွမ်းဆိုရင်
ဘယ်လောက်ပန်းပန်း
ငါထမ်းထားရင်း
အဲဒီစကားလုံးတွေအရမ်းလှတယ်
မိုးညချမ်း has left a new comment on your post "ဘုရားသခင်ရဲ့ လက်ဆောင်":
ဘုရားပေးတဲ့ဆုလာဒ်အတွက် အပြန်အလှန်ရေးဖွဲ့ထားကြတာ အားကျစရာကောင်းလိုက်တာ မမရေ ... :)
မိုးညရေ ကွန်မက်က မေလ်းထဲဝင်သွားလို့ပြန်တင်ပေးထားတာပါ။
ဌဲ..ဌဲ သိတယ်နေဒီအိမ်ကတော့ ရှယ်ပဲ..
လာသိမ်းရင် ကောင်းမယ်....ယားလို့ တောင်မကုတ်အားပါဘူး ကွယ်( အိပ်နေလို့ လေ )..လိပ်စာလေး
ထားခဲ့မယ်ကွယ်..
sai myint tun
1371 xenia st , apt 202
Denver ,CO 80220 , U . S .A
PHONE ..720 775 2486
အကူညီလိုရင် ပြောနော်...အားမနာနဲ့ 
( လက်ဖက် မပါလာရင်တော့ သိမယ်..ဟွင်း ဟွင်း )
ကဗျာလေးကကောင်းလွန်းလို့ ၂ ခါပြန်တာတောင် ကြိုက်လွန်းလို့ Notepad နဲ့ သိမ်းပြီးဆေ့ ထားတယ် အစ်မဂျက်..။
သံသရာတလျှောက်
မြတ်နိုးနမ်းရှိုက်မှာမို့ ..
ရင်ထဲထိလိုက်တာ..
( စကားမစပ်.. မြတ်ဆီမှာ ကဗျာလေး လာဖတ်ပြီး ကော်မန့်ချန်သွားတာ ကျေးဇူးပါနော်.။ မြတ်က ကဗျာရေးမကောင်းသူမို့ စံပယ့်ကဗျာတွေကို အမြဲ သဘောကျ၊ အားကျနေရတာ )
ခင်တဲ့
မြတ်
မိုးတွေပြိုတော့မယ်
ငိုနေတဲ့ နှလုံးသား
ထပ်ဖျားမှာစိုးမိလို့
ကောင်းကင်အောက်
လမ်းလျှောက်မထွက်မိအောင်
အနိုင်နိုင်ထိန်းရင်း
မျက်ရည်မိုးအဖြစ်သာ
နှလုံးသားကို စို စေလိုက်မယ် ။
“အဲလိုခဏခဏအစိုခံရလို့ အအေးတောင်မိနေပြီ မစံပယ်ရေ” :)
ခံစားချက်နဲ့တစ်ထပ်တည်းကျတယ်။
Hi, very Interesting blog you have here... It would be my pleasure if you visit my website too. Here's the link http://ads.com.mm/?cid=4fe2db67e4b0d19a0f5e0b1e&utm_campaign=ads_mm_lb_blog_riche&utm_source=ads_lb_blog&utm_medium=lb_blog
ချစ်သူပေးတဲ့ကဗျာတွေ အများကြီးထပ်ရပါစေ
ကြိုက်တယ်ကဗျာ
မိုက်တယ်
ဆုံဆည်းရာသို့ အရောက်လှမ်းမယ့် ခြေလှမ်းတွေမှာ အလွမ်းကိုထမ်းပြီး အားသစ်တွေဖျန်းထားတာ တွေ့နေမိပါတယ် ...
ချစ်စရာလေး
ကဗျာတွေ ကတော်တော် ကောင်းပါတယ်ဗျာ...နောက်လည်းဆက်လက်ရေးပေးပါလို.ပြောရင်းးးးး
အမ ကတော်တော်ချစ်တက်တာဘဲ
အားကျတယ်ဗျာ
နော်လည်ားတယ်နော် ဒါပေမဲ့ ခံရလို့ ဖတ်ပြီးပြန်ရုံပါဘဲနောက်ထပ်စာမရုက်နိုင်တော့ပါဘူးဘာလို့လည်းသိလား မျက်ရည်တွေပြည့်လို့မမြင်ရတော့လို့
ပန်းတွေကြွေတော့မယ်
အလွမ်းတွေခင်းကျင်းပြီး
မြေမခစေပဲ
နွမ်းခြောက်ပေမယ့်
သံသရာတလျှောက်
မြတ်နိုးနမ်းရှိုက်မှာမို့
နှလုံးသားအခန်းတနေရာမှာ
ထုပ်ပိုးသိမ်းထားလိုက်တော့မယ် ။
ကြိုက်တယ်
Post a Comment