အထာပိုတယ်ဆိုတာ
မနာလိုသူ မျက်လုံးရဲ့
ကောက်ကျစ်တဲ့ မျက်ဝန်းကြောင့်
မြင်ရတဲ့ အမြင်တစ်ခုပါ ။
မနာလိုမှုရှိနေတယ်ဆိုတာ
အရည်အချင်းကလဲ
အတင်းအဖျင်းနဲ့
ဘွဲ့ရထားသူရဲ့
သင်ခန်းစာ တချို့ပါ ။
အတင်းအဖျင်းဆိုတာ
အရင်းစိုက်စရာမလိုတဲ့
အချိန်ပေါများသူတို့ရဲ့
ပေါ့ပျက်ပျက်
အခမဲ့ ဂျာနယ်တစ်စောင်ပါ ။
အချိန်ဆိုတဲ့
သေဖို့ နီးနီးလာတဲ့
အချက်ပေး ခေါင်းလောင်သံကို
မကြားသလိုနေပြီး
အများတကာရဲ့
အတင်းအငြင်းနဲ့ အသက်ထွက်ရင်တော့
ထိုသူက အသက်ရှင် လူဖြစ်ရတာ မတန် ။
jasmine
30 comments:
အရမ်းမှန်တာပဲ.. အဓိပ္ပာယ်ရှိတဲ့ကဗျာလေးပါ
ဒါဟုတ်တယ်
ကြိုက်တယ်
ချစ်တဲ့
ညီမငယ် ဒိုးကန်
အချိန်ဆိုတဲ့
သေဖို့ နီးနီးလာတဲ့
အချက်ပေး ခေါင်းလောင်သံကို
မကြားသလိုနေပြီး
အများတကာရဲ့
အတင်းအငြင်းနဲ့ အသက်ထွက်ရင်တော့
ထိုသူက အသက်ရှင် လူဖြစ်ရတာ မတန် ။
အတင်းအဖျင်းဆိုတာ
အရင်းစိုက်စရာမလိုတဲ့
အချိန်ပေါများသူတို့ရဲ့
ပေါ့ပျက်ပျက်
အခမဲ့ ဂျာနယ်တစ်စောင်ပါ ။
ခိုင်းနှိုင်းထားပုံလေးမိုက်တယ်အစ်မစံပယ်...
ကဗျာလေးလာဖတ်သွားတယ်နော်
မဂျက်ရေ....
လူအမျိုးမျိုး
စိတ်အဖုံဖုံ
စရိုက်အထွေထွေ နဲ့ 
ရှုပ်ထွေးတဲ့လောကကြီးမှာ
နေတတ်ရင်ကျေနပ်စရာပါ ...
ကမ္ဘာကြီးကတော့ ပုံမှန်လည်ပတ်နေအုံးမှာပါပဲ ...
ခင်တဲ့
မိုးသူ(တောင်ကြီး)
ခေါင်းထဲမှာထည့်သွားပြီနော်..
အတင်းပြောတတ်သူတွေကြောင့်
ထိုးနှက်တတ်သူတွေကြောင့်
ခံနိုင်ရည်တွေပိုမြင့်တော့တဖက်ကပြန်တွေးကြည့်ရင်တော့ကျေးဇူးတင်စရာဘဲဂျက်ရေ။
အို်င်အိုရာ
ဒီနေ့ကစပြီး
သေဖို့ နီးနီးလာတဲ့
အချက်ပေး ခေါင်းလောင်သံကို
မှန်မှန်နားထောင်မယ်။
မမ လာအားပေးသွားပါတယ်။
အထာပိုတယ်ဆိုတာ
မနာလိုသူ မျက်လုံးရဲ့
ကောက်ကျစ်တဲ့ မျက်ဝန်းကြောင့်
မြင်ရတဲ့ အမြင်တစ်ခုပါ ။
မိုက်တယ်..ကဗျာလေး.. ကြိုက်၏။း)
စံပယ်ရေ။။လာရောက်အားပေးသွားတယ်။ တကယ်ကောင်းတဲ့ ကဗျာလေးပါ။
ဖတ်ရတာ အရသာ ရှိပါ့။ အလွမ်းတို့ စံပယ်တို့ (၇)ရက်သားသမီးတွေရဲ့
အလှူလည်း ပြီးမြှောက်အောင်မြင်သွားပြီဖြစ်ကြောင်း။
ဓါတ်ပုံများကိုလည်း အလွမ်း လမင်း နဲ့ ရာဇာ ဘလော့တွင် လာရောက်
ကြည့်ရှု့နိုင်ပါကြောင်း သတင်းကောင်းပေးအပ်သွားတယ်။
ခင်မင်တဲ့
အလွမ်း
အားပေးသူများကျေးကျေးပါ
အားပေးသွားပါတယ်
ကောင်းလိုက်တာဂျက်ရေ..
အဓိပ္ပါယ်ရှိတယ် ..ခေါင်းစဉ် ကလည်းပေးတတ်လိုက်တာ
ဂျက် ကဟိုရောက်ဒီရောက်ဆိုပေမယ့်..
တော်တော် အဓိပ္ပါယ်ရှိနေတယ်.
ဒါလေးကိုတော့ အတော့်ကိုသဘောကျမိတယ်ဗျာ... ကျွန်တော်လဲ တစ်မျက်နှာဝတ္ထုလိုပုံစံမျိုးတစ်ပုဒ်ဖြစ် အောင် ကြိုးစားနေတာ..ခရီးကိုမရောက်နိုင်သေးဘူးဗျာ..
အလို....အစ်မစံပယ်တစ်ယောက် ပေါက်ကွဲသံစဉ်အပြင်း
စားတွေနဲ့ပါလား....။ကဗျာလေးကမိုက်သဗျ......။
ကောင်းပါပေ့ ...
ကောင်းပါပေ့
စံပယ်ရေ.. ကဗျာလေး လာဖတ်သွားတယ်။
ခင်တဲ့
မြတ်
အဲ..ပေါက်ကွဲနေတယ်
ဝဲလာမယ် ၀ပ်နေမှးး)
လောက၏ အလိုအရ မှန်တိုင်းဆိုလို့မရပေဘူးမဟုတ်လားဗျာ အဲသည်တော့လည်း ယခုလိုလေး တိတ်တိတ်လေး တင်းကြတာပေါ့နော်း)။
လူဖြစ်ကျိုးနပ်ချင်ပါရဲ့ ဗျာ့
ဖတ်ပြီးတခုခု မဟုတ်ဖူး အတော်များများရလိုက်တယ်
လူဖြစ်ကျိုးနပ်ချင်ပါရဲ့ ဗျာ့
ဖတ်ပြီးတခုခု မဟုတ်ဖူး အတော်များများရလိုက်တယ်
လူဖြစ်ကျိုးနပ်ချင်ပါရဲ့ ဗျာ့
ဖတ်ပြီးတခုခု မဟုတ်ဖူး အတော်များများရလိုက်တယ်
အသက်ရှင်လူဖြစ်ရတာ မတန်တဲ့သူတွေ လောကကြီးထဲ များနေပါပြီ အစ်မစံပယ်ရေ...
ရင်တွင်းခံစားချက်ကဗျာလေး ပြင်းထန်နေတယ် ဂျက်ရေ။
ကဗျာလေးတွေ မဖတ်ရတာကြာပြီမို့ ကဗျာကြွေးလေးတွေ အားပေးသွားတယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ကဗျာလေးကို ရင်နဲ့ခံစားတယ် မမ..
လာဖတ်တာ နောက်ကျပေမယ့် စိတ်ချိုးနဲ့နော်...
ချစ်တဲ့
နော်
ကဗျာလေးကို ရင်နဲ့ခံစားတယ် မမ..
လာဖတ်တာ နောက်ကျပေမယ့် စိတ်ချိုးနဲ့နော်...
ချစ်တဲ့
နော်
အစ်မရေ....
ကောင်းလိုက်တဲ့ကဗျာ
အရမ်း အရမ်းကြိုက်....
ကောင်းလိုက်တဲ့ကဗျာ
အရမ်း အရမ်းကြိုက်တာပဲ....
Post a Comment