မျှော်လင့်ခြင်းတွေ ရင့်မှည့်လာတယ်
ရိတ်တဲ့သူတွေ ရိတ်သိမ်းကြသလဲ
အလွမ်းတွေ ရင့်မှည့်လာတယ်
ရိတ်တဲ့သူတွေ ရိတ်သိမ်းကြတယ် ။
ကလေးတစ်ယောက်ရဲ့ မျှော်လင့်ချက်
ကျောင်းသားတစ်ယောက်ရဲ့ မျှော်လင့်ချက်
မိသားတစုရဲ့ မျှော်လင့်ချက်
မြို့တစ်မြို့ရဲ့ မျှော်လင့်ချက်
တိုင်းပြည် တပြည်ရဲ့ မျှော်လင့်ချက်တွေကို
ဘယ်သူတွေ က
ရိတ်သိမ်းနေပါသလဲ ။
ကျွန်တော်တို့ မြို့လေး
တိုးတက်မှုတွေနှေးကွေးတယ်
ကြွားဝါမှု့တွေ လှိုင်းလုံးကြီးတယ်
စကားလုံးတွေ ပြင်းထန်တယ်
ဦးဆောင်မှု့ ကိုတော့ ငြင်းဆန်ကြတယ် ။
ဆန်ကွဲနဲ့ ဆန်တူတူဖြစ်နေလို့
ဘာကိုရွေးရမလဲ စဉ်းစားမိတယ်
ဘယ်အချိန် ဖြစ်ဖြစ် ကွန်နက်ရှင်ကျနေတယ်
ဘယ်အချိန် ဖြစ်ဖြစ် မီးမရဘူး
ဘယ်အချိန် ဖြစ်ဖြစ် ရေမလာဘူး
တရက်မှာ ၂၄ နာရီ
သူတို့ ၁ နာရီလောက်လာကြပါတယ်
ရိတ်သိမ်းနေပါသလဲ ။
ကျွန်တော်တို့ မြို့လေး
တိုးတက်မှုတွေနှေးကွေးတယ်
ကြွားဝါမှု့တွေ လှိုင်းလုံးကြီးတယ်
စကားလုံးတွေ ပြင်းထန်တယ်
ဦးဆောင်မှု့ ကိုတော့ ငြင်းဆန်ကြတယ် ။
ဆန်ကွဲနဲ့ ဆန်တူတူဖြစ်နေလို့
ဘာကိုရွေးရမလဲ စဉ်းစားမိတယ်
ဘယ်အချိန် ဖြစ်ဖြစ် ကွန်နက်ရှင်ကျနေတယ်
ဘယ်အချိန် ဖြစ်ဖြစ် မီးမရဘူး
ဘယ်အချိန် ဖြစ်ဖြစ် ရေမလာဘူး
တရက်မှာ ၂၄ နာရီ
သူတို့ ၁ နာရီလောက်လာကြပါတယ်
လူတွေ ခပ်ကြပ်ကြပ် အသက်ရှူနေကြတယ် ။
ရိုးရိုးလေးပဲတွေးကြတယ်
အကြွေးတွေနဲ့ နိုင်ငံခြားကိုထွက်ဖို့လေ
အိမ်ကုန် မြေကုန်
နောက်ဆုံး လူလဲကုန်ကြပြီ ။
ကုန်ဈေးနှုန်းလိုပဲ
စကားလုံးတွေကြီးကြတယ်
တချို့ နိုင်ငံရေးအကြောင်းနဲ့
တချို့ လူမျိုးရေးအကြောင်းတဲ့
တချို့ ဘာသာရေးတဲ့လေ
သေချာနားထောင်ပါဦး
အိမ်မှာ အမေ နားကပ်ပေါင်ထားပြီး
ဆန်ဝယ်ဖို့ လုပ်နေတယ်
အဲဒီတချို့လူတွေ အမေ နားကပ်ပေါင်တာမသိဘူး
သူတို့သိနေတာ
လေကိုဖမ်း ဒန်းစီးကြမယ် ။
ဖြစ်တည်မှု လက်ရှိဘဝ
မကြာခဏပြောင်းလဲနေတယ်
အစကတည်းက သေချာမှု မရှိတာကို
အင်အားသုံး ဆွဲခါနေသေးပါရဲ့
ပြောချင်တာ
စားလဲသတိ
သွားလဲသတိ
အိပ်လဲသတိ
အရာရာ သတိရှိနေတာ
အကောင်းဆုံးပါပဲ ။
(ပတ်ဝန်းကျင်မှ မြင်ကွင်းတစ်ချို့ ပုံဖော်ထားခြင်းသက်သက်မျှသာ)
(ပတ်ဝန်းကျင်မှ မြင်ကွင်းတစ်ချို့ ပုံဖော်ထားခြင်းသက်သက်မျှသာ)
jasmine
29 comments:
ကဗျာလေး ရိုးရှင်းစွာလှတယ် ။
ကဗျာမှာ စာတစ်လုံးဟာ အသက်လို တန်ဖိုးကြီးပါတယ် ။
စာလုံးပေါင်းတွေ သေချာစစ်ပြီးမှ တင်ရင်
ပိုပြီးပြည့်စုံပါလိမ့်မယ် ။
မိတ်ဆွေစိတ်နဲ့ အကြံပေးခြင်းမျှသာ ။
အသိလေးတွေ မရှိသေးသရွေ့တော့ ......
အားပေးခဲ့တယ် အမဂျက် ..း)
သတိလေးနဲ့ ချစ်
သတိလေးနဲ့ လွမ်း
သတိလေးနဲ့ ကဗျာရေး
သတိလေးနဲ့ ဟင်းချက်
သတိလေးနဲ့ ဟိုနင်း အဲ..
မမေ့မလျော့မပေါ့ဆတဲ့ သတိနဲ့နေကြနော် ... :)
ကျွန်တော်တို့ မြို့လေး
တိုးတက်မှုတွေနှေးကွေးတယ်
ကြွားဝါမှုတွေ လှိုင်းလုံးကြီးတယ်
စကားလုံးတွေ ပြင်းထန်တယ်
ဦးဆောင်မှု ကိုတော့ ငြင်းဆန်ကြတယ်
ရင်ဘတ်ထဲကမြင်ကွင်းကဗျာလေးအားပေးသွားပါတယ်
မားမား
စံပယ်လေးရေ
စားလဲသတိ
သွားလဲသတိ
အိပ်လဲသတိ
အရာရာကိုသတိရှိနေတာအကောင်းဆုံးပါပဲကွယ်
ခင်တဲ့အန်တီလေးမေခင်
မဂျက်ရေ ရင်ကိုထိစေပါတယ်
ကဗျာဖတ်ရင်း ပုံရိပ်တွေ မြင်မိပြီး စိတ်မကောင်းဘူး ..း(
ခင်မင်လျှက်
ဆောင်းနှင်းရွက်
ပတ်ဝန်းကျင်ရဲ့မြင်ကွင်းတစ်ချို့ကို ရှင်လင်းမြင်သာအောင် ပုံဖေါ် ရေးစပ်ထားတာပဲ..
လက်ရှိအချိန်မှာ အသိနဲ့ သတိကတော့ အရေးအကြီးဆုံးပါပဲ မမရယ်..
ရောက်လာခဲ့တယ်နော်
ခင်တဲ့
လေပြေ
အခုက တကယ့်ကိုသတိလေးနဲ့ 
နေရမယ့်အချိန်ဖြစ်နေပြီအမရေ..
ကဗျာလာအားပေးသွားပါတယ်..း)
ချစ်မရေ မီးတွေမှန်နေပြီးတဲ့..ဟီးးန်ဈေးနှုန်းလိုပဲ
စကားလုံးတွေကြီးကြတယ်
တချို့ နိုင်ငံရေးအကြောင်းနဲ့
တချို့ လူမျိုးရေးအကြောင်းတဲ့
တချို့ ဘာသာရေးတဲ့လေ
သေချာနားထောင်ပါဦး
အိမ်မှာ အမေ နားကပ်ပေါင်ထားပြီး
ဆန်ဝယ်ဖို့ လုပ်နေတယ်
အဲဒီတချို့လူတွေ အမေ နားကပ်ပေါင်တာမသိဘူး
သူတို့သိနေတာ
လေကိုဖမ်း ဒန်းစီးကြမယ် ။
အမရေ..ကဗျာလေးကတော့ ကောင်းသရှင်...
ကောင်းဆို အမဂျက်ရေးတာကိုး..
ငါ့အမက ဘာပဲရေးရေးကောင်းပြီးသားပဲ...
ခုလဲကြည့်လေ...ပတ်ဝန်းကျင်က မြင်ကွင်းတစ်ချို့ကို
ပုံဖော်ပြီးရေးထားတာတဲ့...ကောင်းထှာ...
ခံစားသွားတယ်အမတော်ရေ..
အစဉ်သတိရလျက်ပါနော်..
ခင်မင်နေတဲ့...မိုးနတ်
အဲဒီအကြောင်းတွေ တွေးမိတိုင်း ရင်ထဲ နာကျင်လာတယ် စပါယ်ရေ။
ခင်မင်တဲ့
ကဗျာလေးက အရမ်းကောင်းတယ်နော်
အားပေးသွားပါတယ်မကြီးဂျက်ရေ
မဂျက်..
ကျွန်တော်တို့ မြို့လေး
တိုးတက်မှုတွေနှေးကွေးတယ်
ကြွားဝါမှု့တွေ လှိုင်းလုံးကြီးတယ်
စကားလုံးတွေ ပြင်းထန်တယ်
ဦးဆောင်မှု့ ကိုတော့ ငြင်းဆန်ကြတယ် ။
ဒီကဗျာလေးအရမ်းကြိုက်တယ်။စာသားတွေက အနှစ်
တွေချည်းဘဲ။ဘယ်လိုတွေးပြီး ဘယ်လိုရေးထားတာလဲ
အားကျမိတယ်။
အမြဲအားပေးနေမယ်။
ချစ်တဲ့
အလွမ်း
သဘာဝ ကိုခံစားတင်ပြထားတယ် ကောင်းလိုက်တာ မစပါယ်ရေ ...
ဘာကိုပြော၇မှန်းသိတော့ဘူး...စံပါယ်ကိုချစ်တာပဲသိတယ်....။။
ရိတ်သိမ်းချိန်မတိုင်မီ
ရိတ်သိမ်းခံခဲ့ရတာတွေလည်းရှိ
ကဗျာ၇ဲ့ နောက်ဆုံးပိုဒ်လေးလို
နေနိုင်မှတော်ကာကျမည်။
အရမ်းလေးနက်တဲ့ ကဗျာလေးပဲ ဂျက်ရေ
တရားသဘောလေးတွေလည်းပါတယ် နိုင်ငံရေး
တွေလည်းပါတယ် မိသားစု အရေးအခင်းတွေ
လည်းပါတယ် ဂျက်ကဗျာလေးကို
ဖတ်ပြီး အတွေးတွေလေးနက်သွားတယ်
မြင်ကွင်းစစ် မြင်ကွင်းမှန်တွေကို တွေ့မြင်မိရင်း ဒီကဗျာဖတ်လိုက်တော့ ပိုခံစားရတယ်
တို့သွေးတို့သားတွေ အချင်းချင်း စည်းလုံးမှုအပြည့်နဲ့ တက်ညီလက်ညီလမ်းရှေ့ဆက်လျှောက်မယ်ဆိုရင်.....
မောင်ဘကြိုင်
အိမ်ကုန် မြေကုန်
နောက်ဆုံး လူလဲကုန်ကြပြီ ။
ဦးနှောက်တွေပါ ယိုစီးကုန်တယ်ဗျာ
နိုင်ငံမတိုးတက်ရခြင်းအကြောင်းရင်းထဲမှာ
အဲဒီအချက်ကလဲ အဓိကကျတယ်
ပြောရရင် ကုန်နိုင်ဖွယ်မရှိဘူး ဗျာ
ခင်တဲ့
မိုးသူ(တောင်ကြီး)
အိမ်မှာအမေနားကပ်ပေါင်တာတော့ မသိကြပဲ စကားလုံးကြီးကြီးတွေနဲ့ လေဖမ်းဒန်းစီးလုပ်နေကြတယ်ဆိုတဲ့ အရေးအသားတွေကြိုက်တယ် :)
အရမ်းထိတဲ့ ကဗျာလေးကို အားပေးသွားပါတယ်...
ကဗျာဆရာမတွေများ ဘာမြင်ကွင်းမဆို ကဗျာတစ်ပုဒ်ဖြစ်အောင်ဖန်တီးနိုင်စွမ်းကြတယ် တကယ့်ပါရမီရှင်တွေပဲ...လေးစားပါတယ်..။
ကဗျာလေးကကောင်းလိုက်တာ။ ၀င်ပြီးဖတ်ဖြစ်ပေမဲ့ ဒီနေ့တော့မန့်ဖြစ်အောင်မန့်ခဲ့တယ်နော်။ စံပယ်တို့ မောင်နှံနှစ်ဖော် ပျော်ရွှင်ချမ်းမြေ့ပါစေ။
ကဗျာကောင်းလေးကို ခံစားသွားပါတယ် မမ
~ Kk ~
အခုတလောမီးတော့မှန်မှန်လေးလာနေတယ်။ရေကတော့မပြတ်ဘူး။ပေါတယ်။
ဟုတ်ပ စကားလုံးအကြီးကြီးတွေအပြောဆုံးလူက အလုပ်မလုပ်ဆုံးလူပဲ။
ဆန်ကွဲနဲ့ ဆန်တူတူဖြစ်နေလို့
ဘာကိုရွေးရမလဲ စဉ်းစားမိတယ်
ဘယ်အချိန် ဖြစ်ဖြစ် ကွန်နက်ရှင်ကျနေတယ်
ဘယ်အချိန် ဖြစ်ဖြစ် မီးမရဘူး
ဘယ်အချိန် ဖြစ်ဖြစ် ရေမလာဘူး
တရက်မှာ ၂၄ နာရီ
သူတို့ ၁ နာရီလောက်လာကြပါတယ်
လူတွေ ခပ်ကြပ်ကြပ် အသက်ရှူနေကြတယ် ။
..............................
ဘယ်လိုပြောပြရမလဲတိုက်ဆိုင်လိုက်တာဗျာ
ဒါနှိပ်ကွပ်မှု့တွေလို့တောင်ခုထိတွေးမိတုန်းလေ
ဆန်ကွဲနဲ့ ဆန်တူတူဖြစ်နေလို့
ဘာကိုရွေးရမလဲ စဉ်းစားမိတယ်
ဘယ်အချိန် ဖြစ်ဖြစ် ကွန်နက်ရှင်ကျနေတယ်
ဘယ်အချိန် ဖြစ်ဖြစ် မီးမရဘူး
ဘယ်အချိန် ဖြစ်ဖြစ် ရေမလာဘူး
တရက်မှာ ၂၄ နာရီ
သူတို့ ၁ နာရီလောက်လာကြပါတယ်
လူတွေ ခပ်ကြပ်ကြပ် အသက်ရှူနေကြတယ် ။
...............................
ကောင်းလိုက်တာဗျာ
ဗမာပြည်နဲ့တိုက်ဆိုင်လွန်းလို့
ခုထိနှိပ်ကွပ်ခံရတုန်းလို့တောင်ယူဆနေတာလေ
တကယ်ကောင်းတဲ့ ကဗျာလေးပဲ တွေးတောခဲ့မိတယ်။။။
Post a Comment