အသက်တွေအိုမင်းလာတော့
အတောင်အလက်တွေစုံပြီပေါ့
ကိုယ့်အထင်ပါ
စုံလိုက် မစုံလိုက်နဲ့
ခင်မင်မှု မေတ္တာတရားတွေကိုတော့
အကြွင်းမဲ့ပုံအောခဲ့တယ်
သစ္စာမဲ့ခြင်း ဆိုတဲ့ကောင်တွေ
မယုံချင်လဲ ယုံခဲ့ရပြီ
ပြန်ပြီးငေးကြည့်နေမိတဲ့ အတိတ်
ညှီနံ့တွေ တထောင်းထောင်းပေါ့
မနက်ဖြန်ကိုတွေးလို့ကိုမရ
ဒီနေ့ အဖြေဘာလဲ?
လောကရဲ့ ကောင်းခြင်းတွေ
ကောင်းကင်နဲ့ တက်ငြိ
နှလုံးသားကိုထိနေတဲ့
ရုန်းကန်ခြင်းတွေထဲ
လူအများ နစ်ပြီးရင်း နစ်နေခဲ့ပြီ
ပန်းတွေကလဲ သူ့ရာသီနဲ့သူတော့သစ္စာရှိကြပါရဲ့
ပွင့်ချင်တိုင်းလဲ ပွင့်နေပါရဲ့
တက်လမ်းတွေတော့ မဖွင့်ဘူး
ပိတ်ဆို့ဆဲပါကွယ်
စိတ်ကူးတွေ ခရေဖူးလို ကြွေကြ
သုံးလို့လဲမရ အပွင့်မဖြစ်သေးဘူးလေ
ဖဲကြိုးဝါတွေ ဟိုတစ ဒီတစ
ယုဇနပင်တော့ အလှဲထိုးခံလိုက်ရလို့
နလန်မထူနိုင်ပြီ
လုပ်ကြံမှုတွေများပြားလို့
အဟုတ်ခံလိုက်ရတဲ့အဖြစ်တွေ
တဖက်စောင်းနင်းတွေ များပြီးများ
ရိုးသားမှုနဲ့ တရားမျှတမှု
ဘယ်အရာမှ အရာမ၀င်
တသွင်သွင် စီးဆင်းနေတဲ့
စားပွဲအောက်က ငွေပေးတဲ့လမ်းစဉ်
တောက်ပမြဲ တောက်ပဆဲ
တင်းကြပ်ဖြစ်နေတဲ့ခံစားချက်တွေ
ချောင်ပိတ်ခံထားရတယ်
အမှောင်ထဲက ဘ၀တွေ
မျက်ရည်အရွဲ အလဲလဲ အကွဲကွဲ
မျော်လင့်ခြင်းတွေ
ဖြစ်မလာတော့
ဘာအသီးတွေစားရပါ့မလဲ
အတိတ်က ချိုခဲ့တဲ့အသီး
ခါးခဲ့ အသီး
ငါ့ အတွက်
ကဗျာကောင်း တစ်ပုဒ်တော့
ရကောင်းပါရဲ့ ။
jasmine
31 comments:
ဂျက်ရေ အရင်နေ့ ကလဲ ကော်မန့် လာပေးတယ် မ၀င်ဘူးထင်တယ် နက် က သိတ်မကောင်းတော့လေ ဂျက် ရဲ့ ချဉ်ခြင်းလေးကိုအားပေးဖတ်ရှူသွားတယ် သမီးတော်ကတော့လွမ်းစရာမရှိလို့ မလွမ်းတော့ဘူး ချဉ်ခြင်းလဲမတပ်တော့ဘူးလေ on ခုတလော ချဉ်ခြင်းတက်ခြင်း
တတိယမြောက်သမီးတော်
မေးလ်ထဲဝင်နေတဲ့ တတိယမြောက်သမီးတော်ရဲ့
ကွန်မန့်လေးပါရှင်
စပယ်လေး
ပြန်လည်တူးဆွခံစားခြင်းကဗျာလေး
အားပေးသွားပါတယ်ကွယ်။
ခင်တဲ.အန်တီလေးမေခင်
ရိုးသားမှုနဲ့ တရားမျှတမှု
ဘယ်အရာမှ အရာမ၀င်
တသွင်သွင် စီးဆင်းနေတဲ့
စားပွဲအောက်က ငွေပေးတဲ့လမ်းစဉ်
တောက်ပမြဲ တောက်ပဆဲ
တင်းကြပ်ဖြစ်နေတဲ့ခံစားချက်တွေ
ချောင်ပိတ်ခံထားရတယ်
*****ဟုတ်တယ်.. ဟုတ်ုတယ်နှင်းဆီလဲစာပွဲခုန်အောက်ကအထဲလူ အပြင်လူ၂ယောက်ငွေ၎သောင်း...၇က်တိုးနေခွင့်တဲ့လေ*****ဟဲဟဲ
ခြေရာတွေထဲက အဖိုးတန်အိပ်မက်အချို့ကို
မျှဝေခံစားခဲ့ပါတယ် မဂျက်ရေ ......
ဆက်လက်ထုဆစ်နိုင်ပါစေဗျာ ။
တစ်ဖက်သာ လေးနေတဲ့ ချိန်ခွင်ပေါ့နော်။
ချမ်းမြေ့ပါစေ
ခင်မင်တဲ့
အတိတ်က ချိုခဲ့တဲ့အသီး
ခါးခဲ့ အသီး.....
ငယ်ရွယ်စဉ် အချိုကြိုက်ပြီး
ကြီးလာတော့ အခါးကြိုက်တတ်ပြန်ရောတဲ့။
တစ်ယောက်ထဲ အကြိုက်မတူပုံကို ပြောပါတယ်။
မရောက်တာ ကြာလို့... အဲလေ.. မမန့်တာ ကြာလို့ အခုမှ မန့်ဖြစ်တယ်။ ရောက်တာတော့ တော်တော်များများကို ရောက်ဖြစ်ပါတယ်။
ရိုးသားမှုနဲ့ တရားမျှတမှု
ဘယ်အရာမှ အရာမ၀င်
တသွင်သွင် စီးဆင်းနေတဲ့
စားပွဲအောက်က ငွေပေးတဲ့လမ်းစဉ်
တောက်ပမြဲ တောက်ပဆဲ
တင်းကြပ်ဖြစ်နေတဲ့ခံစားချက်တွေ
ချောင်ပိတ်ခံထားရတယ်
ခံစားချက်တွေ ချောင်ပိတ်ထားရင် အရမ်းပင်ပန်းနေလိမ့်မယ် မမရေ..ပြောသာပြော..အဲလေ ရေးသာရေး.. အားပေးနေမယ်
တဖက်စောင်းနင်းတွေ များပြီးများ
ရိုးသားမှုနဲ့ တရားမျှတမှု
ဘယ်အရာမှ အရာမ၀င်
တသွင်သွင် စီးဆင်းနေတဲ့
စားပွဲအောက်က ငွေပေးတဲ့လမ်းစဉ်
တောက်ပမြဲ တောက်ပဆဲ...ဟုတ်တာပေါ့ ဒါတွေကို သမိုင်း
မတွင်ရစ်အောင် ဖြစ်နိုင်သမျှ အမြစ်လှန်ပစ်ဖို့ အားလုံး လက်တွဲဖို့လိုတယ်။တွင်ရစ်မှာတော့ သေချာပဲ။
ကဗျာကောင်းလေးပါ အမရေ...
ရေးနိုင်တာကိုတော့အားကျမိပါရဲ့ ...
အတိတ်က ချိုခဲ့တဲ့အသီး
ခါးခဲ့ အသီး
ငါ့ အတွက်
ကဗျာကောင်း တစ်ပုဒ်တော့
ရကောင်းပါရဲ့ ။
မှန်ပါတယ်.. ခံစားချက် အချိုအခါးတွေအကုန်လုံး
ကဗျာဖစ်သွားတယ်ဆိုတာကိုပေါ့.. :)
အတိတ်ကချိုခဲ့တဲ့အသီး ခါးခဲ့တဲ့အသီး အရမ်းကြိုက်တယ် မဂျက်ရေ
တူးဆွထားတဲ့အရာတွေ ကိုလာလေ့လာသွားပါတယ်ဗျာ
ကဗျာလေး လာဖတ်သွားတယ် Jas ရေ
အတိတ်ခါးခါးတွေ နဲ့ အသီးချိုချိုတွေ.. စားခဲ့တယ်မမ :)
ကိုယ့်အထင်ပါ
စုံလိုက် မစုံလိုက်နဲ့
ခင်မင်မှု မေတ္တာတရားတွေကိုတော့
အကြွင်းမဲ့ပုံအောခဲ့တယ်
သစ္စာမဲ့ခြင်း ဆိုတဲ့ကောင်တွေ
မယုံချင်လဲ ယုံခဲ့ရပြီ
...........................
နိမိတ်ရဲ့ပုံရိပ်တစ်ခုကိုဖွဲ့ပုံကြိုက်တယ်
ကိုယ့်အထင်ပါ
စုံလိုက် မစုံလိုက်နဲ့
ခင်မင်မှု မေတ္တာတရားတွေကိုတော့
အကြွင်းမဲ့ပုံအောခဲ့တယ်
သစ္စာမဲ့ခြင်း ဆိုတဲ့ကောင်တွေ
မယုံချင်လဲ ယုံခဲ့ရပြီ
.....................
နိမိတ်ရဲ့ပုံရိပ်ကို
ဖွဲ့ထားတာကြိုက်တယ်
ကိုယ့်အထင်ပါ
စုံလိုက် မစုံလိုက်နဲ့
ခင်မင်မှု မေတ္တာတရားတွေကိုတော့
အကြွင်းမဲ့ပုံအောခဲ့တယ်
သစ္စာမဲ့ခြင်း ဆိုတဲ့ကောင်တွေ
မယုံချင်လဲ ယုံခဲ့ရပြီ...
...........
နိမိတ်ရဲ့ပုံရိပ်လေးတွေ
ဖွဲ့ပုံကြိုက်တယ်
အဟုတ်ကို ကဗျာကောင်းတစ်ပုဒ်ဖြစ်တယ် မမ ... :)
ကဗျာကောင်းလေးရလိုက်တာပဲ အမြတ်ပေါ့နော မမ
~ Kk ~
ဂျိုင်းစမက် ဆွထားတဲ့ အတိတ်က ခါးခဲ့တဲ့ သစ်သီးကို နှစ်ခြိုက်စွာဖတ်ရှုသွားပါတယ်ခင်ဗျားးးးးးးးးးးးးးးးး
နလန်မထူနိုင်ပြီ
လုပ်ကြံမှုတွေများပြားလို့
အဟုတ်ခံလိုက်ရတဲ့အဖြစ်တွေ
တဖက်စောင်းနင်းတွေ များပြီးများ
ရိုးသားမှုနဲ့ တရားမျှတမှု
ဘယ်အရာမှ အရာမ၀င်
အရမ်းကို ခါးတဲ့စကားလုံးတွေပါလား မဂျက်ရေ ..
အားပေးခဲ့တယ်နော် ....:)
မှန်တာပေါ့ အစ်မရေ
လောကဓံအထုအထောင်းမှာ
ရင်ထဲက စာတွေ ပွင့်လန်းနေမှာ အသေအချာပါပဲ
လေးနက်ခြင်းတွေကို ကဗျာလေးထဲမှာ တွေ့လိုက်တယ် ဒေါ်ဂျက်ရေ
ပြန်ပြီးငေးကြည့်နေမိတဲ့ အတိတ်
ညှီနံ့တွေ တထောင်းထောင်းပေါ့။
ဒီစာသားလေးကြိုက်တယ် မစံပယ်။
အတိတ်က ချိုခဲ့တဲ့အသီး
ခါးခဲ့ အသီး..
မကြီးဂျက်ရေ ကြိုက်ပါ၏...
ပြန်လည်တူးဆွလိုက်တိုင်းမှာ တွေ့ချင်တာတွေရော မတွေ့ချင်တာတွေပါ တွေ့ရစမြဲပဲ ဂျက်ရေ...အတိတ်ဟောင်းထဲက ဒဏ်ရာတွေကို မေ့နိုင်သမျှမေ့ပြီး ရခဲ့ဖူးတဲ့ ဆုလာဘ်လက်ဆောင်တွေအကြောင်းသာ အနာဂတ်မှာ ဆက်သယ်ဆောင်နိုင်ရင် ဘယ်လောက်များ ကောင်းလိုက်မလဲနော...
အခက်အခဲပေါင်းစုံကြောင့် ဘလော့မလည်ဖြစ်ခဲ့တာတွေအတွက် တစ်ခါတည်း တောင်းပန်ပါသဗျား...
မျော်လင့်ခြင်းတွေ
ဖြစ်မလာတော့
ဘာအသီးတွေစားရပါ့မလဲ
အတိတ်က ချိုခဲ့တဲ့အသီး
ခါးခဲ့ အသီး
ငါ့ အတွက်
ကဗျာကောင်း တစ်ပုဒ်တော့
ရကောင်းပါရဲ့ ။
ခင်မင်မှု မေတ္တာတရားတွေကိုတော့
အကြွင်းမဲ့ပုံအောခဲ့တယ်
သစ္စာမဲ့ခြင်း ဆိုတဲ့ကောင်တွေ
မယုံချင်လဲ ယုံခဲ့ရပြီ
ပြန်ပြီးငေးကြည့်နေမိတဲ့ အတိတ်
ညှီနံ့တွေ တထောင်းထောင်းပေါ့
မနက်ဖြန်ကိုတွေးလို့ကိုမရ
ဒီနေ့ အဖြေဘာလဲ?
ကဗျာလေးခံစားသွားပီမားမား
မမရေ ညီမလေးရောက်တာနောက်ကျနေတယ်။ခရီးကဒီနေ့မှပြန်ရောက်တာလေ။ရောက်ရောက်ချင်းပဲဖွင့်ပီးအားပေးတယ်နော်မမ။
တချို့ပန်းတွေက သူ့ရာသီနဲ့သူ သစ္စာရှိတုန်းပါပဲမမရယ်။
ခပ်ခါးခါး ဘ၀တွေအနားမှာ
ကွက်ပြီးရွာသွားတဲ့မိုး
တစ်ချို့အတွက်တော့ နေမင်းက ငြိုးလွန်းတယ်။
သည်းခံနိုင်ဖို့ ၊ အသွင်ပြောင်းနိုင်ဖို့ စိတ်ရှည်ရမှာ ...
အတွေ့အကြုံတွေကနေ ကဗျာတစ်ပုဒ်လောက် ရလိုက်တာဟာလည်း အမြတ်ပေါ့ ဂျက်ရယ်...
Post a Comment