တွယ်တာမှုကို
တန်ဖိုးထားတတ်သူများရဲ့
ဝမ်းနဲ့ခြင်းများစွာနဲ့
အိမ် အပြန်လမ်းဟာ
လမ်းလျှောက်ရင်း
လမ်းပျောက်နေသလိုပဲ
နှလုံးသားထဲ ကခံစားချက်တွေကတော့
တိဗက်တောင်တန်းကြီးလို
မာကြောပြီး ရှည်လျှားလျှက်ပါတဲ့
မချိန်းထားပဲနဲ့
မကြာခဏ ဆုံနေရတဲ့
ကံမကောင်းမှုတွေထဲ
လွမ်းတတ်တဲ့ အလွမ်းလဲ ပါနေတယ်
ကိုယ့် ကြမ္မာ ကိုယ်ပြန်မေးပြီး
ကိုယ်တိုင်ရေးနေတဲ့
အလွမ်းတွေ
လူတချို့က ကန့်ကွက်နေပါရဲ့
အချိန်ဆိုတဲ့ သမားတော်က
ရှိနေပြန်သေးတော့
ကြာခဲ့ရင် ဘွာမခတ်မိစေနဲ့ကွယ်
ညည်းညူမှုတွေသာ ကျန်နေလိမ့်မယ်
သစ္စာတရားတွေ ဝေးနေခဲ့ရတဲ့ဘ၀မှာ
ဘာမှလဲ ဆေးဖက်မ၀င်နိုင်ဘူး
တွေ့နေရတဲ့
အရောင်အဆင်း
လွမ်းချင်းတွေသာ
ရဲရဲနီလျှက်
အချစ် စစ်စစ်ဆိုတာ
မိတ္တူ ပွားလို့မရပါ
ပုံတူ ပန်းချီတချပ်လဲ မဖြစ်နိုင်လို့
လိုအင်တွေကို မဖြည့်နိုင်တော့ဘူးကွယ်
စမ်းတ၀ါးဝါးနဲ့သာ
လမ်းဖြောင့်လေးကိုရှာဖွေဆဲပေါ့ ။
jasmine
31 comments:
မကြာခဏ ဆုံနေရတဲ့ ကံမကောင်းမှုတွေထဲ
လွမ်းတတ်တဲ့ အလွမ်းလည်းပါနေတယ်
ဒီတခါတော့အစောဆုံးမန့်သွားပါတယ်အမ
စကားလုံးတွေသုံးတာပိုပိုလေးနက်လာတယ်နော်အမ ...
မကြာခဏ ဆုံနေရတဲ့ ကံမကောင်းမှုတွေထဲ
လွမ်းတတ်တဲ့ အလွမ်းလည်းပါနေတယ်
ဒီတခါတော့အစောဆုံးမန့်သွားပါတယ်အမ
စကားလုံးတွေသုံးတာပိုပိုလေးနက်လာတယ်နော်အမ ...
လမ်းဖြောင့်တွေမျှော်လင့်ရင်း
အလွမ်းထဲစီးမျောခဲ့ပါတယ်ဗျာ ။
ကဗျာတွေနဲ့ လောကကို အလှဆင်နိုင်ပါစေဗျာ ။
အချစ် စစ်စစ်ဆိုတာ
မိတ္တူ ပွားလို့မရပါ
ပုံတူ ပန်းချီတချပ်လဲ မဖြစ်နိုင်လို့
လိုအင်တွေကို မဖြည့်နိုင်တော့ဘူးကွယ်
စမ်းတ၀ါးဝါးနဲ့သာ
လမ်းဖြောင့်လေးကိုရှာဖွေဆဲပေါ့ ။
မှန်တယ် မမ ..ကြိုက်သွားပြီ :)
မင်းမုန်းတဲ့သူရေ
ကဗျာတွေလာပြီးဖတ်လို့ကျေးဇူးပါ
ကိုညီလင်းရေ
တကယ်ပါပဲရှင်....လမ်းဖြောင့်တွေမျှော်လင့်ရင်း
အလွမ်းထဲစီးမျောခဲ့နေသလိုပါပဲ----
sweety ရေ
ဟုတ်တယ်နော် အချစ်ဆိုတာ မိတ္တုပွားမရဘူးဆိုတာလေ
ဟိုရှေ့က လမ်းထက်မှာ အလွမ်းတချို့ ငွားငွားစွင့်စွင့် ပွင့်လို့ ........ :)
ဟိုးရှေ့က လမ်းထက်မှာ အလွမ်းတွေ ငွားငွားစွင့်စွင့်ပွင့်လို့ ..... :)
အချစ် စစ်စစ်ဆိုတာ
မိတ္တူ ပွားလို့မရပါ...တဲ့
အဲ့စာသားလေးက တစ်ကယ်ထိတယ်မရေ...
ခင်တက်တဲ့
လေပြေ
အချစ် စစ်စစ်ဆိုတာ
မိတ္တူ ပွားလို့မရပါ
ပုံတူ ပန်းချီတချပ်လဲ မဖြစ်နိုင်လို့
လိုအင်တွေကို မဖြည့်နိုင်တော့ဘူးကွယ်.....
.....................
ဟုတ်တာပေါ့ အချစ်စစ်ဆိုတာဘယ်လိုမှမိတ္တူပွားလို့ရဘူးလေ
ကောင်းပါ့ စကားအသုံးလေး......
အချစ် စစ်စစ်ဆိုတာ
မိတ္တူ ပွားလို့မရပါ
ပုံတူ ပန်းချီတချပ်လဲ မဖြစ်နိုင်လို့
လိုအင်တွေကို မဖြည့်နိုင်တော့ဘူးကွယ်.......
.............
ဟုတ်တယ်လေအချစ်စစ်ဆိုတာ မိတ္တူပွားလို့ရဘူးလေ
စကားလုံးရွေးတာတော်ပါ့
အချစ် စစ်စစ်ဆိုတာ
မိတ္တူ ပွားလို့မရပါ
ပုံတူ ပန်းချီတချပ်လဲ မဖြစ်နိုင်လို့
လိုအင်တွေကို မဖြည့်နိုင်တော့ဘူးကွယ်
အချစ် စစ်စစ်ဆိုတာ
မိတ္တူ ပွားလို့မရပါ
ပုံတူ ပန်းချီတချပ်လဲ မဖြစ်နိုင်လို့
လိုအင်တွေကို မဖြည့်နိုင်တော့ဘူးကွယ်
အဲဒိအသုံးအနှုန်းလေးကတော့ရင်ကိုထိသဗျ..
ဟိုသီချင်းလေးတစ်ပုဒ်လိုပေါ့.. လွန်ပါစေ အလွမ်းညတွေ.. လွန်ပါစေ အလွမ်းညတွေ ဆိုတာလေ..
မမစံပယ်ရဲ့ အလွမ်းတွေ ကုန်လွန်ပါစေ မမရေ..
အချစ် စစ်စစ်ဆိုတာ
မိတ္တူ ပွားလို့မရပါ
ပုံတူ ပန်းချီတချပ်လဲ မဖြစ်နိုင်လို့
လိုအင်တွေကို မဖြည့်နိုင်တော့ဘူးကွယ်
စမ်းတ၀ါးဝါးနဲ့သာ
လမ်းဖြောင့်လေးကိုရှာဖွေဆဲပေါ့ ။
အားပေးလျှက်ခင်တဲ.အန်တီလေးမေခင်
ကခံစားချက်တွေကတော့
တိဗက်တောင်တန်းကြီးလို
မာကြောပြီး ရှည်လျှားလျှက်ပါ
စပါယ်ရေ အဲဒါလေးကို သဘောကျတယ်...
ခင်မင်တဲ့
အချစ်စစ်စစ်ဆိုတာ မိတ္တူပွားလို့မရဘူးတဲ့ မိုက်တယ်
အချစ်စစ်စစ်ဆိုတာ မိတ္တူပွားလို့မရပါ....ကြိုက်တယ် မဂျက်ရေ...
အချစ် စစ်စစ်ဆိုတာ
မိတ္တူ ပွားလို့မရပါ
ပုံတူ ပန်းချီတချပ်လဲ မဖြစ်နိုင်လို့
လိုအင်တွေကို မဖြည့်နိုင်တော့ဘူးကွယ်
စမ်းတ၀ါးဝါးနဲ့သာ
လမ်းဖြောင့်လေးကိုရှာဖွေဆဲပေါ့ ။
အချစ် စစ်စစ်ဆိုတာ
မိတ္တူ ပွားလို့မရပါ
ပုံတူ ပန်းချီတချပ်လဲ မဖြစ်နိုင်လို့
လိုအင်တွေကို မဖြည့်နိုင်တော့ဘူးကွယ်
စမ်းတ၀ါးဝါးနဲ့သာ
လမ်းဖြောင့်လေးကိုရှာဖွေဆဲပေါ့ ။
ကောင်းလိုက်တဲ့စကားလုံးလှလှလေးတွေပဲ
ဟုတ်တယ်နော်မကြီးအချစ်စစ်ဆိုတာ
မိတ္တူပွါးလို့မရဘူးဆိုတာ
အရမ်းမိုက်တယ်အမရေ..
မကြာခဏ ဆုံနေရတဲ့
ကံမကောင်းမှုတွေထဲ
လွမ်းတတ်တဲ့ အလွမ်းလဲ ပါနေတယ်...း)
အချစ် စစ်စစ်ဆိုတာ
မိတ္တူ ပွားလို့မရပါ
ပုံတူ ပန်းချီတချပ်လဲ မဖြစ်နိုင်လို့
လိုအင်တွေကို မဖြည့်နိုင်တော့ဘူးကွယ်
စမ်းတ၀ါးဝါးနဲ့သာ
လမ်းဖြောင့်လေးကိုရှာဖွေဆဲပေါ့
ကဗျာလေးခံစားသွားပါတယ်
အိုမားရဲ့ချစ်တဲ့သာမီး
ဂျက်ရဲ့ ကဗျာလေးတွေက ဖတ်လိုက်တိုင်း ရသလေးတွေ ကောင်းကောင်းရတယ်။
စကားလုံးလေးတွေ သုံးထားတာ သဘောကျတယ်
“အချစ် စစ်စစ်ဆိုတာ
မိတ္တူ ပွားလို့မရပါ
ပုံတူ ပန်းချီတချပ်လဲ မဖြစ်နိုင်လို့ ” ဆိုတာလေး သဘောကျလိုက်တာ
ကျွန်တော်ကတော့ လမ်းဖြောင့်လေးပေါ်ကိုရောက်နေပြီထင်တာပဲ.။
ရှာဖွေဆဲ လမ်းဖြောင့်လေး
အမြန်မနှေး တွေ့နိုင်ပါစေ ခင်ဗျာ ....
ခင်မင်စွာ အားပေးနေတဲ့ FreeIdea
မချိန်းထားပဲနဲ့
မကြာခဏ ဆုံနေရတဲ့
ကံမကောင်းမှုတွေထဲ
လွမ်းတတ်တဲ့ အလွမ်းလဲ ပါနေတယ်..
အမှန်ပဲ မမရယ်...
မမရေ ဒီလိုပဲ လမ်းလျှောက်ရင်း လမ်းပျောက်ခဲ့ပါတယ်။ ခံစားချက်တွေလဲ တိဗက်တောင်တန်းလိုရှည်လျားပါတယ်။လမ်းဖြောင့်ကလဲ အခုထိကို မတွေ့နိုင်သေးဘူးလေ။
မမရေ ဒီလိုပဲ လမ်းလျှောက်ရင်း လမ်းပျောက်ခဲ့ပါတယ်။ ခံစားချက်တွေလဲ တိဗက်တောင်တန်းလိုရှည်လျားပါတယ်။လမ်းဖြောင့်ကလဲ အခုထိကို မတွေ့နိုင်သေးဘူးလေ။
လမ်းလျှောက်ရင်း လမ်းပျောက်နေတယ်ဆိုတော့
အစ်မက လေးဖြူလိုများ ဖြစ်နေမလား
အဟဲ ... အလုပ်ရှုပ်နေတာတော့ မဟုတ်ပါဘူး
Practical Field တွေ ဆင်းနေရတာမို့
မရောက်ဖြစ်တာပါ အစ်မရေ
Facebook မှာတော့ အမြဲတွေ့ဖြစ်ပါတယ်
နှောက်ယှက်သလို ဖြစ်မှာစိုးလို့
မနှုတ်ဆက်မိတာ ခွင့်လွှတ်ပါ
ကိုယ့် ကြမ္မာ ကိုယ်ပြန်မေးပြီး
ကိုယ်တိုင်ရေးနေတဲ့
အလွမ်းတွေ
လူတချို့က ကန့်ကွက်နေပါရဲ့
အချိန်ဆိုတဲ့ သမားတော်က
ရှိနေပြန်သေးတော့
ကြာခဲ့ရင် ဘွာမခတ်မိစေနဲ့ကွယ်
အဲဒီတပိုဒ် အရမ်းမိုက်တယ် မဂျီးဂျက်ရေ
တိုက်ဆိုင်နေလို့ လားမသိဘူး
ခင်တဲ့
မိုးသူ(တောင်ကြီး)
ကဗျာလေး ဖတ်သွားတယ် စံပယ်ရေ..။
ကဗျာလေးတွေ အရမ်းခံစားရလို့ အရမ်းကြိုက်တယ် ဗျာ ...
Post a Comment