နိုဝင်ဘာလ (၂)ရက်နေ့ တီတင့်တို့ ဇနီးမောင်နှံ မင်္ဂလာသက်တမ်းနှစ်(၃၀)ပြည့် ပုလဲရတု
အတွက်အမှတ်တရ ကဗျာလေးပါရှင် ။
နေ့ရက် လပြောင်း
နှစ်တွေဟောင်းလို့
နှစ်ပေါင်း သုံးဆယ်
ကြာညောင်းခဲ့လဲ
ကြင်နာစက
ချစ်စကားလဲ
ဒီနေ့ပြန်ကြား
ရင်ခုန်ဆဲပါကွယ် ။
ခက်ခက်ခဲခဲ
ဘ၀လမ်းထဲ
တူတူကျော်ဖြတ်
ဆူးရှိသည့်လမ်း
ထမ်းပိုးရင်းနဲ့
ကိုယ့်လက်သူတွဲ
သူလက်ကိုဆွဲ
အပြုံးမပျက်
အမုန်းမဖက်
ခရီးတွေပဲဆက်ခဲ့တယ် ။
အချစ်နဲ့ပျိုး
မေတ္တာရည်လောင်း
သစ္စာတွေ ထပ်ပေါင်းတော့
သံယောဇဉ်ဥယျာဉ်လေးထဲ
ဘယ်အခါမှ မနွမ်းမယ့်
မိသားစု တွယ်တာမှု ပန်းတွေ နဲ့
သားတို့ အသံ စီစီညံ့လို့
ကိုယ်တို့ကမ္ဘာကြီးလဲ လှခဲ့သည် ။
ကိုယ်တို့ကမ္ဘာကြီးလဲ လှခဲ့သည် ။
လွင်ပြင်လှိုင်းငယ်
***********************************************************
တနေ့ကလိုမဟုတ်တော့ပါဘူးကွယ်
ပြောင်းလဲနေတယ် နေ့တိုင်းညတိုင်းပေါ့
စက္ကန့်လေးတွေကစပြီး မိနစ်- နာရီ
ရက်-လ-နှစ်တွေလေ
ဒီလိုနဲ့ အချိန်တွေကုန်
မေတ္တာတွေ ပုံကာပေးလို့
ခံစားချက်တွေ ထပ်
နားလည်မှုတွေ အပ်နှင်းကာရယ်
ဂရုဏာတွေလဲ ပြည့်
အမုန်းတရားတွေ ကိုမေ့ခဲ့တာ
နှစ်ပေါင်း (၃၀)ကြာခဲ့ပြီလေ
နောင်နှစ်များစွာမှာလဲ
အမျိုးဘာသာ သာသနာ အကျိုးများကို
နိုးကြားစွာ ချမ်းမြေ့စွာ
မိသားစုဝင်များအားလုံးနဲ့ (ချစ်သားများနဲ့)တူတူ
လက်ကိုတွဲ သံယောဇဉ်တွေ မြဲပြီး
အေးချမ်းစွာနဲ့ တူတူဆောင်ရွက်နိုင်ပါစေလို့
ဆုမွန်တောင်းလျှက်ပါရှင် ။
jasmine
jasmine
ကဗျာလာရောက်ဖတ်ကြသောမိတ်ဆွေများအားလုံးလဲ နောင်နှစ်များစွာထိ ချစ်ရသောခင်ရသော
မိသားစု -မိတ်ဆွေ -သူငယ်ချင်းများ အားလုံးနဲ့တူတူ အမြဲလက်တွဲနိုင်ပါစေလို့ ကျွန်မဆုတောင်းမေတ္တာပို့ပါတယ်ရှင် ။
22 comments:
ခက်ခက်ခဲခဲ
ဘ၀လမ်းထဲ
တူတူကျော်ဖြတ်
ဆူးရှိသည့်လမ်း
ထမ်းပိုးရင်းနဲ့
ကိုယ့်လက်သူတွဲ
သူလက်ကိုဆွဲ
အပြုံးမပျက်
အမုန်းမဖက်
ခရီးတွေပဲဆက်ခဲ့တယ် ။
တီတင့်မင်္ဂလာသက်တမ်းပုလဲရတုအတွက်
အမှတ်တရကဗျာလေးအားပေးသွားပါတယ်မားမား
ချစ်တဲ့သာမီး
မမကဗျာလေးလာအားပေးတယ်။ မမဆုတောင်းပေးသလို ချစ်တဲ့သူတွေနဲ့ အမြဲလက်တွဲမခွဲအတူနေရမယ်ဆို ဘယ်လောက်ကောင်းလိုက်မလဲ
တီတင့်တို့ရဲ့ မင်္ဂလာသက်တမ်း ပုလဲရတုအတွက် ဂုဏ်ပြုထားတဲ့ အမှတ်တရကဗျာလေး ဖတ်ခဲ့တယ်မရေ...
လွင်ပြင်နဲ့မတို့ရဲ့ ကမ္ဘာလေးမှာလဲ တွယ်တာမှုပန်းတွေနဲ့ သားတို့အသံစီစီညံညံ ဘယ်တော့ကြားရမလဲဟင်..:)
ချစ်တဲ့
လေပြေ
မင်္ဂလာဆုတောင်း ကဗျာလေးတွေကို
မျှဝေခံစားခဲ့ပါတယ်ဗျာ ။
ဆက်လက်ထုဆစ်နိုင်ပါစေ မဂျက်ရေ ။
ဟုတ်ကဲ့ ...
အမှတ်တရ ..မင်္ဂလာသက်တမ်း နှစ်(၃၀)ပြည့် ကဗျာကောင်းလေးကို ဖတ် ရှု ခဲ့ ရင်း ထပ်တူ ဆုတောင်းပေးခဲ့ ပါတယ်..
ရတု အဆက်ဆက်တိုင်
ပျော်ရွှင်နိုင်ကြပါစေ...
တီတင့်တို့ရဲ့ ယခုနှစ်ပတ်လည်မှသည် နောင်နှစ်ပေါင်းများစွာအထိ မခွဲမခွာ ချစ်သောမိသားစုနဲ့အတူ စည်းစည်းလုံးလုံး ချမ်းချမ်းသာသာနဲ့ ဘာသာသာသနာအကျိုးဆ..။
ကဗျာရေးကောင်းတဲ့ မမနဲ့လွင်ပြင်တို့လဲ အချစ်များတိုးပွားလို့ ကဗျာလှလှများဖန်တီးနိုင်ကြပါစေ
အမှတ်တရ ရေးဖွဲ့ ထားတဲ့  မင်္ဂလာနှစ်(၃၀) ပြည့်
က ဗျာကောင်းကို ဖတ်ရှုရင်း
ထပ်တူ ဆုတောင်းပေးခဲ့ ပါတယ်
ရတုအဆက်ဆက် တိုင်
ပျော်ရွှင် ချမ်းမြေ့ နိုင်ပါစေ..
နေ့ရက် လပြောင်း
နှစ်တွေဟောင်းလို့
နှစ်ပေါင်း သုံးဆယ်
ကြာညောင်းခဲ့လဲ
ကြင်နာစက
ချစ်စကားလဲ
ဒီနေ့ပြန်ကြား
ရင်ခုန်ဆဲပါကွယ် ။
အမျိုးဘာသာ သာသနာ အကျိုးများကို
နိုးကြားစွာ ချမ်းမြေ့စွာ
မိသားစုဝင်များအားလုံးနဲ့ (ချစ်သားများနဲ့)တူတူ
လက်ကိုတွဲ သံယောဇဉ်တွေ မြဲပြီး
အေးချမ်းစွာနဲ့ တူတူဆောင်ရွက်နိုင်ပါစေလို့
ဆုမွန်တောင်းလျှက်ပါရှင် ။
တီတင်.တို.ရဲ.မင်္ဂံလာသက်တမ်းပုလဲရတုအတွက်ဂုဏ်ပြုအမှတ်တရကဗျာလေးအားပေးသွားပါတယ်ကွယ်။
ခင်တဲ.အန်တီလေးမေခင်
တီတင့် မင်္ဂလာသက်တမ်းနှစ်(၃၀)ပြည့် ပုလဲရတု အမှတ်တရ ကဗျာလေးကိုဖတ်သွားတယ်။
နှစ်ယောက်လုံး ရေးထားတာ အလွန်ကောင်းပါသည်။
ပုလဲရတု အမှတ်တရ ကဗျာလေး ဖတ်သွားတယ်။ လွင်ပြင်ရေးတာ လန်းတယ်။ ဒါပေမယ့် ဂျက်ရေးတာ မိုက်တယ်။ ချမ်းမြေ့ကြပါစေ...
ခင်မင်တဲ့
အမှတ်တရာကဗျာလေးလာဖတ်သွားပါတယ်
အမရေ...
ပြီးတော့.. အားလုံးအတွက် ဆုလဲတောင်းပေးသွား
တာယ်နော်.. :)
အမှတ်တရာကဗျာလေးလာဖတ်သွားပါတယ်
အမရေ...
ပြီးတော့.. အားလုံးအတွက် ဆုလဲတောင်းပေးသွား
တာယ်နော်.. :)
လွင်ပြင်နဲ့ မဂျက်ရေ
ကဗျာလေးက အရမ်းကောင်းတော့ တီတင့် ကျေနပ်နှစ်သက်နေမိမယ်ဆိုတာ ယုံကြည်နေပါ
တယ်။ အားပေးသွားတယ် ကဗျာရေးတတ်လွန်းတဲ့
စုံတွဲလေးကို။
ခင်တဲ့
အလွမ်း
Congratulation!!!!! ပါ တီတင့်ရေ...
ကြိုသိခဲ့ရင် အမှတ်တရ တစ်ခုခု ရေးဖြစ်မှာ..
ခုတော့ နောက်ကျသွားပြီ..
နှစ်(၃၀)ပြည့် ပုလဲရတုမှသည် ရတုပေါင်းများစွာဆီသို့....
ခက်ခက်ခဲခဲ
ဘ၀လမ်းထဲ
တူတူကျော်ဖြတ်
ဆူးရှိသည့်လမ်း
ထမ်းပိုးရင်းနဲ့
ကိုယ့်လက်သူတွဲ
သူလက်ကိုဆွဲ
အပြုံးမပျက်
အမုန်းမဖက်
ခရီးတွေပဲဆက်ခဲ့တယ် ။
အန်တီတင့်တို့ နှစ်(၃၀)ပြည့်ရက်မြတ်လေးမှ
နောင် ရတုဆက်ဆက်တိုင် ပျော်ရွှင်ချမ်းမြေ့ပါစေလို့ 
ဆုတောင်းဆန္ဒပြုအပ်ပါတယ်ခင်ဗျာ
မကြီးဂျက်ကတော့ စွယ်စုံမင်းသမီးပါ
ခင်တဲ့
မိုးသူ(တောင်ကြီး)
သူရို့နှစ်ယောက်က အတူတူတောင် တောင်းဆုပြုထားပါလား။ ဒါမှပေါ့။ ဇနီးမယားဆိုတာ ငံပြာရည်ဖြစ်ရင်တောင် တစ်ပုလင်းထဲမှာ အတူတူ ဖြစ်ရပါလို၏ လို့ ဆုတောင်းရိုး ရှိခဲ့ကြတာ မဟုတ်လား။း)))
ကြောင်စမင်းတို့စုံတွဲကော တီတင့်တို့မောင်နှံနှစ်သွယ်ရော ကျန်းကျန်းမာမာ ချမ်ချမ်းသာသာနဲ့ ရာသက်ပန်တိုင် အတူတူလက်တွဲ ဖြတ်သန်းနိုင်ကြပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်။
ကြည်နူးစရာကဗျာလေးခံစားသွားပါတယ် မဂျက်ရေ သက်သာသွားပြီလား
မကြီးဂျက်ရေ..
ကဗျာလေး ကောင်းပါ့ဗျာ...လွှတ်သဘောကျတယ်...
တီတင့်အတွက် ဒီကဗျာလေး မကြီးဂျက်တို့နဲ့တူတူ လက်ဆောင်ပေးမယ်... :D :D ဆိုက်ကားတွဲတာ... :P
သူကြီးမင်း ကော့မက်လေးသဘောကျထှာ
အန်တီတင့် မင်္ဂလာဆောင်ကို မသွားဖြစ်ခဲ့တာ ခုမှ သတိရမိပါတယ် ...
နေ့ရက် လပြောင်း
နှစ်တွေဟောင်းလို့
နှစ်ပေါင်း သုံးဆယ်
ကြာညောင်းခဲ့လဲ
ကြင်နာစက
ချစ်စကားလဲ
ဒီနေ့ပြန်ကြား
ရင်ခုန်ဆဲပါကွယ် ။
အားပေးပါတယ်...sis lay
ဘယ်အခါမှ မနွမ်းမယ့်
မိသားစု တွယ်တာမှု ပန်းတွေ နဲ့
သားတို့ အသံ စီစီညံ့လို့
............................
မေတ္တာတွေ ပုံကာပေးလို့
ခံစားချက်တွေ ထပ်
နားလည်မှုတွေ အပ်
.............
အယ်စကားလုံးလေးတွေသဘောကျတယ်
မရောက်ဖြစ်တာတောင်လေးငါးရက်ရှိပေါ့
ရောက်ဖြစ်ပြန်ပြီဗျ
Post a Comment