ငါ ဘယ်တုန်းကမှ
အကျဉ်းသားမဟုတ်ခဲ့သလို
ငါ ဘယ်သောအခါမျှ
လွတ်လပ်ခွင့်မရခဲ့ပါ
ငါ မင်းကို ဘယ်တုန်းကမျှ မမုန်းခဲ့ပါ
သို့သော် ချစ်လဲ မချစ်ခဲ့ပါ
ငါ အစပြုပြီး ရန်လိုချင်းမရှိခဲ့ပါ
အကယ်၍
မင်းရန်ပြုခဲ့သော်
ငါ အသာလေးဆုပ်ခွါလိုက်မှာပါ
ခင်မင်မှုက ဘာအရောင်လဲလို့မေးခဲ့ရင်
သံယောဇဉ်နဲ့ ခင်မင်မှုမှာ
အရောင်တွေမရှိပါဘူး
အဲလိုလေးပဲဖြေပါရစေ
ကိုယ့်ရဲ့ စိတ်ရင်းက
ကိုယ် ခံစားရတဲ့ အရောင်ပဲလေ
လောကကို ဟိုဝေ့ဒီဝိုက်
မလုပ်ပဲ မှန်တချပ်ကို
တည့်တည့် ကြည့်လိုက်ပါ
ငါ့ ကိုအကဲခတ်နေတဲ့ သင့်
မျက်နှာကို သင် သေသေချာချာမြင်ရပါလိမ့်မည်
ဘာမှ အစိုးမရဘူးကွယ်
စိတ်ထဲက ခံစားမှု အလုံးအရင်းတွေ
ဖြေချလိုက်ပါတော့
အချိန်အခါ ကျရင် သက်သာစေမယ်
လက်ထဲက ဆုပ်ကိုင်သမျှ
နဲနဲချင်းစီ
လွှတ်ချလိုက်ပါတော့
သင့်စိတ်လေးပေါ့ပါးလို့နေမယ်
တိမ်ညိုတွေကင်းနေတဲ့အခါ
ကောင်းကင်ကြီးကိုမော့ကြည့်လိုက် ပါ
စိတ်တွေလန်းဆန်းပြီး
သင့်မျက်နှာ ပန်းရောင်သန်းလာလိမ့်မယ်
ပန်းအကြောင်း မိုးအကြောင်း
နှင်းအကြောင်း လေအကြောင်း
သစ်ရွက်တို့ အကြောင်းတွေကို
စိတ်ဝင်စားမှု
များများထားပေးပါ
သင် လောကကြီးကိုချစ်တတ်လာမယ် ။
(ရေးသားခဲ့တာ ကြာပါပြီ
ခုအသစ်မရေးဖြစ်တာကြောင့် အရင်ကရေးခဲ့တာလေးတွေ
ပြန်ရှာပြီးတင်လိုက်မိတာပါ )
jasmine
23 comments:
လောကကို ဟိုဝေ့ဒီဝိုက်
မလုပ်ပဲ မှန်တချပ်ကို
တည့်တည့် ကြည့်လိုက်ပါ
ငါ့ ကိုအကဲခတ်နေတဲ့ သင့်
မျက်နှာကို သင် သေသေချာချာမြင်ရပါလိမ့်မည်။
စပယ်လေးရဲ.အတွေးလေးတွေကိုအားပေးသွားပါတယ်။
ခင်တဲ.အန်တီလေးမေခင်
ကိုယ့်ရဲ့ စိတ်ရင်းက
ကိုယ် ခံစားရတဲ့ အရောင်ပဲလေ
လောကကို ဟိုဝေ့ဒီဝိုက်
မလုပ်ပဲ မှန်တချပ်ကို
တည့်တည့် ကြည့်လိုက်ပါ
ငါ့ ကိုအကဲခတ်နေတဲ့ သင့်
မျက်နှာကို သင် သေသေချာချာမြင်ရပါလိမ့်မည်.... ကြိုက်တယ်။း)
မဂျက်ရဲ့အတွေးတွေ စာသားတွေ ကြိုက်တယ်
အတွေးလေးတွေ မှတ်သားစရာပါ
စိတ်ထားကောင်းလေးတွေကိုလည်း ညွှန်းပြထားတယ်
အချစ်ကဗျာတွေထက်
အခုတလော ဘဝပညာပေးကဗျာလေးတွေ
တော်တော်ကြိုက်လာသလိုပဲ
ကဗျာဖတ်ပြီး ဒီတခါကွန်မင့်ကြိုးစားပေးခဲ့တယ်း)
မောင်ဘကြိုင်
အတွေးလေးတွေ အများကြီးပါနေတော့...
အတွေးတွေကို ခဏဘေးချပြီး..ရှေ့ကိုပဲအလော
တကြီးကြည့်နေမိတဲ့...မိုးနတ်တို့ တွေးစရာလေးတွေ
သတိထားမိသွားတယ်...ကောင်းတယ်ချစ်မရေ...
ခုတလော မိုးနတ်တစ်ယောက် အချစ်ကဗျာတွေကလွဲရင်
တခြားအကြောင်းတွေးစရာ အာရုံမရဘူးဖြစ်နေတာ..
ခုမှ အိပ်မက်ထဲကနိုးတော့တယ်..ကျေးဇူးပါချစ်မ.
ချစ်တဲ့..မိုးနတ်
တိမ်ညိုမစင်၍
လမင်းကိုလည်း မမြင်ရပြီ...
ကျုပ်သိပ်ခံစားနေရတယ် ယောက္ခမ သည်ကဗျာတွေနဲ့ ကျုပ်ကို တရားမချပါနဲ့ ဗျား)။
ဟုတ်တယ်မိုးနတ်ရေ....ခံစာရတာခက်လာလို့လေ
ခုတလောအချစ်အကြောင်းမရေးဖြစ်ဘူး............
ဒီဟာလဲ အရင်ကရေးထားတာလေ ကြာပါပြီ...
မချစ်မမုန်း သည်နှစ်လုံးကြားမှာ ငါ ရှိနေခဲ့တာပါ...
လောကကို ချစ်တတ်လာအောင် မိုး၊ လေ၊ နှင်း၊ ပန်း၊ သစ်ရွက်အကြောင်းတွေ လေ့လာပါဦး...
ကဗျာလေး လန်းတယ် စပါယ်ရေ။
ချမ်းမြေ့ပါစေ
ခင်မင်တဲ့
ကောင်းလိုက်တာ မစံပယ်ရယ်။
"သံယောဇဉ်နဲ့ ခင်မင်မှုမှာ
အရောင်တွေမရှိပါဘူး"
အဲဒါလေး အကြိုက်ဆုံးဘဲ။
သင့်မျက်နှာ ပန်းရောင်သန်းလာလိမ့်မယ်
ပန်းအကြောင်း မိုးအကြောင်း
နှင်းအကြောင်း လေအကြောင်း
သစ်ရွက်တို့ အကြောင်းတွေကို
စိတ်ဝင်စားမှု
များများထားပေးပါ
သင် လောကကြီးကိုချစ်တတ်လာမယ် ။
ကြိုက်တယ်မမရေ
အတွေလေးတွေထဲအမြဲနစ်မျော်နေမိတယ် မမ ရေ ..
မှန်တစ်ချပ်ကို တည့်တည့်ကြည့်လိုက်တာ မှန်ထဲကသူတော်တော်ချောတယ်။
အင်း.. လောကကြီးကို ချစ်တတ်ဖို့ သစ်ရွက်လေးတွေကို စိတ်ဝင်စားမိတာတော့ ကြာပြီ..။ ကျွန်တော် ကဗျာရှင် ချပြလိုက်တဲ့ အတွေးလမ်းကြောင်းပေါ်မှာ ဆက်လျှောက်နေမိတယ်။
ကဗျာလေးလာဖတ်သွားပါတယ်အမရေ...
ဘူ့ ကိုကျောချင်တာရဲ..း)
ရေးအားကောင်းသလို တွေးအားကောင်းတဲ့
မဂျက်ရဲ့ အတွေးကဗျာထဲမှာ
ပျော်ဝင်စီးမျောခဲ့ပါတယ်ဗျာ ။
ဆက်လက်ထုဆစ်နိုင်ပါစေ ။
ဘာမှ အစိုးမရဘူးကွယ်
စိတ်ထဲက ခံစားမှု အလုံးအရင်းတွေ
ဖြေချလိုက်ပါတော့
အချိန်အခါ ကျရင် သက်သာစေမယ်
လက်ထဲက ဆုပ်ကိုင်သမျှ
နဲနဲချင်းစီ
လွှတ်ချလိုက်ပါတော့
သင့်စိတ်လေးပေါ့ပါးလို့နေမယ်
အတွေးလေးတွေ တွေးရင်း လောကကြီးကို ချစ်တတ်လာပေါ့
~ Kk ~
“စိတ်ထဲက ခံစားမှု အလုံးအရင်းတွေ
ဖြေချလိုက်ပါတော့
အချိန်အခါ ကျရင် သက်သာစေမယ်
လက်ထဲက ဆုပ်ကိုင်သမျှ
နဲနဲချင်းစီ
လွှတ်ချလိုက်ပါတော့
သင့်စိတ်လေးပေါ့ပါးလို့နေမယ်”
အကြိုက်ဆုံး အပိုဒ်လေးတွေ မမ
စိတ်ထဲမှာ ကြည်လင်အေးချမ်းသွားတယ်
သံယောဇဉ်နဲ့ ခင်မင်မှုမှာ အရောင်တွေမရှိပါဘူး
အဲလိုလေးပဲဖြေပါရစေ..
ကိုယ့်ရဲ့ စိတ်ရင်းက ကိုယ်ခံစားရတဲ့ အရောင်ပဲလေ...
*ကိုယ့်ရဲ့ စိတ်ရင်းက
ကိုယ် ခံစားရတဲ့ အရောင်ပဲလေ...* အဲ့စာကြောင်းလေးကြိုက်တယ် ခံစားချက်ချင်း တိုက်ဆိုင်လို့ပါ။
မရေ... မရောက်ဖြစ်တာတောင် ကြာပြီနော်.. ဒီနေ့တော့ လေပြေရောက်လာပါပြီး .. နေကောင်းကြတယ်ဟုတ်.. အမြဲတမ်း ခင်နေမယ် :)
ချစ်တဲ့
လေပြေ
လွတ်သွားတဲ့ ကဗျာလေးတွေ ဝင်ဖတ်သွားတယ် ဂျက်ရေ။ ပါရမီဓာတ်ခံရှိသူပီပီ လက်တမ်းကဗျာလေးတွေ ရေးစပ်တာအားကျစရာ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ပန်းအကြောင်း မိုးအကြောင်း
နှင်းအကြောင်း လေအကြောင်း
သစ်ရွက်တို့ အကြောင်းတွေကို
စိတ်ဝင်စားမှု
များများထားပေးပါ
သင် လောကကြီးကိုချစ်တတ်လာမယ် ။
ဒီစာသားလေးကို အရမ်းတန်ဖိုးထားမိတယ်ဗျာ ....။
ခင်မင်စွာဖြင့် FreeIdea
ချစ်လဲမချစ် မုန်းလဲ မမုန်းဆိုတော့ ဒါ ဘာသဘောလဲ။း)))
Post a Comment