ချစ်သူ
တွယ်တာခြင်းတွေ ထာဝရ ရစ်ခွေနေတော့
အပြစ်မမြင် နှလုံးသားထဲ
တင်နေတဲ့ ချစ်ကြွေး
ဒီဘ၀ အကြေဆပ်ပါရစေကွယ်
ကျိုးပျက်လု နီးပါးဖြစ်နေတဲ့
ချစ်သူရဲ့ သံယောဇဉ်တွေ
ဘာလုပ်ရ ရင်ကောင်းမှာလဲ
ချစ်ခြင်းတွေကို ပြန်ပေးပါ
တမ်းတခြင်းတွေ ပြန်ပေးပါ
ပြောလို့သာရခဲ့ရင်
ပြန်တောင်းမိပါတယ်
ကမောက်ကမနဲ့ စခဲ့တာမဟုတ်လို့
အတ္တတွေဖယ်ရှား ချစ်ခြင်းတူတွေခံစားခဲ့တာလေ
ယုယမှု့တွေက အဆိပ်တခွက်ဆိုတာ
အသိနောက်ကျနေခဲ့တယ်
ချစ်သူကိုလွမ်းရတဲ့ အလွမ်းတွေကို
ပန်းလိုလဲမသီချင်ဘူး
မှီခဲ့ဖူးတဲ့ ပုခုံးဦးလေးကိုသာ
တမ်းတလျှက်ပါ။
jasmine
23 comments:
စပါယ်က အလွမ်းတွေကို ပန်းလို မသီချင်ပေမယ့် နွေးထွေးလှတဲ့ ပခုံးလေးကို တမ်းတမိနေတယ်ပေါ့ ဟုတ်လား။
ခင်မင်တဲ့
ချစ်သူကိုလွမ်းရတဲ့ အလွမ်းတွေကို
ပန်းလိုလဲမသီချင်ဘူး
မှီခဲ့ဖူးတဲ့ ပုခုံးဦးလေးကိုသာ
တမ်းတလျှက်ပါ။
ကဗျာလေးခံစားသွာပီမားမား။
နေကောင်းအောင်လည်းကျန်းမားရေးကိုဂရုစိုက်ပါနော်။
ကောင်းလိုက်တဲ့ အဆုံးသတ်မှု့ဗျာ
အဲနေရာလေက တော်တော်လေးကို ရသ တင်စေတယ်။
ဒါနဲ့
သည်ကဗျာရေးတာ အကိုလွင်ပြင် သိသလားး)။
ချစ်သူကိုလွမ်းရတဲ့ အလွမ်းတွေကို
ပန်းလိုလဲမသီချင်ဘူး
မှီခဲ့ဖူးတဲ့ ပုခုံးဦးလေးကိုသာ
တမ်းတလျှက်ပါ။
ကဗျာလာအားပေးသွားပါတယ်အမရေ...း)
ချစ်သူကိုလွမ်းရတဲ့ အလွမ်းတွေကို
ပန်းလိုလဲမသီချင်ဘူး
မှီခဲ့ဖူးတဲ့ ပုခုံးဦးလေးကိုသာ
တမ်းတလျှက်ပါ....
စကားလုံးလေးကတော့ လှသဗျာ...
ချစ်မရေ..ခံစားသွားတယ်နော်..
ချစ်တဲ့....မိုးနတ်
မြတ်နိုးပြောသလို ကျန်းမာရေးလဲ ဂရုစိုက်အုံး..
ချစ်သူကိုလွမ်းရတဲ့ အလွမ်းတွေကို
ပန်းလိုလဲမသီချင်ဘူး
မှီခဲ့ဖူးတဲ့ ပုခုံးဦးလေးကိုသာ
တမ်းတလျှက်ပါ...
တဲ့လား... ကောင်းလိုက်တဲ့ စာသားလေး...:)
ကဗျာချိုချိုလေးထဲ
ပျော်ဝင်စီးမျောခဲ့ပါတယ် မဂျက်ရေ .....
ကျန်းမာရွှင်လန်းစွာနဲ့
ကဗျာတွေအများကြီး ဆက်လက်ထုဆစ်နိုင်ပါစေဗျာ ။
မှီခဲ့ဖူးတဲ့ ပုခုံးဦးလေးကိုသာ
တမ်းတလျှက်ပါ။
ဒါလေးက ရင်ကို တိုက်ရိုက်မှန်တယ်။
မဂျက်..
ကဗျာလေးက မိုက်ထှာ..
အသူ့ကို သတိရသွားလဲ မသိတော့ဘူး..အဟီး
အားပေးနေမယ်။
ကျန်းမာပါစေ။
ခင်တဲ့
အလွမ်း
ခံစားချက်လေး က ရင်ထဲ ထိတယ်ဗျာ ...
အရမ်းကောင်းတဲ့ ကဗျာလေးတပုဒ်...
စံပယ် ရေးလိုက်တဲ့ကဗျာတိုင်းလိုလိုက ဖတ်ရတာ ကောင်းတယ်ကွယ်
ချစ်သူကိုလွမ်းရတဲ့ အလွမ်းတွေကို
ပန်းလိုလဲမသီချင်ဘူး
မှီခဲ့ဖူးတဲ့ ပုခုံးဦးလေးကိုသာ
တမ်းတလျှက်ပါ။
လွမ်းသမျှနွမ်းလျခွေယိုင်
ဖြေနိုင်ပါဘူး
မေ့သက်ဦးရယ်
တကယ်ပါကွယ်။
မမအဲလိုလေးပဲဆက်လိုက်ချင်မိတယ်ဗျာ
ကောင်းပါပေ့အန်တီမမရေ
ဘယ်ပခုံးကို တမ်းတနေပြန်ရတာလဲ မိစံပယ်။ သူကြီးမင်းကို မှန်မှန်ပြောစမ်း။း)))
ဘာလေးရေးရေး ရင်ကို တန်းထိတော့တာပဲ မမရေ
~ Kk ~
တွယ်တာခြင်းတွေ ထာဝရ ရစ်ခွေနေတော့
အပြစ်မမြင် နှလုံးသားထဲ
တင်နေတဲ့ ချစ်ကြွေး
ဒီဘ၀ အကြေဆပ်ပါရစေကွယ်
အစ်မခံစားချက်တော့ ဟုတ်ပုံမရပါဘူး
အစ်မပျော်ရွှင်ပါစေ
စပယ်လေး
ချစ်သူကဗျာလေးအားပေးလျက်ပါ။
ကျန်းမာရေးဂရုစိုက်လို.အနားမှာရှိတဲ.
မောင်လွင်ပြင်ရဲ.ပုခုံးလေးကိုမှီထားလေ.........
ခင်တဲ့အန်တီလေးမေခင်
အလွမ်းတွေကို ပန်းလို မသီချင်ဘူးပေါ့..
အပင်မှာပဲ အလွမ်းတွေ ပွင့်နေပါစေ..
အလွမ်းတွေကို ပန်းလို မသီချင်ဘူးပေါ့..
အပင်မှာပဲ အလွမ်းတွေ ပွင့်နေပါစေ..
လှလိုက်တဲ့ အလွမ်း...
အလွမ်းလှလှလေး
ယုယမှုတွေကအဆိပ်တစ်ခွက်လား။ အဲဒီအဆိပ်ကိုပဲသောက်ချင်နေမိတယ်မမရေ။
Post a Comment