အမှောင်ခန်း လေးထဲ ချောင်ထိုးခံနေရတဲ့ စိတ်
တိတ်တိတ်လေးထွက်ပြေးလို့
ရွက်လွှင့်လိုက်ချင်မိတယ်
လ မသာတဲ့ညမှာ
ကြယ်လေးတွေ ပြူတစ်ပြူတစ်နဲ့
ငါနဲ့အတူ မူယာ မာယာများတဲ့
လောက ကိုကြောက်နေသလိုပေါ့
ဝရုန်းသုန်းကား ဖြစ်နေတဲ့
အထီးကျန် စိတ်
နာကျင်စိတ်နဲ့ ဖြေရမလား
အမုန်းစိတ်နဲ့ ဖြေရမလား
အမြဲပြုံးနိုင်ဖို့က လိုသေးတယ်
ကြာလာတော့လဲ အကြင်နာတွေ
အေးခဲလာတယ်
ရေခဲငွေ့တွေ တထောင်းထောင်းထနေလို့များလား
အရှိန်အဟုန် ပြင်းပြင်းနဲ့ထွက်ခွါသွားတဲ့ ဒီကျောပြင်ကို
ငါကြည့်နေရင်းမှာပဲ
ကျရှုံးတဲ့ အရသာခံစားလိုက်ရပြီ
နှုတ်ဆက်တဲ့ စကားသံ
ကြားလိုက်ရတဲ့ နားတွေကို အားနာမိလို့
မကြားလိုက်ဘူးပဲ သဘောထားလိုက်ပါ့မယ်ကွယ်
လတ်လတ်ဆတ်ဆတ် ကြီး ဒီသံယောဇဉ်တွေကို
ဘယ်လိုအကြောင်းကြောင်းကြောင့်
ပျက်သုဉ်းစေတာလဲ
မေးပါရစေ
ချစ်ရသူ မရှိပဲ နွမ်းနွမ်းလျလျ
လွမ်းခြင်း အညတရတွေနဲ့
ဘယ်သူပျော်ရွှင်နေမလဲကွယ်။
(ကဗျာအသစ်တွေမရေးဖြစ်တာကြာခဲ့ပါပြီ
တခါမှ မတင်ဖူးသေးတော့လဲ အသစ်ပါပဲနော်
ဘာအတွက်မျှမဟုတ်ပါပဲ စိတ်ထဲရှိတာလေးကို ရေးခဲ့ဖူးတဲ့ကဗျာလေးပါ)
jasmine
24 comments:
ကဗျာလေးကိုလာဖတ်သွားပြီနော်မမကြီးရေ့
ရင်ခုန်ရသူရေ
ခုတလောမတွေ့ပါလား မေးမလို့
စိတ်ကတော့ရောက်နေပါတယ်
အလုပ်များနေလား
နုတ်ဆက်တဲ့ စကားသံ
ကြားလိုက်ရတဲ့ နားတွေကို အားနာမိလို့
မကြားလိုက်ဘူးပဲ သဘောထားလိုက်ပါ့မယ်ကွယ်
လတ်လတ်ဆတ်ဆတ် ကြီး ဒီသံယောဇဉ်တွေကို
ဘယ်လိုအကြောင်းကြောင်းကြောင့်
ပျက်သုဉ်းစေတာလဲ
မေးပါရစေ
ချစ်ရသူ မရှိပဲ နွမ်းနွမ်းလျလျ
လွမ်းခြင်း အညတရတွေနဲ့
ဘယ်သူပျော်ရွှင်နေမလဲကွယ်...
ချစ်မရေ..ကောင်းလှချည်လား..
ဒီကဗျာတစ်ပုဒ်ကိုတော့ဖြင့် အစအဆုံးကို
အသေအလဲခိုက်သွားတယ်...
အရမ်းကြိုက်တယ်မရေ..
ပြောမပြတတ်အောင်ပါပဲ....:)
ချစ်မတစ်ယောက်နေကောင်းတယ်ဟုတ်....:P
သတိရနေပါတယ်နော်...
ချစ်တဲ့...မိုးနတ်
မိုးနတ်ရေ ကဗျာရေးတဲ့သူစိတ်ချမ်းသာအောင်ရေးခဲ့တဲ့
ကွန်မက်လေးအတွက် ကျေးဇူးအကြီးကြီးနော်
အားတွေဖြစ်စေတယ် ဆက်ရေးဖို့လေ
ချစ်ရသူ မရှိပဲ နွမ်းနွမ်းလျလျ
လွမ်းခြင်း အညတရတွေနဲ့
ဘယ်သူပျော်ရွှင်နေမလဲကွယ်။
သူကြီးမင်းကတော့ အညတရဆိုပေမဲ့ မပျော်မပျင်း ခပ်ရှင်းရှင်းပါဘဲ။း)
စံပယ်လေး
ကဗျာလေးအားပေးသွားပါတယ်။
နေကောင်းတယ်နော်အားပေးလျှက်
ခင်တဲ.အန်တီလေးမေခင်
လ မသာတဲ့ညမှာ
ကြယ်လေးတွေ ပြူတစ်ပြူတစ်နဲ့
ငါနဲ့အတူ မူယာ မာယာများတဲ့
လောက ကိုကြောက်နေသလိုပေါ့ ..နောက်တစ်ခေါက်လာဖတ်ရင်း ဒီအပိုဒ်လေးကို သဘောကျသွားတယ်..ကျန်းမာပါစေ jasmine ရေ..
အဆုံး ပါဒလေးကြောင့်
ရင်ထဲ
လှိုက်လှိုက်လှဲလှဲ မောသွားတယ်ဗျာ။
ဆက်လက်ထုဆစ်နိုင်ပါစေ ။
ဘာပြောရမှန်းမသိဘူး။ ကျနော့်ကိုများ ရည်ရွယ်လေသလား။
အစအဆုံးပေါ့။ ငိုချင်တယ်လို့မပြောတော့ပါဘူး။ မျက်ရည်ကျပြန်တော့လဲ လူမသိသူမသိပဲ။။။။။
ကဗျာလေးဆီ လာလည်သွားပါတယ်နော်
"...ဝရုန်းသုန်းကား ဖြစ်နေတဲ့
အထီးကျန်စိတ်
နာကျင်စိတ်နဲ့ ဖြေရမလား
အမုန်းစိတ်နဲ့ ဖြေရမလား
အမြဲပြုံးနိုင်ဖို့ လိုသေးတယ်..."
ဒီအပိုဒ်လေးကို ညီမ အကြိုက်ဆုံးပဲ မမဂျက်ရေ...။ ကဗျာချစ်သူချင်းမို့ မဂျက်က "ဘာအတွက်မျှ မဟုတ်"လို့ ပြောထားပေမဲ့ ကဗျာလေးရဲ့ ဆိုလိုရင်းကို ညီမ ခံစားမိလိုက်တယ်။ ကဗျာရေးတယ် ဆိုတာလည်း ခံစားချက်တစ်ခုခု မရှိဘဲ ရေးလို့ ရတာမျိုးမှ မဟုတ်ဘဲလေ။
အမြဲ ခင်မင်နေတဲ့
မြဝတီဇော်
အား လန်းချက် ကဗျာ လေးကြိုက်တယ်
ချစ်တဲ့
ဂျာရစ်
မဂျက်...
မေးပါရစေ
ချစ်ရသူ မရှိပဲ နွမ်းနွမ်းလျလျ
လွမ်းခြင်း အညတရတွေနဲ့
ဘယ်သူပျော်ရွှင်နေမလဲကွယ်။
မေးနဲ့ ဖြေဘူး...ဒါဗြဲ... ကဗျာကောင်းလေး လာအားပေးသွားတယ် မဂျက်ရေ. သတိရနေပါတယ်။
ချစ်တဲ့
အလွမ်း
ချစ်သူမရှိဘဲ ဘယ်ပျော်နိုင်ပါ့မလဲ ညီမရေ..
ကဗျာလေး ကောင်းလွန်းလို့ ကိုယ်ချင်းစာသွားမိတယ်
အမြဲပျော်ရွှင်နိုင်ပါစေလို့
နွမ်းနွမ်းလျလျ........
....ဖစ်နေလို့နှင်းဆီလေးခုမှရောက်လာတာခွင့်လွတ်ပါနော်အမြဲတမ်းနောက်ကျနေတာ.....နှင်းဆီချစ်တဲ့စပယ်......
ဟင့်..
ဘာမှန်းမသိ ဖတ်ရင်းနဲ့ ဝမ်းနည်းသလို ခံစားလိုက်ရတယ် အထီးကျန်သူမို့ ဖြစ်ပါလိမ့်မယ်..
စိတ်တွေ ထွက်ပေါက်ပေးဖို့ ကြိုးစားကြည့်ဦးမယ်..
လူမရောက်ဖြစ်လဲ အမြဲ သတိရနေတယ်နော် မမ..
ချစ်တဲ့
အိမ်မက်စေရာ
ချစ်ရသူရှိတယ်မမရဲ့။ ချစ်ရသူကိုလွမ်းရတဲ့အလွမ်းတွေနဲ့ပေါ့ဟီးဟီး
ကြည့်ရတာကေသီရန်ကုန်က ပြန်ရောက်ပြီးအရမ်းပျော်နေတယ်ထင်တယ်
ပျော်တာကောင်းပါတယ်ကေသီရေ
အမှောင်ခန်း လေးထဲ ချောင်ထိုးခံနေရတဲ့ စိတ်
တိတ်တိတ်လေးထွက်ပြေးလို့
ရွက်လွှင့်လိုက်ချင်မိတယ်
ကဗျာလေးကတော့ တပုဒ်လုံးကောင်းတာယ်...
လာအားပေးသွားပါတယ်..
ချစ်ရသူ တွေ့ခဲ့ရပြန်ပြီ မစံပယ်။ ဒါပေမဲ့လဲလေ မဖြစ်နိုင်ဘူးဆိုတာ သိပါတယ်။
ရိုးမြေကျက ရန်ကုန်မှာ ချစ်သူရခဲ့တာဖြစ်မှာ။ :P
ချစ်ရသူ မရှိပဲ နွမ်းနွမ်းလျလျ
လွမ်းခြင်း အညတရတွေနဲ့
ဘယ်သူပျော်ရွှင်နေမလဲကွယ်။
:)
အစ်မက က ဗျာမှာ.. အရေးရော.. အတွေးပါ တော်တော် ကောင်းတာ။ ဖတ်ရင်းဖတ်ရင်းနဲ့ ကဗျာတွေကို ကြိုက်တတ်လာပါပြီး)
~~~ပျော်ရွှင်ပါစေ~~~
မရေ ထိလိုက်တာမှ ရင်ထဲ အနက်ရှိုင်းဆုံးအထိ ကျေးဇူးတင်ပါတယ်နော်
ရေခဲငွေ့တွေ တထောင်းထောင်းထနေလို့များလား
အရှိန်အဟုန် ပြင်းပြင်းနဲ့ထွက်ခွါသွားတဲ့ ဒီကျောပြင်ကို
ငါကြည့်နေရင်းမှာပဲ
ကျရှုံးတဲ့ အရသာခံစားလိုက်ရပြီ
ကဗျာကောင်းလေးကို အသေအချာဖတ်ရှုခံစားသွားပါတယ်ဗျ
ခင်တဲ့
မိုးသူ(တောင်ကြီး)
Post a Comment