ဒီဇာတ်လမ်းမှာ
တိုက်တွေ ကားတွေ
အထားမှားစရာမလိုပါဘူး
ရှိမှ မရှိခဲ့တာ
စိန်နားကပ် မ၀ယ်နိုင်ခဲ့ဘူး
ရွှေဆိုလို့ မူးလို့ရှူစရာမရှိခဲ့ပါလေ------
သို့ပေသော်လည်း
မေတ္တာ အကြင်နာ
မုဒိသာတွေနဲ့ ပေါင်းစပ်
သံယောဇဉ်စစ်စစ်တွေ
နေ့စဉ်ဖတ်ကြား
ချစ်ရသူ စကား
ခါးတယ်မရှိ
အဲဒီလိုနဲ့---------
တို့နှစ်ယောက်ကြား
ချစ်မြဲချစ်လျှက် ချစ်နေဆဲပါ
ခုမြင် ခုတွေ့
ခုကြိုက် ခုယူ
ခုပင်ညားကြလေသတည်း မဟုတ်ခဲ့လို့
ရဲရဲတောက် အာမခံ
ကံကိုတော့ တို့မသိ
တရားကို နတ်စောင့်ပါ၏ ။
jasmine
24 comments:
ကံကိုတော့ တို့မသိ
တရားကို နတ်စောင့်ပါ၏ ။
အဟက် .....ချစ်မရေ
လန်းလှချည်လားဗျ...ဘာတဲ့
“ခုမြင် ခုတွေ့
ခုကြိုက် ခုယူ
ခုပင်ညားကြလေသတည်း မဟုတ်ခဲ့လို့
ရဲရဲတောက် အာမခံ
ကံကိုတော့ တို့မသိ
တရားကို နတ်စောင့်ပါ၏ ” ဆိုပဲ
အပေါ်က အပုဒ်တွေလဲ အရမ်းကြိုက်တယ်ချစ်မ:))
နာ့ချစ်မကတော့ အဲလိုအဲလိုရေးတတ်တာ :P
ချစ်တဲ့...မိုးနတ်
သို့ပေသော်လည်း
မေတ္တာ အကြင်နာ
မုဒိသာတွေနဲ့ ပေါင်းစပ်
သံယောဇဉ်စစ်စစ်တွေ
နေ့စဉ်ဖတ်ကြား
ချစ်ရသူ စကား
ခါးတယ်မရှိ
ဟုတ်တယ်နော..ချစ်သော..မစပယ်
အချစ်ကဗျာအနှစ်ပါ
ချစ်သဟာတို့ခံစားအလို့ငှာ
ရေးကာသီပေးကဗျာလေး
အားပေးသွာပါပေမကြီးရေ
စစ်မှန်တဲ့ ပိုင်ဆိုင်မှုကို ရဘို့သာလိုတယ် ဂျက်ရေ။
ကဗျာကောင်းလေးအားပေးသွားတယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ခုမြင် ခုတွေ့
ခုကြိုက် ခုယူ
ခုပင်ညားကြလေသတည်း မဟုတ်ခဲ့လို့
ရဲရဲတောက် အာမခံ
ကံကိုတော့ တို့မသိ
တရားကို နတ်စောင့်ပါ၏ ။
ကြိုက်၏
မရယ် ခုမြင်ခုကြိုက်ခုယူမှာ အဖြူထည်မို့ လို့ သနားခြင်းဖြင့် မငြင်းခဲ့မိတာပါ အရမ်းအရမ်းကို ခံစားသွားရပါတယ်ရှင်
ခုမြင် ခုကြိုက် ခုယူမှာ သနားခြင်းတွေ များစွာနဲ့ မို့  ကိုယ်ကသာလျှင် ခံလိုက်ရတာပါရှင် အရမ်း ကိုခံစားသွားရပါတယ်
မမ စိန်က စိတ်နားကပ်ဖြစ်နေတယ်မမ။ပြင်လိုက်ဦးနော်။
တရားကို နတ်စောင့်တယ်။ သစ္စာကိုလဲ နတ်စောင့်တယ်မမ။ ယုံကြည်ပါတယ် မခွဲအတူရှိနေကြမယ်ဆိုတာ။
မေတ္တာ၊ အကြင်နာ၊ မုဒိတာ၊ ခိုင်မြဲတဲ့ သံယောဇဉ်၊ နှစ်ဦးကြားမှာရှိတဲ့ နားလည်မှုတွေ.. နောက်တော့ သစ္စာတရား...ဒါတွေကသာ အရေးကြီးဆုံးပါ။ ...
Anyway, wish you two togehter forever with full of love, warmth, health, weatlh and success...
Cheers, witch83 ^^
အားပေးခံစားလျက်ပါ
ဘာပကာသနမှ မပါတဲ့ ရိုးစင်းတဲ့ အလှတရားလေး..ကို နတ်ကောင်းစောင့်ပါတယ်.။
ချစ်တဲ့သဒ္ဓါ
ကောင်းလိုက်တဲ့ စာသား...
မဒမ်ဟန်ကြည်ကို ပြရမှာပဲ...ဟဲ ဟဲ
ဦးဟန်ကြည်တို့ကလည်း ခုကြိုက် ခုယူမှမဟုတ်တာ...တစ်ခုတော့ ရှိတယ်ဂျက်ရေ...တရားကိုစောင့်နေတဲ့နတ်က ညဘက်ဘောလုံးပွဲတွေ စွတ်ကြည့်ပြီး နေ့ဘက်မှာ အိပ်ပျော်နေရင်တော့ ခွပဲ...
ကံကိုတော့ တို့မသိ
တရားကို နတ်စောင့်ပါ၏ ။ ကြိုက်တယ် မကြီးဂျက်ရေ
ဆရာဦးဟန်ကြည်ရှင်
ဟုတ်တယ် နတ်ကဘောပွဲရောက်ချင်ရောက်နေမှာ
တရားစီရင်ချိန်ကျတော့ အဲဒီနတ်က အိပ်ငိုက်နေပြီပေါ့
ကေသီ(ရိုးမြေကျ)ရေ စိန် ကိုပြောင်းလိုက်ပါပြီနော်
ကျေးဇူးကြီးကြီး
ခုမြင် ခုတွေ့
ခုကြိုက် ခုယူ
ခုပင်ညားကြလေသတည်း မဟုတ်ခဲ့လို့
ရဲရဲတောက် အာမခံ
တကယ်အာမခံတယ် မဂျီးဂျက်တို့ စုံတွဲကို :P
ခင်တဲ့
မိုးသူ(တောင်ကြီး)
နေရောင်မရတဲ့ ဆောင်းရာသီရဲ့
လကွယ်ည
တစ္ဆေတွေ လမ်းပျောက်ခဲ့ရပြီ
ရွှေလမ်းပေါက်တဲ့သူက ပေါက်
ဝိညာဉ်တွေငိုသံ တချက် တချက်ကြားလိုက်မိတယ်
မကြီး ဂျက်ရေ ဒီကဗျာလေးကို
လက်ခုပ်သံကျယ်ကျယ်လေးတီးသွားတယ်
မိုးသူ အရမ်းနှစ်သက်တယ်ဗျ
ခင်တဲ့
မိုးသူ(တောင်ကြီး)
မရောက်တာကြာလို့လားမသိဘူး
ကဗျာလေးကဖတ်လို့ကောင်းပြီးရင်းကောင်းနေတယ်နော်
မမစံပယ်
အစစအရာရာအဆင်ပြေတယ် ဟုတ် FB မှာစားစရာတွေပဲသိပ်မတင်နဲ့ အနော်ဗိုက်ဆာနေတဲ့အချိန်နဲ့ပဲတိုးတိုးနေလို့ :P
ပျော်ရွှင်နိုင်ပါစေနော်
ခင်တဲ့(အိပ်မက်ကောင်းကင်)
လာရောက်ခဲ့ပါတယ်နော်
ကဗျာက နိုင်ငံရေးတွေ ပါနေသလိုဘဲ ယောက္ခမး))
စိန်တွေ ကားတွေလား ကျုပ်ချစ်သူ ကျုပ်ကိုချစ်တာလောက်တော့ အရေးမပါဘူး
ယုံရဲ့လား ကျုပ်ငယ်ရည်းစား မြတ်ကိုသာ မေးကြည့်ပေတော့း))။
လေးစားရတဲ့ အချစ်ပါပဲ
~ Kk ~
မေတ္တာ အကြင်နာ မုဒိသာဆိုတဲ့ အခြေခံအုတ်မြစ်လေး ခိုင်မြဲနေရင်တော့ အပေါ်ယံရုပ်ဝတ္ထုပစ္စည်းတွေ ဘယ်လောက်ဆွဲဆောင်နေပါစေ ဘာမှအသုံးမ၀င်ပါဘူး...
စစ်မှန်တဲ့ချစ်ခြင်းမေတ္တာတွေနဲ့ မဂျက်နဲ့လွင်ပြင်တို့ ထာဝရချစ်ခင်ပျော်ရွှင်နိုင်ကြပါစေနော်...:)
ချစ်တဲ့
လေပြေ
လေးစားအားကျလောက်တဲ့ အချစ်ကို ကဗျာလှလှလေးဖန်တီးရေးဖွဲ့ထားတာကိုက ချစ်စရာပါပဲ မမရေ ...
သာမက်ရေ
စိတ်ပေါက်ပေါက်နဲ့ရေးချလိုက်တာပါ
သာမက်ရဲ့ အချစ်ကိုတော့ လေးစားပါတယ်
Post a Comment