တနေ့နေ့ တရွေ့ရွေ့
ပြက္ခဒိန်စာရွက်တွေ အငွေ့လို ပြန်သန်းသွားပြီ ။
အသက်တွေ တစ်နှစ်ပြီး တစ်နှစ် ကြီးရင့်လာလဲ
အသိတွေ ရင့်မလာဘူး အသိတွေ ကြီးမလာဘူး
ကျွန်မ အလကားလူဖြစ်နေပြီလား ။
အသက် ၄၀ ကျော်တော့ ရယ်ပြုံးစရာတွေသိပ်မတွေ့ရဘူး
နှလုံးသားထဲက အပြုံးတွေ သေဆုံးကုန်တာလား
အိမ်ပြင်မှာ နှင်းတွေ အထပ်လိုက်တွေ့နေရလဲ
ရင်ဘတ်ထဲ ပူလောင်လိုက်တာ ချစ်သူရယ်
ဝါရှင်တန်မှာ အဖန်တရာတိုင် မနေပါရစေနဲ့
တောင်ပေါ်မြေကိုပြန်ပါရစေ ။
ထူးဆန်းတာတခုက လူတွေကို ခပ်လွယ်လွယ်
မေ့လို့ရပြီး ခပ်လွယ်လွယ် ခွင့်လွှတ်တတ်လာတယ် ။
ချစ်သူရယ် ဒီနေ့တော့ ရှိပါစေတော့
ကျွန်မတို့အတွက် နက်ဖြန်ဆိုတာတွေအများကြီးပါကွယ်
(နေ့တိုင်းပြောမိတဲ့ စကား)
လိုအပ်တာတွေ အကုန်ယူလို့ရတယ်ဆိုလို့
ယူလိုက်ကြပုံများ
နောက်ဆုံးတော့ သိလိုက်ရတာက
ဒုက္ခ တွေပါလားကွယ် ။
jasmine
4 comments:
လတ်တလောခံစားချက်လေးနဲ့ထပ်တူပဲ မစံပယ်။
ဘယ်တော့ပြန်လာမှာလဲ အိုမား...
ချစ်သူရယ် ဒီနေ့တော့ ရှိပါစေတော့
ကျွန်မတို့အတွက် နက်ဖြန်ဆိုတာတွေအများကြီးပါကွယ်
မနက်ဖြန်တွေမှာ သုခတွေနဲ့ပြည့်စုံပါစေ ဂျက်ရေ
အနှစ်ပြည့်တဲ့ သံဝေဂ ကဗျာလေး အားပေးသွားတယ် ဂျက်ရေ...
Post a Comment