တို့ နှစ်ယောက်ကြားအလွမ်းတွေ
ဝေးဝေးပြေးပါစေ
အနမ်းတွေကတော့ လာစမ်း
ချစ်သူတို့လျှောက်တဲ့လမ်းက
ပန်းချယ်ရီတွေ မျက်ရည်ကျကုန်ပြီ ။
တနှစ်ပြီး တနှစ်
တိုးလို့ချစ်ပြီးရင်းချစ်ခဲ့တာ
၈ နှစ်တောင်ကြာခဲ့ပြီ ။
ချစ်သူဆောက်ခဲ့ ပေးတဲ့
ကျွန်မရဲ့ ကဗျာလွင်ပြင်အိမ်လေး
သက်တမ်း ၂ နှစ်ပြည့်ခဲ့ပြီ ။
မကြာခဏ ကောက်တတ်တဲ့ငါ့ရဲ့ စိတ်ကို
အထာမရှိပဲ ရိုးဖြောင့်တဲ့ ချစ်သူက
အနိုင်ယူလိုက်တယ် ။
သီချင်းတွေဆိုပြီး ချော့တတ်တဲ့ ချစ်သူ
ထမင်းနယ်ပြီး ခွံကျွေးတတ်တဲ့ ချစ်သူ
အများနဲ့မတူ ချစ်တတ်တာ
ဘယ်သူနဲ့မှ မတူ ။
သံယောဇဉ်နဲ့ အကြင်နာ
အထပ်ထပ်ကာရံထားပြီး
ရိုက်ခတ်လာတဲ့လောကဒါဏ်
တို့ နှစ်ယောက် တူတူကာကွယ်
ရှားစောင်းနဲ့ ဆူးပင်တွေကိုလဲ
သစ္စာတရားနဲ့ခုတ်လှဲ
ဒါကြောင့်
တို့ နှလုံးသားနဲ့ တို့ ပတ်ဝန်းကျင်
ဘယ်တော့မှ
လေစိမ်းဝင်မရပါ
မုန်းတိုင်းဝင်မရပါ ။
jasmine
၂၀၁၁ ဖေဖ၀ါရီလ ၁၄ ရက်နေ့မှ စပြီး ချစ်သူက
လက်ဆောင်ပေးခဲ့တဲ့ ကျွန်မရဲ့ ကဗျာလွင်ပြင် အိမ်လေးမှာ
၂၀၁၃ ဖေဖ၀ါရီလ ၁၄ ရက်နေ့တွင် ဘလော့သက်တမ်း ၂ နှစ်ပြည့်ခဲ့ပါပြီ
ဒီတလ လုံး မိသားစု - မိတ်ဆွေ - သူငယ်ချင်း များ
နေမကောင်းနေသော လူနာများ(ဝေဒနာ)ရှင်များအတွက်
အချိန်များစွာအသုံးပြုနေရပါသဖြင့် ဖဘ မှ မိတ်ဆွေ
ဘလော့မှ မိတ်ဆွေ အားလုံးကို တောင်ပန်ပါရစေကျွန်မရဲ့ ကဗျာလွင်ပြင်အိမ်လေး
၂ နှစ်ပြည့်အထိမ်းအမှတ်ကိုလဲ သီးခြားမလုပ်နိုင်ခဲ့ပါရှင်
ချစ်သူများနေ့တွင် ချစ်တတ်သူများ ချစ်နေသူများ အားလုံး မိမိ ချစ်ရသူနဲ့အမြဲ
ထာဝရ မခွဲမခွါ နေနိုင်ကြပါစေလို့ ဆုတောင်းရင်း
အားလုံးရဲ့ ရာသက်ပန်
jasmine
30 comments:
ဘလော့ဂ် ၂ နှစ်မြောက်မှသည် နှစ်ပေါင်းများစွာတိုင်တောင် ကဗျာလေးတွေ အများကြီး ရေးနိုင်ပါစေလို့ တောင်းဆုပြုပါတယ် မဂျက်နဲ့ ကိုလွင်ပြင်ခင်ဗျား.......
နောက်ပြီးတော့ အများကြီးလဲ ထပ်တိုး ထပ်တိုး ချစ်နိုင်ကြပါစေဗျား..
နှစ်နှစ်ပြည့်မှသည် နောင်နှစ်ပေါင်းများစွာတိုင် ဘလော့
လေးနှင့်တစ်ကွ ကိုလွင်ပြင်၊အစ်မဂျက်တို့ မောင်နှံရဲ့ဘဝ
ခရီးလည်း ပျော်ရွင်ချမ်းမြေ့စွာ အဓွန့်ရှည်တည်တံပါစေ
ကြောင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
ချစ်မကြီးနဲ့ချစ်ကိုကြီးတို့ ၂ယောက် ဒိထက်ပိုပြီးချစ်
နိုင်ကြပါစေ.....နောင်နှစ်ပေါင်းများစွာအထိ
အိမ်လေးလဲ အဓွန့်ရှည်တည်တံ့လို့ ကဗျာတွေ
ဆက်လက်ထုဆစ်နိုင်ပါစေ...:)))
ဂျက်တို့ချစ်သူနှစ်ဦး ချမ်းမြေ့ပျော်ရွှင်ပါစေ..
ဘလော့ နှစ်နှစ်ပြည့် အမှတ်တရအဖြစ်.. ချစ်စရာကဗျာလေးတွေလည်း ဖတ်ခွင့်ရ ပါရစေ..
ချစ်တဲ့
သဒ္ဓါ
ဂုဏ်ယူစရာကောင်းသလို
ကြည်နူးစရာကောင်းတယ်
ပျော်ရွင်ချမ်းမြေ့ တဲ့ ဘ၀ မှာ
လိုရာဆန္ဒတွေ ပြည့်စုံကြပါစေလို့ 
ဆုတောင်းပါတယ် ဂျက်ရယ်
မမရေ ဒီထက်မက သောပျော်ရွှင်သော ဘ၀ကိုပိုင်ဆိုင်နိုင်ပါစေ
ရှစ်နှစ်ရှစ်နှစ်တွေ အများကြီး ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေ။
နှစ်နှစ် နှစ်နှစ်တွေ များစွာများစွာ ဘလော့ဂင်းနိုင်ပါစေ။
ဟက်ပီးချစ်သူများနေ့ပါ။
၂ နှစ်ပြည့်သွားတဲ့ ကဗျာလွင်ပြင်လေး နှစ်ပေါင်းများစွာ တိုးလို့ ရှင်သန်၊ ဖွံ့ ဖြိုးပါစေ..၊ ထို့အတူပဲ ညီမစံပယ်နဲ့ ကိုလွင်ပြင်တို့လည်း တွဲလက်တွေ ခိုင်မာ၊ မြဲမြံပါစေလို့ ဆုတောင်းလိုက်ပါတယ်..။
Happy 8th year anniversary to the lovely couple and 2-year anniversary to this ကဗျာလွင်ပြင် house, cheers.. :)
၂နှစ်မှသည် နောင်နှစ်ပေါင်းများစွာတိုင် မမတို့ရဲ့ ခိုင်မြဲတဲ့အချစ်တွေနဲ့အတူ ဒီဘလော့လေးလည်း တည်ရှိနိုင်ပါစေရှင်
မမတို့နှစ်ယောက်လျှောက်သောလမ်း ပန်းခင်းလမ်းဖြစ်ပါစေ။ ဒီ့ထက်မက ချစ်နိုင်ကြပါစေမမရေ။ အရမ်းသတိရနေပါတယ်မမကို။
၂နှစ်ပြည့်မှသည် ချစ်ခရီးလမ်း
အေးချမ်းပျော်ရွှင် သံသရာအဆက်ဆက်ရင်ခုန်ဘက်မို့
မောင်မယ်နှစ်ဦးချစ်ကြည်နူးလို့
လောကအကျိုးရွက်သယ်ပိုး
စာပေလက်လေး အဓွန့်ရှည်ပါစေ..
ဘရိုနဲ့ ချစ်မ ဒိထက်မက အချစ်တွေ ဝေစည်နိုင်ပါစေနော
~ Kk ~
ချစ်သက်တမ်းက ၈ နှစ်ပါ ဘလော့သက်တမ်းက ၂ နှစ်ပါရှင်
ယနေ့မှစ နှစ်တရာတိုင်...:)
အမြဲကဗျာလေးတွေဖန်တီးနိုင်ပါစေ။
သွေးတိုးနေတယ်ဆို..ဂရုစိုက်အုန်းနော် မမ
အမှတ်ရစရာလက်ချစ်သူဆီကလက်ဆောင်ကလေးနော် ...။ ဒယ်ဒီက မာမီ့ကိုချစ်သလိုအချစ်မျိုးကတော့ ရှာမှရှားပါပဲ...။ ဘလော့နှစ်နှစ်ပြည့်ရော ချစ်သူများနေ့အတွက်ရော ဆုတောင်းပေးပါတယ် နောင်နှစ်ပေါင်းများစွာအထိ လွင်ပြင်+ဂျက် အချစ်တွေတိုးတိုးလာပါစေလို့...စိတ်ချမ်းသာကိုယ်ကျန်းမာနဲ့ရှိပါစေ ဖဘမှာ ဟင်းတွေများများတင်နိုင်ပါစေ...း)
တို့ နှစ်ယောက်ကြားအလွမ်းတွေ
ဝေးဝေးပြေးပါစေ
အနမ်းတွေကတော့ လာစမ်း
****
တနှစ်ပြီး တနှစ်
တိုးလို့ချစ်ပြီးရင်းချစ်ခဲ့တာ
****
ကြိုက်သွားပြီ...တရုတ်နစ်သစ်ကူးထွက်လယ်နေလို့
ခုမှေ၇ာက်လာ၇တယ်....မစပယ်ရေ...
စပယ်ရဲ့နှင်းဆီ
သူနဲ့သာဆိုရင် ဓားတောင်ကိုလည်း ဖြတ်ရဲ၊ မီးပင်လယ်ကိုလည်း ကူးပစ်ဖို့ ၀န်မလေးဘူးပေါ့နော်။ ချမ်းမြေ့ပါစေ စပါယ်ရေ
ကဗျာလေးဖတ်ပြီး အားကျကြည်နူးခြင်းများစွာနဲ့ အစ်ကိုနဲ့ မမတို့ရဲ့ ချစ်ခရီးလမ်း ဆထက်ထမ်းပိုးသာယာဖြောင့်ဖြူးပါစေလို့ ဆုတောင်းပေးပါတယ်နော် ...
အထိမ်းအမှတ်ကဗျာလေးက
နွေးနွေးထွေးထွေးရှိလွန်းတယ်။ :)
လိုက်ဖက်တဲ့ ကိုလွင်ပြင်နဲ့မကြီးဂျက်တို့ ထာဝစဉ် တွဲလက်မြဲပါစေရှင် ...
မမရေ... ချီးယားးးးးးးစ် ထာဝရ ပျော်ရွှ့င်ပြီး ဆထက်တပိုး ချစ်နိုင်ပါစေနော်။။။။။။။။။
မမရေ... ချီးယားးးးးးးစ် ထာဝရ ပျော်ရွှ့င်ပြီး ဆထက်တပိုး ချစ်နိုင်ပါစေနော်။။။။။။။။။
အချစ်မေတ္တာမိုး
ထပ်ခါတိုးလို့
ချစ်ကြိုးခိုင်မာ
ရင်လွှာနှစ်စုံ
ချစ်ရိပ်မြုံနန်း
မောပန်းကင်းဝေး
ချစ်အိမ်လေးလည်း
တည်မြဲလင်းလက်
စာချွန်ထက်စွာ
သီကာစဉ်ပေး
နွေးထွေးစွာဖြင့်
ကမ်းလင့်ပါစေဗျာ
ခင်တဲ့
ရင်ခုန်
ကိုလွင်ပြင် နဲ့ မစံပယ် ရာပြည့်ရတုတိုင်ပါစေ။
ကိုလွင်ပြင်နဲ့မကြီးဂျက်တို့ ထာဝစဉ် တွဲလက်မြဲပါစေရှင် ...
၂ နှစ်ဆိုတော့ အိမ်မက်နဲ့ တူတူပဲပေါ့..
ချစ်မတို့ ဒီထက်မကချစ်နိုင်ပါစေ.
ကဗျာတွေ ပိုပြီးရေးနိုင်ပါစေ..
ကျန်းကျန်းမာမာနဲ့ နောင်နှစ်တွေ အများကြီး ကျော်ဖြတ်နိုင်ပါစေ..
အိမ်မက်
သြော်..
၂ နှစ်တောင်ပြည့်သွားပြီးကိုးဗျ
နောက်နှစ်ပေါင်းများစွာတိုင်အောင်
ဆက်လက်ပြီးရေးသားနိုင်ပါစေဗျာ။
လွင်ပြင်အပြည့် စံပယ်တွေ ပွင့်လို့ လောကအလှကို သယ်ပိုးနိုင်ကြပါစေ ...
ချစ်သူနှစ်ယောက်ကြားမှာ အလွမ်းတွေ ဝေးဝေး ပြေးပြီ အနမ်းတွေ များစွာ ပွင့်လန်းနိုင်ပါစေ..။
Post a Comment