ဂယောင်ချောက်ခြားမှုများစွာနဲ့
အာရုံတွေကလဲ အထွေထွေ အပြားပြား
ကောင်းကင်က လမင်း
ရုတ်တရက်ပြုတ်ကျလာတာလား
ဘာရယ်တော့ သေချာမသိပေမယ့်
ငါ့အသဲ ပြားချပ်ချပ်ဖြစ်နေတာ
အသေအချာပါ
အမှောင်တွေ ပိုနေတာလား
အရာအားလုံး
ယောင်ယောင် မှားမှားနဲ့
မျက်ကန်း လမ်းပျောက်နေသလို
လင်းခနဲ လက်ကနဲ
ကြယ်တွေကြွေတာလား
မျက်ရည်မိုး တသည်းသည်း
နှလုံးသားက မိုးခြိမ်းသံ
အရောင်တွေ မဲနေသလို
အဲတာ ချစ်သူထွက်ခွါသွားတဲ့ညပေါ့ ။
jasmine
31 comments:
ချစ်သူမရှိတဲ့ညကို ချစ်သူမရှိတဲ့ ညလေး လာအားပေးသွားတယ် မမ :D
ဒီမှာတော့ မုန်တိုင်းဝင်နေလို့ ကြယ်လည်း မစုံ၊ လလည်းမမြင်၊ လေတ၀ူးဝူးနဲ့... မနက်ဖြန် မုန်တိုင်းပြင်းလို့ အလုပ်နားရင် ကောင်းမလားလို့...
အဲတာ ချစ်သူထွက်ခွါသွားတဲ့ညပေါ့ ။
အပေါ်ကစကလုံးတွေနဲ့ ပီပြင်အောင်ပုံဖော်သွားတာ
အင်မတန်လှတယ်ဗျာ
မိုးသူ(တောင်ကြီး)
ဟာတာတာကြီးနေမှာပေါ့ ..... ဟိ
ချစ်သူက ဘယ်ကို ထွက်သွားတာလဲ။
ပြန်ခေါ်လိုက်။း))
လွမ်းချင်းလို့ပဲ ဆိုရမလား :D :D
အရာအားလုံး
ယောင်ယောင် မှားမှားနဲ့
မျက်ကန်း လမ်းပျောက်နေသလို
လင်းခနဲ လက်ကနဲ
ကြယ်တွေကြွေတာလား
မျက်ရည်မိုး တသည်းသည်း
နှလုံးသားက မိုးခြိမ်းသံ
အရောင်တွေ မဲနေသလို
အဲတာ ချစ်သူထွက်ခွါသွားတဲ့ညပေါ့ ။...
သူထွက်သွားတဲ့ည..တွေ တော်တော်တောင် များခဲ့ပြီပဲ....
မမရေ..ခံစားအားပေးလျှက်ပါလို့..
ချစ်သူ မရှိတဲ့ညတော့ မသိဘူး.. ချစ်သူဖုန်းမဆက်နိုင်တဲ့ညတော့ရှိတယ်.. တကယ့်ကို ဟာတာတာကြီးရယ်..
ချစ်သူမရှိတဲ့ ညတော့ မသိဘူး.. ချစ်သူဖုန်းမဆက်နိုင်တဲ့ညတော့ သိတယ်.. ရင်ထဲမှာ ဟာတာတာကြီး မမစံပယ်ရေ..
အရာအားလုံး
ယောင်ယောင် မှားမှားနဲ့
မျက်ကန်း လမ်းပျောက်နေသလို
လင်းခနဲ လက်ကနဲ
ကြယ်တွေကြွေတာလား
မျက်ရည်မိုး တသည်းသည်း
နှလုံးသားက မိုးခြိမ်းသံ
အရောင်တွေ မဲနေသလို
အဲတာ ချစ်သူထွက်ခွါသွားတဲ့ညပေါ့ ။
ချစ်သူမရှိတဲ့ညကဗျာလေး..လာအားပေးသွားပါတယ်
ကဗျာလာဖတ်သွားပါတယ်ခင်ဗျ...အလွမ်းတွေပေါ့နော်
အမ
ချစ်သူထွက်ခွာသွားတဲ့ညက
မျက်ရည်မိုး တသည်းသည်း သွန်းဖြိုးနေခဲ့တာတော့ အသေအချာပဲ မမရေ ... :)
ဟာတာတာကြီး....
နာအလုပ်များနေလို့ အိမ်ပြန်နောက်ကျတာပါ ဟိ
ကဗျာလေးလာဖတ်သွားပါတယ်အမရေ..
ချစ်သူမရှိတဲ့ နေ့ ..ချစ်သူမရှိတဲ့ညဟာ..
အဲ့လိုပါပဲဆိုတာ..နားလည်ပြီးရင်းနားလည်သွား
ပါတယ်..း)
ချစ်သူထွက်သွားတဲ့ ညမှာငိုလိုက်တာ ကိန္ဓရီ မောင်နှံထက်တောင် အရှုံးပေးလောက်တယ်ထင်တယ်နော်
^_^
လာအားပေးသွားတယ်နော် မမစံပယ်
ကိုလွင်ပြင် ဘယ်သွားနေလို့လဲ
မျက်ရည်မိုးတော့မသည်းလိုက်ပါနဲ့မရယ်.. ဒီမှာ မိုးသည်းလွန်းတော့ ရေတွေတောင်မြုပ်ကုန်ပီး..အိမ်တွေ..ဟီးဟီး..
ခင်တက်တဲ့
လေပြေချို
အနားမှာ ချစ်သူမရှိမှတော့ ဘာမှကို မလှပနိုင်တော့ပါဘူး
ုကဗျာလေးကိုလာရောက်ခံစားသွားပါတယ်အမဖြူရေ...
မောင်တော်ဘုရား ဘယ်ချောင်သွားလို့
အိမ်ပြန်နောက်ကျ လွမ်းနေတာလား
အမတော်ဖြူးP
ခင်မင်စွာဖြင့်
ရာဇာထွေး
ချစ်သူဟာလောကကြီးကိုဖန်ဆင်းသူလားလို့တောင် မေးယူလို့ရပါတယ် သူမရှိတဲ့ညတွေဆိုအဲ့လို ခံစားရမြဲပါ
စံပယ်ရေ..
ငါ့အသဲ ပြားချပ်ချပ်ဖြစ်နေတာ
အသေအချာပါ ...
အသဲက ဘယ်လိုလုပ် ပြားချပ်ချပ် ဖြစ်သွားတာလဲ။
မသိလိုက်ပါလား...လက်တောင် မတို့ဘူးနော်.
ပြားချပ်ချပ်ဖြစ်တွားတာ.
ဘာရယ်တော့ သေချာမသိပေမယ့်
ငါ့အသဲ ပြားချပ်ချပ်ဖြစ်နေတာ
အသေအချာပါ
ရင်ထဲကို ထိတယ် :)
ချစ်သူမရှိတဲ့ ညတွေရဲ့ ခံစားချက်ကို နားလည်ပါတယ်.. စံပယ်ရေ.. :)
လွင်ပြင်လေး ဂျူတီကျနေလို့ ဖြစ်မယ် :P
ပြန်လာမှာပေါ့ ဂျက်ရယ် မျက်ရည်ကျပါ တိတ်တိတ်း)
ကဗျာလေးအားပေးသွားတယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်
မေတ္တာဖြင့်
အန်တီတင့်
အမှောင်တွေ ပိုနေတာလား
အရာအားလုံး
ယောင်ယောင် မှားမှားနဲ့
မမရယ်
~ Kk ~
အမချစ်သူမရှိတဲ့ညကျရင်
တကယ်ပဲအဲလိုခံစားရတာလားဟင်
အားပေးသွားပါတယ်နော်
အမချစ်သူမရှိတဲ့ညကျရင်
တကယ်ပဲအဲလိုခံစားရတာလားဟင်
အားပေးသွားပါတယ်နော်
မျက်ရည်မိုး တသည်းသည်း ရွာသွန်းရင်း
နှလုံးသားက မိုးခြိမ်းသံကြောင့်
ချစ်သူ မရှိတဲ့ငါ့ရဲ့ညတွေကို ဘယ်လိုရှေ့ဆက်ရမလဲချစ်သူရယ်
အချစ်ဆိုတာ
သြော် သည်လိုပါလားရယ်လို့....
သီချင်းဆိုပြတာပါ
တတ်သိမှု့ နားလည်မှု့များကသာ
ဘ၀ အတွက်အရေးပါတာ ပါ
တတ်သိချင်း နားလည်ချင်းများနဲ့သာ
ဖြေးဖြေးခြင်း ခရီးနှင်းကြပါ
အေးချမ်းခြင်းဆိုတာ မဖိတ်ခေါ်ရင်တောင် အရောက်လာပါလိမ့်မယ်။
Post a Comment