အမှောင်ခန်း လေးထဲ ချောင်ထိုးခံနေရတဲ့ စိတ်
တိတ်တိတ်လေးထွက်ပြေးလို့
ရွက်လွှင့်လိုက်ချင်မိတယ်
လ မသာတဲ့ညမှာ
ကြယ်လေးတွေ ပြူတစ်ပြူတစ်နဲ့
ငါနဲ့အတူ မူယာ မာယာများတဲ့
လောက ကိုကြောက်နေသလိုပေါ့
ဝရုန်းသုန်းကား ဖြစ်နေတဲ့
အထီးကျန် စိတ်
နာကျင်စိတ်နဲ့ ဖြေရမလား
အမုန်းစိတ်နဲ့ ဖြေရမလား
အမြဲပြုံးနိုင်ဖို့က လိုသေးတယ်
ကြာလာတော့လဲ အကြင်နာတွေ
အေးခဲလာတယ်
ရေခဲငွေ့တွေ တထောင်းထောင်းထနေလို့များလား
အရှိန်အဟုန် ပြင်းပြင်းနဲ့ထွက်ခွါသွားတဲ့ ဒီကျောပြင်ကို
ငါကြည့်နေရင်းမှာပဲ
ကျရှုံးတဲ့ အရသာခံစားလိုက်ရပြီ
နုတ်ဆက်တဲ့ စကားသံ
ကြားလိုက်ရတဲ့ နားတွေကို အားနာမိလို့
မကြားလိုက်ဘူးပဲ သဘောထားလိုက်ပါ့မယ်ကွယ်။
jasmine
7 comments:
ကဗျာလေးခံစားဖတ်ပြီး ဖတ်သွားတယ်ဂျက်ရေ...
မေတ္တာဖြင့်
တီတင့် ^_^
အရမ်းကောင်းတယ်
အရမ်းကောင်းတယ်
မကြီး အခုချိန်ထိ blog ရေးနေတုန်းဘဲဟိဟိ မိုးသူတို့ ကမြန်မာပြည်ဆိုတော့ လိုင်းမရလို့ ဖွဘုတ်ပဲသုံးနေရတယ်ကဗျာကောင်းလေး ခံစားဖတ်ရှု သွားပါတယ် မကြီးနဲ့ကိုကြီးလွင်ပြင် ကျမ်းမာ ရွှင်လန်းပါစေ
မိုးသူရေ
ပေးတဲ့ဆုနဲ့ပြည့်ရပါစေ...ကျေးဇူးပါ
အသူလာလည်သွားပါတယ် (^_^)
ကျေးဇူးပါအသူရေ....နောက်လဲမကြာခဏလာလည်နော်
Post a Comment