နှလုံးသားကို စတေးပြီး
အလောင်းအစား လုပ်တာမဟုတ်ပေမယ့်
မင်းရဲ့စေတနာ အမှားတွေကို
ထောက်ထားပြီး
တားဆီးမရတဲ့ လက်ကျန်
သံယောဇဉ် ပါးပါးလေးကို
အလွမ်းတွေ ကြားကနေ
ဝိုးတ၀ါး မြင်ရတဲ့
ချစ်သူက
အကြင်နာတွေ ကိုလဲ
ခိုးယူခဲ့ပါတယ်
မခိုင်မြဲလို့ ယိုင်လှဲခဲ့ရတဲ့ ဘဝ
ထူလှဲ့ပါဦး ကူပါဦး
အမူအရာ ပိုပိုသာသာနဲ့
မျက်နှာချို လေပြေသွေး
အေးအေးဆေးဆေး ပြောနေသလို
ဘ၀တခုလုံး အမုန်းတရားတွေ
ဖုံးကွယ်သွားတော့ တွေ့သမျှ မြင်သမျှ
အရာအားလုံး ဗလာချည်းပါပဲ။
ကံကြမ္မာလမ်း မဖြောင့်တန်းလို့
လွမ်းနေရတဲ့ ဒီရာသီတွေကို
တမ်းတမ်းတတနဲ့
ရင်ဘတ်ထဲ သိမ်းထားတာ
နှစ်လရှည်ကြာ
အပြုံးတုတွေ
ဗုံးဘောလအောသုံးပြီး
နှလုံးသားထဲထိ ၀င်လာတဲ့
မင်းကို ရိုင်းတယ်လဲ မထင်မိပါဘူး
အနာဂတ်မှာ သာယာဖို့အရေး
ချစ်ရတဲ့ မင်းစွန့်ခွာပြေးတော့
အတွေးနဲ့ပဲ ဝေးသထက်ဝေးတော့
အဆွေးတွေနဲ့ လွမ်းရပြီကွယ်
ကဗျာ ချစ်သော စာချစ်သော သူငယ်ချင်းအားလုံးကို
အမြဲချစ်တဲ့ jasmine
28 comments:
အနာဂတ်မှာ သာယာဖို့  အရေး ချစ်ရတဲ့ မင်း စွန့် ခွာပြေးတော့ အတွေးနဲ့ ပဲ ဝေးသထက်ဝေးတော့ အဆွေးတွေ နဲ့  လွမ်းရပြီကွယ် .... တဲ့
အရမ်း ကြိုက်တယ် ဗျာ ...
ဒီလောက်နီးနေတာကို လွမ်းနေတုန်းလား မမရေး)
ကဗျာလေးကိုခံစားအားပေးသွားတယ်း)
ချစ်တဲ့
မဒိုးကန်
လွမ်းပဲလွမ်းနိုင်လွန်းတယ်
မလွမ်းပိုလို့တောင် နာမည်ပြောင်းရမလို
ပုံ/
သင်၏ချစ်လင် ကိုလွင်ပြင်
ဟားဟားဟား
ဟိုတစ်ယောက်ကလဲ ကျွန်မချစ်လင်မောင်လွင်ပြင်တဲ့
ဒီတစ်ယောက်ကလဲ သင့်၏ချစ်လင် ကိုလွင်ပြင်တဲ့
ဟုတ်နေပါရောလား
တရုတ်အားထား တယ်လို့  မပြောရဘူး။ ကြည့်ပါလား အလွမ်းတောင် အတု ထုတ်သေးတယ်။ ဆိုးပါ့။ ဟီး
အကြင်နာတွေပါ ခိုးသွားတဲ့ကောင် အိုင်ဒီး ဂျက် ရဲစခန်းမှာ အမှုဖွင့်ရမယ်။ သမ္မတ အသစ်ကြီးနဲ့  တိုင်မယ်။ :P
အနာဂတ်မှာ သူသာယာစေဖို့ မြတ်ဆိုလျှင်လည်း တကယ်ကို တိတ်တိတ်လေးပဲ လွမ်းမယ်။
ကဗျာတွေမဖတ်တော့ဘူးးကွန်မန့်ပဲဖတ်သွားတယ်
အားကြထှာ(စတာနော်..မကြီးဂျက်)
အလွမ်းတွေနဲ့ထုဆစ်ထားတဲ့ကဗျာလေး
အရမ်းထိတယ်...
ကဗျာလေး ခံစားအားပေးသွားပါတယ် အစ်မရေ...
တိုက်ဆိုင်လိုက်တာများ ..ဒီအချိန်မှ လာဖတ်မိတယ်လို့ ဟင့်.... အဲလိုကြိး မလွမ်းချင်ဘူး...:(
အလွမ်းကဗျာလေး ခံစားသွားတယ် မဂျက်
ကိုလွင်ပြင်ပြောသလိုဘဲ မလွမ်းပိုလို့နာမည်ပြောင်းလိုက်း)
ဟား... မသိမှာစိုးလို့ အကိုလွင်ပြင်က ကြော်ငြာ ၀င်နေသေးတယ်..ဟိ
ကဗျာလေး ဖတ်ပြီး လွမ်းသွားတာ.. မန့်တာတွေဖတ်ပြီး ရယ်ချင်သွားတယ်.. :P
ချစ်ခင်လျက်
Junemoe
ဟား... မသိမှာစိုးလို့ အကိုလွင်ပြင်က ကြော်ငြာ ၀င်နေသေးတယ်..ဟိ
ကဗျာလေး ဖတ်ပြီး လွမ်းသွားတာ.. မန့်တာတွေဖတ်ပြီး ရယ်ချင်သွားတယ်.. :P
ချစ်ခင်လျက်
Junemoe
မလွမ်းပိုလို့ နာမည်ပြောင်းလိုက်တော့ မမဂျက်စ်
လွမ်းသွားတယ်မမရေ
အပြုံးတုတွေနဲ့ ဝင်လာတဲ့ အစစ်အမှန်မဟုတ်သူ ကိုယ့်ဘဝထဲက ပျောက်ကွယ်သွားတာ ဝမ်းသာစရာလို့သာ တွေးရုံပေါ့ညီမရယ်
ကဗျာလေး ဖတ်ပြီး ခံစားရပါတယ်။
jasmine ရေ.. နေကောင်းတယ်နော်.. ခရီးကခုမှပြန်ရောက်လို့..၊ စာတွေလာဖတ်သွားတယ်..။ အမေနေ့ဆောင်းပါးလေးပါ ဖတ်သွားတယ်။
ချမ်းမြေ့ပါစေကြောင်း
ချယ်ရီမြေ
အင်း..ကုန်ကို မကုန်နိုင်ပါလား..:)
လွမ်းတယ်
ကောင်းလိုက်တဲ့ ကဗျာလေး ညီမ ရေ တကယ်ကို ကဗျာဆရာမကြီးပါဘဲ
ချစ်တဲ့
အမရွှေစင်
တော်ပါသေးတယ် ယောက်ခမ ဘဲရသွားလို့  မရရင် ဒီထက်ပိုထွက်မယ် idea နော် ဟဲဟဲ
ဖန်တီးမှုအပိုင်းကတော့ မိုက်တယ်ဗျို့
တောင်စဉ်ခုနှစ်ထပ်က ခုနှစ်စဉ်အလွမ်းတွေ ကိုလွင်ပြင်အတွက်ပေါ့လေ :P
ရှယ်ပဲဗျို့...မခိုင်မြဲလို့..ယိုင်လှဲခဲ့ရတဲ့ဘ၀...အဲဒါလေးကြိုက်တယ်..မဂျက်ရေ..
အဆွေးတွေနဲ့ လွမ်းပြီး..
အလွမ်းတွေနဲ့ ဆွေးနေတာလား ဂျက်ဂျက်ရေ...။
ဂျက်ရဲ့ကဗျာလေးဖတ်တဲ့သူတွေ
အထင်တွေလွဲကုန်ပါအုံးမယ်ကွယ်။
နီးနီးလေးမှာရှိပြီး ဂလောက်ချစ်ကြပါရက်နဲ့း))
ကဗျာကောင်းလေးခံစားသွားတယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
အပြုံးတုတွေ
ဗုံးဘောလအောသုံးပြီး
နှလုံးသားထဲထိ ၀င်လာတဲ့
မင်းကို ရိုင်းတယ်လဲ မထင်မိပါဘူး......
အင်း..တိုက်ဆိုင်နေသလိုပဲ အဲ့စာသားက..အဟိ
မရောက်တာ ကြာလို့ လာလည်ရင်းနဲ့ ကဗျာလေး ဖတ်သွားသဗျို့ . .။
ပြောပြောချင်ဘူး။ သူတို့ဘဲ လွမ်းတတ်တာ ကျနေတော့တာဘဲ။း(
Post a Comment