တရက်ပြီး တရက်
တလပြီး တလ
တနှစ်ပြီး တနှစ်
မင်းရဲ့ မာယာတွေတိုက်စားလို့
လှိုက်စားလာတဲ့ရင်ဘတ်ထဲ
နှလုံးသားလဲ ကင်ဆာဖြစ်ရပြီ
ဘာကိုယုံရမလဲ
ပုံကာပေးထားတဲ့
သံယောဇဉ်နွယ်
တစ်ပင်ထဲ ငြီတွယ်နေပြီလေ
အမှန်တရားတွေကွယ်ပျောက်လို့
စိတ်ထွေကာ ချောက်ချား
ကွယ်ရာမှာ ဖောက်ပြားနေပြီလား
အကြင်နာ အရောင် ခပ်ကျဲကျဲ
မသိခဲ့လို့
နှလုံးသားကိုလည်မှာဆွဲခဲ့တာလေ
ရင်းထားခဲ့တဲ့နှစ်တွေနဲ့
ဘ၀ရဲ့ အောင်မြင်ပြည့်စုံကာမှ
စိတ်ကုန်စရာလုပ်ရပ်တွေ
ရပ်တန်းက ရပ်ပါတော့
ချစ်သူကို အမြဲ စိတ်မပျက်ချင်ဘူး
အပိုအလုပ်လဲ ကိုယ်မလုပ်ဘူး
ဟန်လုပ်စကားလဲ ကိုယ်မပြောဘူး
မေတ္တာတွေ အစစ်အမှန်နဲ့
အသစ်တဖန်ပြန်ပြီးချစ်ကြတာပေါ့
ချစ်သူကိုလွမ်းရမယ်ဆိုလဲ
အဖန်တရာတိုင်ပါစေ
ဘယ်တော့မှ တမ်းတခြင်းတွေကို
အန်ထုတ်မှာမဟုတ်ပဲ
ရင်ဘတ်ထဲအမြဲ သိမ်းထားပါ့မယ်
jasmine
33 comments:
ဟိုက်ရှားဘားးးးးးး
လန်ထွက်နေတာပဲ အချစ်ကိုတန်ဖိုးထားတတ်လေခြင်း
ဘယ်သောအခါမှ အန်မထုတ်ဘဲ အမြဲရင်ထဲ သိမ်းထားပြီး ချစ်နိုင်ပါစေ မမရေ.. :D
ချစ်တဲ့
နော်
ဟာ...ဟုတ်သေးပါဘူး....
အဲလောက်လန်အော်နေတော့
ကန်းတက်ေ၇ာက်ရဲတော့မပဲနော..။။။
စိတ်ထွေပြီးလဲ.မချောက်ခြားသလို...
ကွယ်ရာမှာလဲ.မဖောက်ပြားနိုင်ပါဘူဗျာ..
အခုတလော..အရူးရောဂါတစ်မျိုးထူးဆန်းစွာစွဲကပ် နေလို့ပါ။ အဲရောဂါကတော့..ပန်းလေးတွေကိုအနီးကပ်၊ ရေစက်လေးတွေ၊ ပွက်ဆိတ်လေးကိုအနီးကပ်ရိုက်ပြီး ခံစားရတဲ့ Micro ဆိုတဲ့ ကင်မရာရိုက်ချက်တွေကို.လေ့လာစူးစမ်း စမ်းသပ်ရိုက်ကူးနေတာမို့ပါဂျာ.... :P
ကဗျာရေးကောင်းတဲ့မမဂျက်ရေ
လာရောက်ခံစားသွားပါတယ်..:)
ကဗျာလေးအရမ်းကြိုက်တယ်။ ခံစားချက်အပြည့်ဘဲ။
မေတ္တာတွေ အစစ်အမှန်နဲ့
အသစ်တဖန်ပြန်ပြီးချစ်ကြတာပေါ့ နော မမ
~ Kk ~
ညီမ ရေ
လွမ်းကဗျာ လေး ကို ဖတ်သွားတယ် အလွမ်းတွေ ကင်းဝေး အချစ်တွေ နဲ့ ရွှင်လန်းနိုင်ပါစေ
ချစ်တဲ့
အမရွှေစင်
စိတ်မပျက်စေရပါဘူး မမစံပယ်
တမ်းတခြင်းတွေကို အန်မထုတ်ဘူး ဆိုတာတော့ သဘောကျမိပါတယ် မဂျပ်စမင်။
ချစ်သူကိုလွမ်းရမယ်ဆိုလဲ
အဖန်တရာတိုင်ပါစေ
ဘယ်တော့မှ တမ်းတခြင်းတွေကို
အန်ထုတ်မှာမဟုတ်ပဲ
ရင်ဘတ်ထဲအမြဲ သိမ်းထားပါ့မယ်
အရမ်းကောင်းတယ်အမအားပေးသွားပါတယ်
ချစ်သူကိုလွမ်းရမယ်ဆိုလဲ
အဖန်တရာတိုင်ပါစေ
ဘယ်တော့မှ တမ်းတခြင်းတွေကို
အန်ထုတ်မှာမဟုတ်ပဲ
ရင်ဘတ်ထဲအမြဲ သိမ်းထားပါ့မယ်
အရမ်းကောင်းတယ်အမလာရောက်ခံစားသွားပါတယ်
“ချစ်သူကိုလွမ်းရမယ်ဆိုလဲ
အဖန်တရာတိုင်ပါစေ” ... အလွမ်းတွေနဲ့ နေသာကျနေပြီမို့ပါ ... :)
ကဗျာလေး အားပေးသွားပါတယ်နော် မမရေ ... :)
မမစံပယ် ရင်ထဲမှာ ခံစားနေရတာကို ရင်ထဲမှာပဲအမြဲသိမ်းထားရင် မကောင်းဘူးနော်
ကဗျာတွေချစ်တဲ.စပယ်လေးအားပေးသွားပါတယ်
ခင်တဲ.အန်တီလေးမေခင်
ကဗျာတွေချစ်တဲ.စပယ်လေးအားပေးသွားပါတယ်
ခင်တဲ.အန်တီလေးမေခင်
ဟာ ....... သေလောက်တယ် အစ်မရေ
အရမ်းကိုဟတ်ထိသွားပါတယ်
ဒီလောက်ချစ်မယ့် ချစ်သူလေးများရှိရင်
လိုချင်လိုက်စမ်းရဲ့ ...
အခုတော့ အသည်းချည်းပဲ ခွဲခံနေရတယ်
မစံပယ်ရေ...ကဗျာလေးကို အားပေးသွားပါတယ်..
မစံပယ်ရေ..ကဗျာလေးကို အားပေးသွားတယ်နော်...
တရက်ပြီး တရက်
တလပြီး တလ
တနှစ်ပြီး တနှစ်
မင်းရဲ့ မာယာတွေတိုက်စားလို့
လှိုက်စားလာတဲ့ရင်ဘတ်ထဲ
နှလုံးသားလဲ ကင်ဆာဖြစ်ရပြီ
မရေ.. အရမ်းလည်းချစ်တက်သလို အရမ်းလည်းလွမ်းတက်တယ်နော်... ဒါပေမဲ့ ကင်ဆာဆိုတဲ့အသံကြားတော့ စိတ်ပူမိပါရဲ့...
ခင်တက်တဲ့
လေပြေချို
အမရေ...ပြောစရာမရှိအောင်ကိုကောင်းပါ၏....အားပေးနေပါတယ်...ဘာတဲ့......ချစ်သူကိုလွမ်းရမယ်ဆိုလဲ အဖန်တရာတိုင်ပါစေ....ဘယ်တော့မှတမ်းတခြင်းတွေကို အန်ထုတ်မှာ မဟုတ်ပဲ ရင်ဘတ်ထဲ အမြဲသိမ်းထားပါ့တယ်...တဲ့လားအမရယ်....ဟတ်ထိတယ်နော်
အမရေ..ဘာတဲ့ ....ချစ်သူကိုလွမ်းရမယ်ဆိုလဲ အဖန်တရာတိုင်ပါစေ......ဘယ်တော့မှ တမ်းတခြင်းတွေကို အန်ထုတ်မှာမဟုတ်ပဲ ရင်ဘတ်ထဲအမြဲသိမ်းထားပါ့မယ် တဲ့လား.....ဟတ်ထိတယ်...အဲဒိတစ်ပုဒ်တော့.....
ကဗျာလေးလာဖတ်သွားပါတယ်အမစံပယ်..
ဟတ်ထိတယ်......ဂျက် ရာ....
အရမ်းအရမ်းမိုက်တယ်..
အရမ်းအရမ်းခိုက်သွားပီ..း)
အားလုံးကိုကြိုက်တယ်..
မေတ္တာတွေ အစစ်အမှန်နဲ့
အသစ်တဖန်ပြန်ပြီးချစ်ကြတာပေါ့
ချစ်သူကိုလွမ်းရမယ်ဆိုလဲ
အဖန်တရာတိုင်ပါစေ
ဘယ်တော့မှ တမ်းတခြင်းတွေကို
အန်ထုတ်မှာမဟုတ်ပဲ
ရင်ဘတ်ထဲအမြဲ သိမ်းထားပါ့မယ်
ဒီဟာကိုတော့အကြိုက်ဆုံးပဲ..
အားပေးသွားတယ်ဂျက်ရေ။
ပိုပိုကောင်းလာတယ်။
အိုင်အိုရာ
စံပယ်ရေ..
ခုတလော အရှုပ်တွေလုပ်နေလို့ ခုမှရောက်ဖြစ်တယ်။
((( ဘာကိုယုံရမလဲ
ပုံကာပေးထားတဲ့
သံယောဇဉ်နွယ်
တစ်ပင်ထဲ ငြီတွယ်နေပြီလေ
အမှန်တရားတွေကွယ်ပျောက်လို့
စိတ်ထွေကာ ချောက်ချား
ကွယ်ရာမှာ ဖောက်ပြားနေပြီလား)))) အလွမ်း ဂျီမေလ်းမှာ သူ့ကို တွေ့ရင် မေးပေးမယ်နော်...
စံပယ်ကတော့ ကဗျာ တကယ်ရေးတတ်တယ်။ လက်ရာ မြှောက်ပါဘိ... အားပေးသွားတယ်။
စံပယ်ရေ.. ကဗျာလေးက စကားလုံးတွေ ထိမိလို့ရှင့်.. :)
ချစ်တက်သူတို့ရဲ့ ရင်းတွင်းစကားတွေကို ကဗျာလုပ်ပစ်လိုက်တာပေါ့လေမမ...:):)
ဘယ်လိုရေးရေး ကောင်းနေတာပဲနော် မမရေ.. အားကျပါတယ်
ချစ်တဲ့ မဂျက် .. ချစ်ခြင်းသံစဉ်လေး ခံစားခဲ့ပါကြောင်း ...းး))
....မာယာတွေတိုက်စားလို့
လှိုက်စားလာတဲ့ရင်ဘတ်ထဲ
နှလုံးသားလဲ ကင်ဆာဖြစ်ရပြီ....
အရမ်းလှတယ်ဗျာ
...မာယာတွေတိုက်စားလို့
လှိုက်စားလာတဲ့ရင်ဘတ်ထဲ
နှလုံးသားလဲ ကင်ဆာဖြစ်ရပြီ....
အရမ်းလှတယ်ဗျာ
Post a Comment