စိတ်ထဲစွဲနေတာ
မမြဲသောချစ်ခြင်းတရားများ
အားလုံး......အားလုံး အပြစ်တွေဖြစ်ရပြီနော်။
တိမ်လိုလို၊ မြူလိုလို
လေနှင်ရာ ပါခဲ့လေပြီ၊
အချစ်နဲ့ဘ၀၊..... ဘ၀နဲ့အချစ်
အတွေးထဲမှာ၊ ရွှေးမရပါ
လာသမျှမေးခွန်းထဲက
အခက်ဆုံး တစ်ခုဖြစ်နေပြီ။
ပြင်းထန်မှုသိပ်မရှိတဲ့
မေတ္တာအရင်းခံထားပြီး
အလိုတူစွာနဲ့ပဲ အတင်း ၀င်ရောက်ခဲ့တာ.....ငါပါ။
တားဆီးလို့ မရတဲ့ ကံကြမ္မာ
အလွဲ အမှားတွေကြောင့်လို့
နောက်လှည့်ကြည့်စရာမလိုအောင်
ကြောက်နေမိပေမယ့်လဲ
မင်းရှိရာ အရပ်ကိုတန်းတန်းမတ်မတ်ကြီးကြည့်နေမိပြီ။
အဲဒီလိုနဲ့ နှလုံးသားတံခါးတွေ ပိတ်ပြီး
အထီးကျန်ဆန်ဆန် တိတ်တဆိတ်
ပုံးကွယ်နေမိပြီ။
ဝေဒနာ ဖုန်မှုန့်များ ရင်ဘတ်ထဲကို
ဝင်လိုက် ထွက်လိုက်နဲ့
ကြိုးညှိ မထားတဲ့ ဂီတာတစ်လက်
သံစဉ်လို ဆူဆူညံညံနဲ့
စီစဉ်မကျ ဖြစ်နေခဲ့ပြီ။
သုတ်ပေးသူမရှိတဲ့မျက်ရည်တွေဟာ
ရှည်လျှားသောညတာနဲ့ အတူ
အိပ်ယာပြင်မှာ စိုထိမ်းနေခဲ့ပြီ။
ချစ်ခြင်းတရားဝေးလွင့်တဲ့ခါ
လေးလံနေတဲ့ခြေလှမ်းများလဲ
ဦးတည်ရာမဲ့ခဲ့ရပြီကွယ်။
ချစ်သူ မီးအိမ်ခမျာ မီးဇာကုန် ဆီခန်း
နှလုံးသားလဲ နွမ်းကြေ
အပြုံးပန်းလဲမလှ
သို့ပေမယ့်လဲ ရင်ထဲမှာ တသသ ရှိနေဆဲပါ။
ဝင်ရောက်ဖတ်ပေးသောသူငယ်ချင်းအားလုံးကို
ကျေးဇူးတင်လျှက် jasmine
16 comments:
နတ်သမီးလေး
မမရေ...ကဗျာသစ်လေးကိုအရင်ဆုံးဖတ်လိုက်ပါပြီ...
ကွန့်မက်တွေအဆင်ပြေပြီလား။
nyi nyi
အဆင်ပြေရဲ့လား
ကဗျာတွေကတော့အားလုံးအလန်းဇယားတွေနော်
သူငယ်ချင်းအားလုံးသို့
ကွန့်မက်ပေးလို့ရပါပြီ
google ကသွားလဲရပါတယ်
ကေျးဇူးတင်စွာဖြင့် jasmine
မျက်ရည်သုတ်ပေးမယ့်သူမရှိသေးဘူးလားမမ... ဒါဆိုလည်းမျက်ရည်တွေမကျစေနဲ့ပေါ့ဗျာ... ခွီးးးးး.. စတာနော်.
ဝဲရီးဂွက် တယ်
ဟေ့ပေးရအုံးမလား ကွန်မန့် နောဟဟ
အချစ်ဟာခွန်အားဘဲပေါ့
မီးဇာကုန် ဆီခန်း
နှလုံး သားလည်း
နွမ်ကြွေ.....
အပြုံး ပန်းလည်း မလှ
သို့ ပေမယ့် လည်း
ရင်ထဲမှာ တသသ ရှိနေဆဲပါ။
ရင်ကို နင့်သွားစေတဲ့ စာသားလေးပါ။
ပုံးကွယ်နေမိပြီ။
ဝေဒနာ ဖုန်မှုန့်များ ရင်ဘတ်ထဲကို
ဝင်လိုက် ထွက်လိုက်နဲ့
ကြိုးညှိ မထားတဲ့ ဂီတာတစ်လက်ကို
သံစဉ်လို ဆူဆူညံညံနဲ့
စီစဉ်မကျ ဖြစ်နေခဲ့ပြီ။
သုတ်ပေးသူမရှိတဲ့မျက်ရည်တွေဟာ
ရှည်လျှားသောညတာနဲ့ အတူ
အိပ်ယာပြင်မှာ စိုထိမ်းနေခဲ့ပြီ။
ဒီစာသားလေးတွေကြောင့်ကဗျာတွေအဲဗားလန်းနေတာနော်။
တစ်ကယ်ပဲသုတ်ပေးသူမရှိတာလားဟင်
ညာနေတာပါ
မမရေ ကဗျာလေး ခံစားအားပေး သွားတယ်မမ ရေ..
ကောင်းသောနေ့ရက်လေး ဖြစ်ပါစေမမ...:):)
ပထမတစ်ခေါက်ဖတ်တယ်...အားမရဘူး...နောက်တစ်ခေါက်ထပ်ဖတ်တယ်...မျက်စိမှိတ်ပြီးစဉ်းစားတယ်...ရင်ထဲမှာတစ်ခုခုရလိုက်သလို...
ဒါပေမယ့် “စိုထိမ်း”အစား“စိုထိုင်း”၊ “ပုံးကွယ်”အစား“ပုန်းကွယ်”လို့များပြင်လိုက်ရင် ရင်ထဲကို ပိုရောက်မယ်ထင်ပါရဲ့။ အဲဒီနေရာလေးတွေမှာ ခံစားချက်က ဘေးထွက်ထွက်သွားလွန်းလို့...
အမရေကဗျာလေးကကျွှန်တော်ဘ၀လိုဖြစ်နေပီ
ကျွှန်တော်ရဲ့ ကိုရေးကိုတာပြသနာလေးတွေကြောင့်အမဆီကိုမရောက်
ဖြစ်တာကြာသွားတာ စိတ်ထဲမှာနာကျဉ်းလွန်းလို့ ဘာမှကိုမလုပ်ချင်တော့ပါဘူး
တော်တော်ေ၇းနိုင်တာပဲနော်..ကဗျာလေးတွေအသတ်ဝင်အောင်
တော်တော်လေးေ၇းနိုင်တယ်နော်..အသတ်ဝင်အောင်
တော်တော်ေ၇းနိုင်တာပဲနော်..ကဗျာလေးတွေအသတ်ဝင်အောင်
Post a Comment