ဘယ်ဖက်ရင်ဘတ်
တချက် တချက်အောင့်နေလေရဲ့
နောက်ကျောဖက်ကလဲ
တစစ်စစ်နဲ့ ထိုးလေရဲ့
အော် ---- နှလုံး သွေးတိုး
တကယ်ကိုအဖြစ်ဆိုးရပါလား
ထိုင်ရာက ထ လိုက်တိုင်း
မြင်ကွင်းတွေက
ရိုးတိုး ရိတ်တိတ်
သံယောဇဉ်တွေ
စိုးထိပ်ဖြာဝေ
ကြင်နာသူကို
ပျော်ရွှင်မှုမပေးနိုင်လို့
တိုးတိတ်ကာ တွေဝေ
ရိုးရိုးလေးချစ်ခဲ့တာပါ ။
ချစ်သူရယ်
ဘာပဲဖြစ်ဖြစ်
ပြစ်မယူဘူး
မောပန်းနွမ်းနယ်လဲ
မင်ရဲ့ အပြုံး
နှလုံးအေးစေခဲ့ရတယ်
စိတ်တွေ မခိုင်မမြဲတော့
မင်းရဲ့ အားပေးစကား
အခါးဆိုတာ မရှိတော့ဘူး
ဘ၀တလျှေက်လုံးပေါ့ ။
ငါ့နှလုံးသား
ဒဏ်ရာတွေပြည့်နေတာလား
လသာညတွေကိုတမ်းတနေတာလား
တိမ်တွေကိုရော
အပြစ်တင်နေမိလား
နေညိုညိုချိန် မဖြတ်သန်းချင်လဲ
ဘ၀တွေ တိုလွန်းနေတယ် ။
(ဝေဒနာရှင် တစ်ယောက်ရဲ့ ထွက်ပေါက်တစ်ခုပါ
ဘာရည်ရွယ်ချက်မျှ မရှိခဲ့ပါဘူး ဟိုရောက်ဒီရောက်ရေးမိရေးရာလေးပါ)
jasmine
23 comments:
ကဗျာ လေးကောင်းပ ဗျာ ... ။ မရောက်ဖြစ်တာလည်း ကြာရောပေါ့ ...
အိမ်လေး လည်း တော်တော် လှသွားပြီး .... ။
မောင်ဘုန်းရေ
လူနာ ကဗျာကိုအစောဆုံးလာရောက်ဖတ်ပေးလို့ကျေးဇူးတင်ပါတယ်နော်
အိမ်အသစ်လေးနဲ့ ကဗျာလေးက အရမ်းလန်းတယ် အစ်မ... နေကောင်းသွားပြီလား ကျန်းမာရေး ဂရုစိုက်ပါ အစ်မ...
တန်းပလိတ်...အသစ်လေးနဲ့ လန်းနေပါလား အစ်မဂျက်..
ကဗျာ ကလည်းအလန်းစားလေးပဲ.. အားပေးသွားပါတယ် .။
အစ်မရေ နှစ်သစ်မှာ ကျန်းမာပျော်ရွှင်ဖို့ ဆုတောင်းပေးရင်းနဲ့ ကဗျာလေး အားပေးသွားပါတယ်. :)
မကြီးဂျက်တို့ကတော့ ဟိုရောက်ဒီရောက်ရေးတာတောင် ကောင်းနေတာ စိတ်ထဲရှိတာရေးတာသာရေးလို့ကတော့ ပြောမနေနဲ့....တကယ်ကောင်းတယ် မကြီးဂျက်ရေ......ဂွတ်...
ကဗျာချစ်သူရဲ့ ခံစားချက်လေးကို လာရောက်ခံစားခဲ့ပါတယ်.
တိုက်တိုက်ဆိုင်ဆိုင်ဆိုသလိုပါပဲဗျာ.ကျွန်တော်လဲ.ခုတလော.သွေးတိုးနေလို့..နားနားနေနေဖြစ်နေတာ.ပျဉ်ထောင်အိမ်လေးနဲ့ဆိုတော့..အိမ်များမှားဝင်သလားမှတ်နေတာ....ဒီဇိုင်းလန်းသလို..စာသားတွေကလဲ..မိ လွန်းပါတယ်ဗျာ....နှစ်သစ်မှာလဲ..ရွှင်လန်းချမ်းမြေ့ပါစေလို့.နှုတ်ခွန်းဆက်သလိုက်ပါတယ်
မမရေ ကျန်းမာရေးဂရုစိုက်နော်..
နှစ်သစ်မှာပျော်ရွှင်နိုင်ပါစေ..
ကဗျာလေးဖတ်ပြီခံစားသွားပါတယ်..
အိမ်လေးကရှင်သွားတယ်လှသွားပြီမမ..
အော်. စံပယ်တစ်ယောက် ဝေဒနာကိုတောင် ခံစားပြီး ကဗျာဖွဲ့တတ် သကိုး။ ဘာဘဲဖြစ်ဖြစ် ခံစားသွားတယ်။ နှစ်သစ်မှာ ပျော်ရွှင်ပါစေ
ခင်တဲ့
အလွမ်း
ကဗျာက အရမ်းကောင်းတယ်
မင်ရဲ့ အပြုံး
နှလုံးအေးစေခဲ့ရတယ်
စိတ်တွေ မခိုင်မမြဲတော့
မင်းရဲ့ အားပေးစကား
အခါးဆိုတာ မရှိတော့ဘူး
ဒီနေရာလေး အထိဆုံးပဲ
သို့
.ဝေဒနာရှင်တယောက်
ကျန်းမာရေးကိုဂရုစိုက်ပါလို့ဘဲပြောချင်တယ်.....
အိပ်မက်လေးရေ ဝေဒနာတွေ အမြန်သက်သာအောင် အနားကနေမောင်စောင့်ရှောက်ပေးသွားမှာပါ အားမငယ်ပါနဲ့ ချစ်သူရယ်
Pls take care sis.. Happy new year to you.
စံပယ့်ဆီ ရောက်တတ်ပါတယ်။ တခါမှတော့ မမန့်ဖူးဘူးလေ။ စံပယ့် စာလေးတွေက ချစ်စရာလေးတွေပဲ။
ကံ့ကော်မောင်
နေကောင်းသွားပြီလား မစံပယ်? ကျန်းမာရေး ဆိုတာကလည်း သိတဲ့အတိုင်း ဂရုစိုက်နိုင်မှ တော်ကာကျတာ မဟုတ်လား..၊ ချစ်သူကို ရိုးရိုးလေး ချစ်ခဲ့တယ် ဆိုတဲ့ ကဗျာလေးကလည်း ရိုးစင်းစွာနဲ့ ဖတ်လို့ကောင်းတယ်ဗျ...။
ကောင်းလိုက်တဲ့ ကဗျာလေး။ ဝေဒနာနဲ့ အချစ်ကြားက ခံစားမှုလေး။ အားပေးလျှက်ပါခင်ဗျာ။
စိတ်ထွက်ပေါက်အတွက် ကဗျာတွေရေးနေနိုင်တာကိုက အခွင့်အရေးတစ်ခုပါဘဲလေ..
နှစ်သစ်မှာ ပျော်ရွှင်ပါစေ
ငြိမ်းချမ်းပါစေ ညီမရေ..
ကဗျာလေးတွေရေးနေရင်း.. စိတ်ထွက်ပေါက်လေးတွေ လွတ်လပ်ပေါ့ပါးပါစေရှင်.. စိတ်အစဉ်လည်း စံပါယ်လိုဖြူစင်ပြီး ထာဝရမွှေးပျံ့ပါစေ..။
ကဗျာလေး လာဖတ်သွားတယ် ဂျက်ရေ..ကျန်းမာရေး ဂရုစိုက်..
ကဗျာလေးကိုခံစားသွားပါတယ်နော်...
ဝေဒနာရှင်တွေရဲ့ ကိုယ်စားရေးဖွဲ့ထားတာမို့
ဘာပဲဖြစ်ဖြစ် ထွက်ပေါက်တစ်ခုပေါ့
နှစ်သစ်မှာ ကဗျာသစ်တွေနဲ့ ပျော်ရွှင်ပါစေ..
ဘယ်ဖက်ရင်ဘတ်
တချက် တချက်အောင့်နေလေရဲ့
နောက်ကျောဖက်ကလဲ
တစစ်စစ်နဲ့ ထိုးလေရဲ့ ..
အဲလိုတွေက တကယ်ဖြစ်တာ .. ဒီစာလေးအတိုင်းကို ..း)
ဂျူ
Post a Comment