အကြင်နာတွေ
မယို မဖိတ်လဲ
တိတ်တိတ်လေးနေတတ်ပါတယ်
ဒါဏ်ရာတွေကို
သိုသို သိပ်သိပ်နဲ့
လူတွေ မသိအောင်
သိမ်းထားတတ်နေပြီ
နာကျင်ခြင်းတွေကိုလဲ
ကြင်နာခြင်း အဖြစ်သို့
ပြောင်းလဲတတ်ပါတယ် ။
အရိပ်ဆိုးတွေကတော့
ဖိတ်စာမပါပဲ
ရောက်ရောက်လို့လာတယ်
အတိတ်မှာ ထားခဲ့လို့လဲမရ
ချစ်သူရဲ့ အတ္တဆူး
ရင်ထဲကိုစူး
နှလုံးသားထဲကိုစူး
ဖြူစင်မှုတွေကိုစူး
အဆိပ်ဆူးတွေဖြစ်
ဘာပဲဖြစ်ဖြစ်
အချစ်မှာတို့နှစ်ဦး
ရူးသွပ်ခဲ့ကြတာပါပဲ ။
အရှုံးပေးတာ မဟုတ်ပါဘူးနော်
အမုန်းတွေပွားစေတဲ့စကား
မဆိုကြားပဲ
အလွမ်းတွေကြွေစေ
အနမ်းတွေဝေစေပါတော့ ။
jasmine
30 comments:
အလွမ်းတွေကြွေစေ
အနမ်းတွေဝေစေပါတော့...
ဆိုတဲ့အဆုံးသတ်လေးကိုအကြိုက်ဆုံးပါပဲအစ်မစံပယ်ရေ
အရိပ်ဆိုးတွေကတော့
ဖိတ်စာမပါပဲ
ရောက်ရောက်လို့လာတယ်
အတိတ်မှာ ထားခဲ့လို့လဲမရ....
နှစ်သက်စွာ ဖတ်ရှုခဲ့ပါသည်..။
အလွမ်းတွေကြွေစေ
အနမ်းတွေဝေစေပါတော့......
ဟုတ်တယ်မကြီးဂျက်ရေ.....
အတိတ်ကို အတိတ်မှာထား.....
ပစ္စုပ္ပန်မှာလက်တွဲရင်း
အနာဂါတ်အတွက် အချစ်တွေပျိုးရမှာပေါ့နော်...
ကောင်းတယ်မကြီးဂျက်ရေ.....အားပေးတယ်ဗျာ.....
ကဗျာဆရာလင်မယားလို့ကိုမပြောရဘူး....လန်းနေတော့တာဘဲ......
စကားလုံးလေးတွေ ခိုးကျ သွားတယ်
အမ ရေ.
(ဒုတိယ)
သူများလင်မယားသူသိလိုက်ပြန်ပါပြီ ရင်ဆူးတစ်ယောက်တော့:P
မမရေ ကဗျားလေးဖတ်ပြီရင်ထဲတမျိုးကြီးပဲ
လမင်းဆီကိုလည်းအလွမ်းတွေမဖိတ်ပဲရောက်ရောက်လာတယ်။:)
မိုက်တယ်ဗျာ။
"အရိပ်ဆိုးတွေကတော့
ဖိတ်စာမပါပဲ
ရောက်ရောက်လို့လာတယ်"
လို့သုံးသွားတာလှတယ်ဗျာ။
မမတို့နှစ်ယောက်စလုံး ရေးလိုက်တဲံ ကဗျာလေးတွေကတော့ ဘယ်လိုရေးရေး ဘယ်လိုဖတ်ဖတ် အမြဲတမ်းကောင်းနေတော့တာပဲ . တကယ်အားကျမိတယ်
ကဗျာကောင်းလေးတစ်ပုဒ် အားပေးသွားတယ် ဂျက်ရေ။
တီတင့်လည်း အလုပ်တွေများနေလို့ ဒီကနေ့မှာ စာကြွေးတွေလိုက်ရှင်းနေတား)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
အရိပ်ဆိုတာ
အတိတ်မှာ ထားခဲ့သူမို့
နင့်ရဲ့ မွေးဖွားခြင်းအစ
မောင်နဲ့ ချစ်တဲ့နေ့က စတာပေါ့
ဟိ ကဗျာလေးပါ မဆီမဆိုင်စပ်သွားလိုက်သေးတယ် အိပ်မက်လေးရေ
ကိုယ်တိုင်က ကဗျာတွေ မရေးတတ်ပေမဲ့ သူများရေးထားတာလေးတွေဆို သဘောကျတယ်
ညီမရဲ့ ကဗျာလေးတွေ သိပ်ကောင်းတာဘဲ..
ခံစားမိတယ်။
အရှုံးပေးတာ မဟုတ်ပါဘူးနော်
အမုန်းတွေပွားစေတဲ့စကား
မဆိုကြားပဲ
အလွမ်းတွေကြွေစေ
အနမ်းတွေဝေစေပါတော့ ။
မဂျက်ရေ
ကဗျာလေးက အရမ်းလှတယ်
ချစ်ညီမ ရေးတဲ့ ကဗျာလေး မို့ လာဖတ်တယ် တကယ်ပဲ အလွမ်းတွေကြွေစေ
အနမ်းတွေဝေစေပါတော့ ။
ချစ်အမကြီး
ရွှေစင်ဦး
“အလွမ်းတွေ ကြွေစေ”တဲ့လား မိုက်လိုက်တာနော် :)
နှစ်သစ်မှာ ဒီဇိုင်းအသစ်လေးနဲ့ပါလားးးးး
ခံစားချက်လားဟင်ယောက်ခမ သားတို့ လည်းအဲ့လိုပဲ...ခဏခဏချနေတာ ရန်ဖြစ်တာနော်..
အနမ်းတွေတော့ မဝေချင်တော့ပါဘူး..
အနာဂတ်လမ်းမှာ အလွမ်းတွေဖယ်ပြီး
အလှမ်းညီတဲ့ အနမ်းလေးတွေနဲ့ လျှောက်ချင်တယ် မဂျက်ရေ...
ခံစားသွားပါတယ်ဗျာ....:)
အလွမ်းတွေကြွေစေ
အနမ်းတွေဝေစေပါတော့။
ကောင်းလိုက်တဲ့စာသားလေး မမရယ်.. ဟက်ထိတယ် :D :D
မလွမ်းချင်ဘူးဆိုပေမယ့်လည်း လွမ်းနေရတဲ့ အခြေအနေတွေကြုံလာတော့ ရှောင်မရခဲ့ပါဘူးဂျက်စ် ရယ်...
ချစ်တဲ့
ဝသုန်
တကယ်ချစ်ရင် တကယ်လွမ်းပြီး တကယ်ခံစားရတယ် .. တကယ် .. တကယ် ..တကယ်
တကယ်ကောင်းတဲ့ အချစ်ကဗျာလေးပဲ..း)
ကောင်းလိုက်တာရှင်..
ကဗျာဆိုတာ မွန်းကြပ်နေတဲ့ နှလုံးသားရဲ့ တံခါးပေါက်လေးပါ
အရိပ်ဆိုးတွေ ဖိတ်စာမပါ ဝင်လာတာ
မပြောပစ်ဘူးလား အစ်မရာ
ဖိတ်စာမပါဘဲ မဝင်ရဘူးလို့
ကဗျာလေးက အရမ်းကောင်းတယ်
ဇနီးမောင်နှံနှစ်ယောက်လုံး
ကဗျာရေးတာ အရမ်းတော်တယ်
အမြဲတမ်း အားပေးလျက်
ကဗျာလေးကြိုက်တယ်
ဖတ်ရတာ အရမ်းကိုဖီလင်တတ်သွားတယ်
တကယ်ပဲ ကြုံတွေ့ဖူးခဲ့လို့ပါ ခုတောင်
ဒီကဗျာလေးဖတ်ပြီး ရင်ထဲက အမာရွတ်လေးတောင်
တဆစ်ဆစ်ပြန်ကိုက် လာလေရဲ့
ခင်တဲ့
ဖြိုးဇာနည်
ကဗျာကောင်းလေးပါ စံပယ်။
အရိပ်ဆိုးတွေကတော့
ဖိတ်စာမပါပဲ
ရောက်ရောက်လို့လာတယ်
အတိတ်မှာ ထားခဲ့လို့လဲမရ တဲ့လား.. အဲ့ဒီစာသားလေး ကြိုက်တယ်ဗျာ.. စကားမစပ် ဒီဇိုင်းပြောင်းထားတာလေး မိုက်တယ်.. ဒီဇိုင်းပြောင်းထားတာ ကျွန်တော် တစ်ယောက်တည်း မဟုတ်တော့ဘူးပေါ့.. ဟီး
ကဗျာလေး လှတယ်... အားပေးလျှက်
မမရေ ဒီဘလော့လေးထဲက အခုထိ ထွက်လို့မရသေးဘူး။ ကဗျာလေးတွေကောင်းလွန်းလို့...
ကဗျာလေး ခံစားသွားတယ်နော်...
Post a Comment