တကယ်ပါ
ရင်ဘတ်ထဲက
အကြင်နာတွေ
ချစ်သူနဲ့တွေ့စဉ်
ဖိတ်ကျနေခဲ့တယ် ။
တကယ်ပါ
နှလုံးသားထဲက
သစ္စာတရား
ချစ်သူနဲ့တွေ့စဉ်
အထားမမှားပဲ
ချစ်သူဆီသို့သာ ။
တကယ်ပါ
နုတ်ခမ်းချိုချို
ဘာမှ အပိုမပါပဲ
ချစ်သူကို
သိုးမည်းတွေထဲကနေ
ဖြူစေချင်ခဲ့တာ ။
တကယ်ပါ
ဖောက်ပြန်တတ်တဲ့
ပတ်ဝန်းကျင်ထဲ
အဟုတ်အမှန်နေတတ်စေဖို့
လမ်းညွှန်မှုတွေ
ပေးမိတာပါ ။
တကယ်ပါ
လူတွေရှင်ရက်
သေနေကြတာ
ကိုယ့်ကိုကိုယ်မသိ
ဂတိတွေလဲ မရှိ
ချစ်သူ
သေချင်သေပါ
ချစ်သူနာမည်
လောကကိုအလှဆင်
ခြေနင်းခံ မြက်ပင်အလား
နင်းပြားဘဝ
နေမယ်ဆိုနေပါ
နာမည်တွေကတော့
လှပပါစေ
နာမည်တွေကတော့
မသေပါစေနဲ့နော် ။
တကယ်ပါချစ်သူ
သူတစ်ပါးမျက်ရည်တွေနဲ့
လောကကို အလှမဆင်မိပါစေနဲ့နော် ။
jasmine
28 comments:
မဖြု ရေ...
ကဗျာလေးကို လာရောက်ခံစားသွားပါတယ် ခင်ဗျာ..
ကဗျာမရေးတတ်ပေမယ့် ခံစားတတ်ပါတယ်... အခုလို
ကဗျာလေးတွေ ဖန်းတီးနိုင်တဲ့ မဖြူကိုလေးစားမိပါတယ်...
အားပေးနေပါတယ် မဖြူရေ... သူငယ်ချင်းတွေအတွက်
ကျွန်တော် အမြဲတမ်းလက်ခုတ်တီးပြီးအားပေးနေမှာပါ...
ခင်မင်စွာဖြင့်
ရာဇာထွေး (ခ)ဖိုးကျော်
ကဗျာလေး အရမ်းကောင်းတယ် အမ ရေ
ဒါပေမယ့် ချစ်သူ တစ်ယောက်ထည်း အတွက်
ဆိုတော့ လွန်တာပေါ့ဗျာ လောက လူသားတွေ အားလုံးအတွက်
လည်း အဲ့လို စုတောင်းပေးလေ..းp ;p
(ဒုတိယ)
ကဗျာလေးက ကောင်းလွန်းလို့ ဘယ်လိုပြောရမှန်းမသိတော့ဘူး နောက်လည်းများများရေးပါ မမရေ.. ကဗျာလှလှလေးတွေ ခံစားရတာ စိတ်ချမ်းသာဖို့ကောင်းတယ်
ကိုရင် လာဖတ်ပါတယ် ဒကာမကြီး..
တကယ်ပါ.. :
ကဗျာလေးကတမျိုးလေးဗျာ၊ အေးသလိုလို ချိုသလိုလိုလေး၊
ဒါပေမယ့်ကောင်းတယ်
မမရေစေတနာတွေပေါ်လွင်အောင်ရေးနိုင်လို့
မမစေတနာကိုနားလည်ပေးနိုင်မှာပါ. :)
တကယ်ပါချစ်သူ
သူတစ်ပါးမျက်ရည်တွေနဲ့
လောကကို အလှမဆင်မိပါစေနဲ့နော် ။
အရမ်းကောင်းတဲ့ ရေးဖွဲ့ မှုလေးပါ မဂျက်ရေ
ခင်တဲ့
မိုးသူ(တောင်ကြီး)
တကယ်ပါချစ်သူ
သူတစ်ပါးမျက်ရည်တွေနဲ့
လောကကို အလှမဆင်မိပါစေနဲ့နော် ။
အရမ်းကောင်းတဲ့ ရေးဖွဲ့ မှုလေးပါ မဂျက်ရေ
ခင်တဲ့
မိုးသူ(တောင်ကြီး)
တကယ်ပါဆိုတာ ယုံပါတယ် အိမ်ကျယ်ရယ်
ဟိုက်ရှားပါးးး
အသွက်ကလေးပါလားဗျ
တကယ်ပါ.. တကယ်ပါ.. တကယ်ကြီးကို အားကျတယ်... ဟိဟိ
ချစ်တဲ့
ဝသုန်
ချစ်သူအတွက် စေတနာတွေကို ပေါ်လွင်အောင် ဖွဲ့ထားတာလေးနှစ်သက်မိတယ်..
ဒီကဗျာဆရာဇနီးမောင်နှံကတော့ လူကို အားကျအောင်သိပ်ရေးတတ်တယ်..။
တကယ်ပါချစ်သူ
သူတစ်ပါးမျက်ရည်တွေနဲ့
လောကကို အလှမဆင်မိပါစေနဲ့နော် ။
မဂျက် .. အားပေးသွားတယ်နော် ......
မဂျက်ရဲ့ ကဗျာလေးက နုထွေးနေတာပဲ။ :)
အားပေးသွားတယ်နော်
ဂျက်..
ကဗျာအလှလေးကိုခံစားသွားပါတယ်။ လေးနက်တဲ့အဓိပ္ဗါယ်လေးကိုလည်း သဘောကျမိပါတယ်။
အိုင်အိုရာ
မကြီးဂျက်ရဲ့ချစ်သူအပေါ်ထားတဲ့စေတနာလေးတွေ ကိုကဗျာလေးထဲမှာ ခံစားလိုက်ရပါတယ်ဗျာ....
ဟုတ်တယ်.. ချစ်သူအပေါ်ထားတဲ့ စေတနာလေးပေါ်လွင်နေတယ်.. အားပေးခဲ့ပါတယ်.. စံပါယ်ချစ်သူရေ..
နားထောင်မယ်လို့ပြောသွားလေရဲ့ မမ စံပယ်ရေး))
ခုတလော အိမ်ပြောင်းဖို့ အလုပ်တွေရှုပ် ညဆိုကောင်းကောင်းမအိပ်ရလို့ ဘယ်မှ မလည်ဖြစ်တာ ဒီနေ့မှရောက်တယ်မမရေ
ချစ်တဲ့
ဒိုးကန်
အားပေးသွားပါတယ်.. အရမ်းကောင်းတဲ့ expressions တွေပါအမဂျက်ရေ..
ခင်တဲ့
စိုင်းစိုင်း
စံပယ်ရေ...အလွမ်းလာရောက်အားပေးခဲ့တယ်။ တကယ်ကောင့်တဲ့ ကဗျာ
လေးပါ။((( တကယ်ပါ
လူတွေရှင်ရက်
သေနေကြတာ
ကိုယ့်ကိုကိုယ်မသိ
ဂတိတွေလဲ မရှိ )))) ကောင်းထှာ...ရေးတတ်လိုက်တာများ.. အတွဲလည်း ညီပါ့။
ခင်မင်တဲ့
အလွမ်း
တကယ်ပါ ...အိမ်လေးလည်း လှ၊ ကဗျာလေးလည်း လှ၊ လူလေး လှး)
အလုပ်အီးမေးကြီး ဖွင့်ပြီး မန့်မိလို့နော်၊ အပေါ်က ကွန့်မန့်က သများနော် :P
ရင်ထဲကစကားနားထောင်သွားပါတယ်
တကယ်ပါ ချစ်သူကို သိုးမည်းတွေထဲကနေ ဖြူစေချင်ခဲ့တာ။ လှလိုက်တဲ့ စာသား။ လာအားပေးသွားပါတယ် အမရေ
ထာဝရအားပေးနေမယ်!!
ထာဝရအားပေးနေမယ်!!
Post a Comment