အလွမ်းတွေရင့်လာတိုင်း
ပန်းစံပယ်တွေပွင့်ခဲ့ရင်
တကမ္ဘာလုံး
စံပယ်တွေနဲ့ဖုံးနေလောက်ပါပြီကွယ် ။
jasmine
မအားပါသဖြင့် အပြေးအလွှားလေး တင်ခဲ့ရတာပါ
ဖတ်ရန်ကျန်သေးတဲ့ စာကြွေးတွေ မကြာခင်ဆပ်ပါ့မယ်လို့
အားလုံးရဲ့ jasmine
ကဗျာများနဲ့မိုးထားတဲ့အိမ်လေးမှာ သစ်ပင်လေးနေထိုင်သည်။
ပတ္တမြားရွှေဂူ
ပြစ်မရှိ ပြစ်ရှာhttp://myawadezaw.blogspot.com/မှကူးယူပါသည်
Copyright © 2010 Jasmine Blogger Template by Dzignine
23 comments:
ကဗျာကလေးက လေးကြောင်းထဲရယ် ဒါပေမယ့် စံပယ်နံ့လေးမွှေလို့ရယ် ...
မီးမီးလဲသေချာကြည့်နေတာ လူပါပဲ အရုပ်နဲ့လုံးဝမတူဘူး
တစ်ကမ္ဘာလုံး စံပယ်တွေဖုံးစမ်းစေ့ချင်တယ်ဗျာ
ဒါမှ အေးအေးချမ်းချမ်းရှိမှာ။
တကမ္ဘာလုံး မွှေးတာပေါ့ မစံပယ်။
အင်း.. စံပယ်တွေ ဖုံးနေရောပေါ့ မစံပယ်..။ ကျန်းမာပါစေဗျာ..။
ဒီမှာစံပယ်တစ်ပွင့်
ဟိုမှာတစ်ပွင့်
ဟော--ဟိုးမှာလဲစံပယ်ပွင့်တွေ
ကြည့်စမ်း စံပယ်ပွင့်တွေတိုင်းမှာ
ဂျက်စမင်းတဲ့လား
တစ်ကမ္ဘာလုံးစပယ်တွေဖုံးလို.မွှေးပျံ.စေသတည်း
အားပေးလျှက်ခင်တဲ.အန်တီလေးမေခင်
ကိုယ်ငယ်ငယ်တုန်းကဒီလိုကဗျာဆန်ဆန်လေးဖတ်ခဲ့ဘူးတယ်။ မောင်ပန်းမွှေးရေးတာလေ။ သဘောကျလို့ သူ့ ကဗျာစာအုပ်လေးဝယ်ပြီးကူးထားခဲ့လို့ အလွတ်နီးနီးရသလောက်ဘဲ။
သူကတော့ရိုးရိုးပန်းလေးနဲ့ ဘဲဖွဲ့ တာပါ။
စံပယ်တွေနဲ့ မဖုံးစေချင်ပါဘူးဂျက်ရေ။
အလွမ်းတွေနဲ့ မရင့်လာစေချင်လို့ လေ။း)
အိုင်အိုရာ
မ ရေ...ညလေးလဲ မအားတဲ့ကြားထဲက
စံပယ်တွေအကြောင်း လာခံစားသွားတယ်နော်...
အားးးးးး မွှေးလိုက်တာ မ ရယ် :)))
စံပယ်တွေကို ညလေးသိပ်ချစ်တာပဲရှင် ....
ပန်းစံပယ်တွေနဲ့သာ ဖုံးလွှမ်းသွားမယ်ဆိုရင်
စိတ်ကြည်နူးစရာပေါ့ ဂျက်ရေ။
အပြေးအလွှား ကဗျာလေးစပ်သွားပုံကလည်းတော်ပါ့။ တီတင့်ဆိုရင်တော့ အချိန်အတော်ယူရမယ် ဟိဟိ
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
မွှေးလိုက်တဲ့ ပန်းလေး....<3
သဒ္ဓါ့ရင်တစ်ခုလုံးလည်း
စံပယ်ရနံ့တွေ အုံ့မိုး မွှေးမြလို့..
ချစ်တဲ့
သဒ္ဓါ
ကဗျာတိုလေးက တကယ်အတိုလေးပဲ
ဒါပေမယ့် ကာရန်လေးက မိတော့ ဖတ်ရတာ အရသာရှိတယ်
ကဗျာတိုလေးက တကယ်အတိုလေးပဲဗျ
ဒါပေမယ့် ကာရန်ကမိတော့ ဖတ်ရတာ အရသာရှိတယ်
အဲလောက် အရှည်ကြီးမရေးပါနဲ့
ဂျက်ရာ
လာဖတ်ဖို့ အချိန်မရလို့ ပါ ဖတ် ရတာ
မောလိုက်တာနော်
မစံပယ်ကိုချစ်တဲ့နှင်းဆီလည်း...
လာမွေးသွားပြီနော့
တိုတိုလေးနဲ့ ထိတဲ့ကဗျာ.. ပန်းစံပယ်တွေကို ချစ်ခင်ပေမဲ့ အလွမ်းတွေတော့ မရင့်ပါရစေနဲ့။ :)))
အလွမ်းတွေ ဝေတိုင်း
ပန်းစံပယ်တွေ ကြွေခဲ့ရင်
တမိုးတမြေလုံး
စံပယ်ကြွေတွေ တရုန်းရုန်းပေါ့။
(လွမ်းခြင်းဆွေးခြင်း ဟိုဘက်ကမ်းက သူကြီးမင်း)း)
မမဂျက်စ်တစ်ယောက်ပျောက်နေပါတယ်လို့..အလုပ်တွေများနေတာကိုး..ကဗျာတိုလေး ဖတ်သွားတယ်..
ပန်းစံပယ်တွေ ပွင့်ချိန်ရှိလဲ
မမစံပယ်အလွမ်းတွေတော့
မရင့်ပါစေနဲ့ကွယ်..
အလွမ်းများ ငြိမ်းစေသတည်း နော်..မမစံပယ်
ကဗျာတိုလေးပေမယ့် ထိတယ် မမရေ ...
ခုထိ ရင်ထဲလွမ်းနေတုန်းးးး)
မကြီးဂျက်ရဲ့ကဗျာက တိုပေမဲ့ အကာရောအနှစ်ရော ပြည့်ပါ့....း)
စပယ်နံ့ တွေက ကမ္ဘာအနှံ့ မို့ လေယူရာတိမ်း မွှေးပြန့် ကြိုင်သင်း လို့ 
အလွမ်းပွင့်တွေရယ်
လေ၀င့်ရာ ချာချာလည်လို့
စေနှင့်သူ မခင်ဂျက်ကိုတော့
ကဗျာတို စာတစ်စကို
အရင်လို စီကာညွှန်းစေဖို့
ခွန်းဆက်ပါဦး...
26.2.2013
ဟန်ကြည်
Post a Comment