မိုးရာသီရဲ့ ဖောက်ပြန်ခြင်းအောက်က
ထီးမရှိတဲ့ ဘ၀တွေ
နွေရာသီရဲ့ အပူဒဏ်အောက်က
ဖိနပ်မပါတဲ့ လူတွေ
ကိုယ်ကျင့်တရား မညီညာခြင်းနဲ့
ပတ်ဝန်းကျင်တွေကြားက
လူနေမှု ဘ၀တွေ
ရန်သူမျိုး ၅ ပါးကြားက
ရုန်းကန်နေရတဲ့ ဘ၀တွေ
မသိမသာနဲ့
အကျင့်သီလတွေ
ပျက်-ပျက်လာပါရောလားကွယ်
သိသိသာသာပဲ
အလွယ်လမ်းတွေလိုက်မိတယ်
အဲဒီလိုနဲ့ ဘ၀တွေ
လုံးပါး-ပါးခဲ့ရပြီလေ ။
အသစ်တွေမရေးနိုင်ပါသဖြင့် အချိန်ကြာကြာကရေးခဲ့ဖူးတဲ့ အယောင်းလေးတွေရှာဖွေတင်ရပါသည် ။
jasmine
23 comments:
အလွယ်လမ်းလိုက်တော့ ပရုပ်လုံးဖြစ်ကြရတော့တာပေါ့
အဲဒီအထဲမပါအောင် အထူးအထူးကြိုးစားနေပါတယ်မမရေ။ ကျန်းမာရေးကို ဂရုစိုက်ပါနော်။
အလွယ်လမ်းတွေလိုက်မိတယ်
အဲဒီလိုနဲ့ ဘ၀တွေ
လုံးပါး-ပါးခဲ့ရပြီလေ ။
ဖတ်ရှု.အားပေးသွားပါတယ်။
ခင်တဲ.အန်တီလေးမေခင်
ကေသီရေ
ဆက်ကြိုးစားထားနော်
ဖိုက်တင်း(အာဂျား အာဂျား)
ဟုတ်တယ် မမရေ ... အလွယ်လမ်းတွေလိုက်ကြရင်း တစ်ကယ်ကို လုံးပါး ပါးတော့မယ် ထင်ပါရဲ့ ...
ကဗျာလေးဖတ်ရတာ စိတ်မကောင်းလိုက်တာ
အလွယ်လမ်းတွေလိုက်မိတယ်
အဲဒီလိုနဲ့ ဘ၀တွေ
လုံးပါး-ပါးခဲ့ရပြီလေ ။
..........အင်း.........ရင်မောစရာတွေတပုံကြီးပဲနော့.......
ဆိုးရွားစွာခံနေရတဲ့ သားကောင်တွေရဲ့ ဘဝမို့ အဲဒီနောက်ကွယ်က အကြောင်းရင်းကိုသာ ရှာဖွေပြုပြင်နိုင်ဖို့ ကြိုးစားပေးရင်းး
ချစ်တဲ့
သဒ္ဓါ
အင်း.......
အချိန်မှီပြင်ဆင်နိုင်းကောင်းပါရဲ့ဗျာ
ရသလောက် လိုနေတဲ့ ကာလ ကြီးထဲမှာတော့ ဒီလိုပါဘဲ။
ရိုးရှင်းတဲ့ ကဗျာလေးက တရားတွေအများကြီးပါတယ်:)
ချစ်မရေ...ကျန်းမာရေး အထူးဂရုစိုက်ပါနော်...
ညလေးစိတ်ပူရအောင် မလုပ်ပါနဲ့ :)
မကြီးဂျက်ရေ ကဗျာလေးဖတ်သွားတယ်နော်
ခံစားရတယ် :(
အဟောင်းလေးတွေလည်း ကောင်းဆဲပါပဲ.. အမှန်တရားတွေကို ပုံဖော်ထားတာကိုး
အလွယ်လမ်းမလိုက်မိဘို့ ကြိုးစားနေပါတယ် လို့ 
ကိုယ်ကျင့်တရား မညီညာခြင်းနဲ့
ပတ်ဝန်းကျင်တွေကြားက
လူနေမှု ဘ၀တွေ
ရန်သူမျိုး ၅ ပါးကြားက
ရုန်းကန်နေရတဲ့ ဘ၀တွေ
မဂျက်ရေ တကယ့်ဘဝတွေပါဘဲ။ အဟောင်း
ဆိုပေမဲ့ အနှစ်သာရရှိတဲ့ ... ကဗျာ..လေးပါ
ချစ်ခြင်းအားဖြင့်
မကြီးလွမ်း
ပုထုဇဉ်တွေကိုး မိစံပယ်ရဲ့။ ကြာလေ မိုက်လေ။ ကြီးလေ ချဉ်လေလေ။ နောက်ဆုံးတော့လဲ ကိုယ့်တာဝန် ကိုယ် ရှင်းရမှာပါဘဲ။ သံသရာဆိုတာ ရှည်လျားတယ်လေ။ ဟို တကွေ့ ဒီတကွေ့ ပြုလုပ်သူ ခံရသူ အထက်ရောက်လိုက် အောက်ရောက်လိုက် ဖြစ်ကြဦးမှာပါ။
ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်ဖို့တော့ အရေးကြီးတယ်။
ဟုတ်တယ်အမမြသွေးရေ
ပျက်တဲ့သူတွေများတော့ ကိုယ်ကိုကိုယ်တောင်မနဲထိန်းနေ
ရတယ်------တခါတလေစဉ်းစားမိပါတယ်
ငါရောပျက်များနေပြီလားလို့ -----
ရင်မောရပါတယ် sis ရေ.. တဖြေးဖြေးနဲ့တော့ လုံး..ပါးပါး နေပါပြီ။ အချန်မီပြင်ဆင်နိုင်ကြကောင်းပါရဲ့..
အင်း...သိသိသာသာနဲ့လည်း အကျင့်သီလတွေ ပျက်ပျက်လာကြတာပါပဲ စံပယ်ချိုရေ။ ကဗျာလေးဖတ်ပြီး ဆင်ခြင်စရာလေးရသွားပါတယ်။ ကျန်းမာအေးချမ်းပါစေဗျာ
ကဗျာလှကို
အထာကျမလိုအောင်
ခေတ်ကိုရှေ့ထုတ်
လူချေတစ်သုတ်ရဲ့ဲ့ဟန်
မှန်ပါပေ့ဗျာ
ကဗျာလေး အရမ်းကောင်းတယ် မမရေ
အဟောင်းလေးလဲ မဖတ်ရသေးတော့အသစ်ပါပဲ။
ဘ၀တွေ လုံးပါးမပါးအောင်တော့ ကြိုးစားရမှာပေါ့ကွယ်။
လောလောဆယ် ကိုယ့်ဘ၀က နေလောင်ခံဖြစ်နေပြီလေ။း(
အလွယ်ကို လွယ်ထားရင် အရှုပ်ထုပ်တွေများလာမှာ ...
Post a Comment