မုန်းရက်လို့ မေ့ပြီလား
တနေ့တခြား ပြုံးဖို့ခက်လာတယ် ချစ်သူ
မေ့နိုင်ရိုးလာကွယ်
သံယောဇဉ်တွေ ခွေကာရစ်
ရင်ထဲကနှစ်နေအောင်ချစ်ခဲ့တဲ့
ဒီလို အချစ်မျိုး
ဘယ်ခါမှ မရိုးနိုင်ဘူးလေ
သူစိမ်းတယောက်လို မင်းစိမ်းပေမဲ့
ကိုယ့် ရင်ဘတ်အပူမီး
ငြိမ်းအောင် ကိုယ်တိုင်မသတ်နိုင်ခဲ့သူပါ
အကြင်နာ ပူပူအငွေ့တွေပါပဲ
ယုယခင်တွယ် ရင်ဝယ်မြတ်နိုး
သိမ်းပြီးရင်း သိမ်း
ကိုယ့်ကိုကိုယ်အပြစ်တင်မိသေး
ချစ်သူကို မေ့မှာစိုးလို့လေ
ကြွေမှာသိသိကြီးနဲ့ ပွင့်ရတဲ့ပန်းလိုပဲပေါ့
ဝေချိန်မှာ ကြည်နူး
ကြွေချိန်ရောက်လဲ ထူးခြားပြီးဝမ်းမနဲတော့ပါ
ကြာလာလေ ချစ်ရက်ခက်လာလေလေ
ဒီလိုနဲ့ပဲ
လွမ်းရက်တွေ ကြာရှည်ခဲ့ရပြီ ။
ကဗျာပိုးဝင်ပြီး ရေးချင်နေတဲ့အချိန် သူငယ်ချင်းကောင်လေးတယောက်က သူ့ကောင်မလေးနဲ့ဝေးသွားချိန်
(နှစ်ယောက်လုံးသူငယ်ချင်းပါပဲ) ဒီကဗျာလေးကိုရေးသားမိပါတယ်----- -
ဂျက် ၁၀တန်းလောက်ကဖြစ်မယ်ထင်ပါတယ် မေ့နေပြီ ကြာခဲ့လို့ တရက်
နည်းနည်းလေး ပြန်စဉ်းစားပြီး ရေးသားပြင်ဆင်ခဲ့တာပါ
jasmine
20 comments:
အဲဒီအချိန်တုန်းက ဆရာမောင်စိန်ဝင်း ဆရာနွမ်ဂျာတို့ကဗျာတွေဖတ်ပြီးအရမ်းကိုရူးသွတ်နေတဲ့အချိန်ပေါ့ရှင် ဆရာမောင်စိန်ဝင်းကဗျာတွေကိုခုချိန်ထိ
စွဲလန်းနေဆဲပါပဲ
ကြွေမှာသိသိကြီးနဲ့ ပွင့်ရတဲ့ပန်းလိုပဲပေါ့
ဝေချိန်မှာ ကြည်နူး
ကြွေချိန်ရောက်လဲ ထူးခြားပြီးဝမ်းမနဲတော့ပါ
ဟုတ်တယ် မမ...။
“သူစိမ်းတယောက်လို မင်းစိမ်းပေမဲ့
ကိုယ့် ရင်ဘတ်အပူမီး
ငြိမ်းအောင် ကိုယ်တိုင်မသတ်နိုင်ခဲ့သူပါ” ... ဆယ်တန်းနှစ်က ရေးခဲ့တဲ့ကဗျာလေးပေမယ့် ကောင်းတယ် မမရေ ... ညလေးတော့ ကြိုက်တယ် ... :)
မုန်းရက်လို့ မေ့ပြီလား
တနေ့တခြား ပြုံးဖို့ခက်လာတယ် ချစ်သူ
မေ့နိုင်ရိုးလာကွယ်
သံယောဇဉ်တွေ ခွေကာရစ်
ရင်ထဲကနှစ်နေအောင်ချစ်ခဲ့တဲ့
ဒီလို အချစ်မျိုး
ဘယ်ခါမှ မရိုးနိုင်ဘူးလေ
ကြွေမှာသိသိကြီးနဲ့ ပွင့်ရတဲ့ပန်းလိုပဲပေါ့။
အဲဒီစာသားလေးနဲ့တင် ကဗျာလာဖတ်ရကျိုးနပ်သွားပြီ။
သံယောဇဉ်တွေ ခွေကာရစ်
ရင်ထဲကနှစ်နေအောင်ချစ်ခဲ့တဲ့
ဒီလို အချစ်မျိုး
ဘယ်ခါမှ မရိုးနိုင်ဘူးလေ
......အင်း...ဟုတ်တယ်နော် ဟုတ်တယ်း
ဒီလိုပါပဲ......
ကြွေမှာသိသိကြီးနဲ့ ပွင့်ရတဲ့ပန်းလိုပဲပေါ့
ဝေချိန်မှာ ကြည်နူး
ကြွေချိန်ရောက်လဲ ထူးခြားပြီးဝမ်းမနဲတော့ပါ
ကြာလာလေ ချစ်ရက်ခက်လာလေလေ
ဒီလိုနဲ့ပဲ
လွမ်းရက်တွေ ကြာရှည်ခဲ့ရပြီ ။
စာသားလှတယ်မမ
သူစိမ်းတယောက်လို မင်းစိမ်းပေမဲ့
ကိုယ့် ရင်ဘတ်အပူမီး
ငြိမ်းအောင် ကိုယ်တိုင်မသတ်နိုင်ခဲ့သူပါ
အမှန်ပဲ။ အခုအချိန်ထိ ရင်ထဲမီးလောင်နေတုန်းပဲလေ။း)
ပန်းတိုင်းမွှေးပါစေ ဆုတောင်းရင်း
မောင်ဘကြိုင်
ငယ်ငယ်လေးကတည်းက ကဗျာကို ခုချိန်ထိသိမ်းထားနိုင်သေးတာ ချီးကျူးစရာပဲ ပြီးတော့ အမှတ်ရဖို့ကောင်းတာပေါ့
စာသားလေးတွေအားလုံးကြိုက်တယ်။
လွမ်းရက်တွေကုန်ဆုံးသွားတာ ကြာလှပေါ့။
အိုးးးးးးးးးးးး
မ ရေ..ကဗျာလေးက လှလိုက်တာ...
စကားလုံးလေးတွေကလဲ နူးညံ့လှချည့်...
အရမ်းပဲ နှစ်သက်မိပါအိ....:))))
အမရေ အရင်တုန်းကဆိုရင် သိပ်ကြိုက်မှာ။ အခုတော့ အသမာတက်နေတဲ့ နှလုံးသားက ထုံပေပေဖြစ်နေတယ်။ :D
ကဗျာလေးက သိပ်ကိုလှသလောက် နက်နဲပါတယ်။
ခင်မင်စွာဖြင့်
အကြင်နာ ပူပူအငွေ့တွေပါပဲ
ယုယခင်တွယ် ရင်ဝယ်မြတ်နိုး
သိမ်းပြီးရင်း သိမ်း
ကိုယ့်ကိုကိုယ်အပြစ်တင်မိသေး
ချစ်သူကို မေ့မှာစိုးလို့လေ
ကဗျာလေးက အရမ်းကောင်းတယ် မကြီး
ဆယ်တန်းတုန်းကတည်းက ဒီလောက်ကောင်းတဲ့ ကဗျာရေးနိုင်တာလား
မိုက်တယ်နော်
ဒီကဗျာလေးကို ကြိုက်တယ် sis..
အင်း.. လွမ်းရတဲ့အကြောင်းတွေ စဉ်းစားမယ်ဆိုရင်တော့ တနေ့တခြား ပြုံးဖို့ခက်လာတယ်ဆိုတာ အမှန်ပါပဲ။ သံယောဇဉ်ဆိုတာကလည်း အခက်သားလား... ကြာလာလေ ချစ်ရက်ခက်လာလေလေ ဒီလိုနဲ့ပဲ လွမ်းရက်တွေ ကြာရှည်ခဲ့ရပြီ ။း)
ကြွေမှာသိသိကြီးနဲ့ ပွင့်ရတဲ့ပန်းလိုပဲပေါ့
ဝေချိန်မှာ ကြည်နူး
ကြွေချိန်ရောက်လဲ ထူးခြားပြီးဝမ်းမနဲတော့ပါ
ကြာလာလေ ချစ်ရက်ခက်လာလေလေ။
ကဗျာလေးအားပေးသွားပါတယ်
ခင်တဲ.အန်တီလေးမေခင်
လတ်တလောခံစားချက်ကတော့ တကယ်ကို ပြုံးဖို့ခက်နေတယ်။ ရင်ဘတ်ထဲမှာ အောင့်နေတယ် မကြီးရယ်။
ကေသီရေ
ကျန်းမာရေးကိုဂရုစိုက်ပါနော် ဆေးခန်းပြသေးလား
သူစိမ်းတယောက်လို မင်းစိမ်းပေမဲ့
ကိုယ့် ရင်ဘတ်အပူမီး
ငြိမ်းအောင် ကိုယ်တိုင်မသတ်နိုင်ခဲ့သူပါ
ဂျက်ရယ် ခံစားချက်တွေကို.........
Post a Comment