အချိုပေါ့လာတဲ့ ချစ်သူ နှလုံးသား
ပျားရည် ဆမ်းပေးပါရစေကွယ်
အရာသာမဲ့ပြီး ပေါ့ရွတ်ရွတ်ဖြစ်လာတဲ့
ကိုယ့် ကဗျာ မျက်ရည်ဆားလေးခတ်လိုက်မိတယ်
အခါးဓါတ်တွေ ထင်တာထက် ပိုပြီးများနေတာ
ချိုမြိန်ခြင်းတွေ ကုန်ဆုံးလို့လားကွယ် ။
နောင်တကို ဖောင်ဖျက်သလိုဖျက်နေမိတာလား
နောင်တကို အမှောင်ချနေတာလား
ပြန်မေးနေမိတယ်
ကိုယ့်အတွက် တိကျမှုဘာမှမရှိ
အဖြေဘာလဲ ။
တဖြေဖြေးနဲ့ နစ်နေတယ်
လောဘ နွံ သောကနွံ သံယာဇဉ်နွံ
များလှတဲ့ နွံ
ဘာနွံလဲ ကိုယ်တိုင်လဲမသိတော့ ခက်ပြီကွယ် ။
ပန်းသီးရဲရဲကြီးတွေတချိန်က
ကိုယ့်အမြင်မှာ သိလှနေခဲ့တယ်
ခုတော့လဲ သံယောဇဉ်တွေပါး ပါးလာလို့ထင်ပါတယ်
ပန်းသီးအရသာလဲ ခါး လို့လာပြီ။
အဆိပ်သင့်သွားတဲ့ ၀ိုင်တခွက်
ပျောက်ဆုံးသားတဲ့ မျက်နှာပေါ်က အပြုံးတွေအတွက်
သံယောဇဉ်တွေက ထုထောင်းခြင်းခံနေရသလို
နှလုံးသားနုနု သွေးခြေဥနေရပြီ ။
jasmine
12 comments:
နှင်းဆီလေးလာသွားပါပြီ
ခုမှဆိုဒ်ထဲရောက်မိတယ် မ ရေ
နှင်းဆီလေးလာသွားပါပြီ
ခုမှဆိုဒ်ထဲရောက်မိတယ် မ ရေ
ပန်းသီးရဲရဲကြီးတွေတချိန်က
ကိုယ့်အမြင်မှာ သိလှနေခဲ့တယ်
ခုတော့လဲ သံယောဇဉ်တွေပါး ပါးလာလို့ထင်ပါတယ်
ပန်းသီးအရသာလဲ ခါး လို့လာပြီ။
အမစံပယ်ချိုကဗျာလေးတွေက အရမ်းနူးညံ့တာပဲ
အချိုပေါ့လာတဲ့ ချစ်သူ နှလုံးသား
ပျားရည် ဆမ်းပေးပါရစေကွယ်
အရာသာမဲ့ပြီး ပေါ့ရွတ်ရွတ်ဖြစ်လာတဲ့
ကိုယ့် ကဗျာ မျက်ရည်ဆားလေးခတ်လိုက်မိတယ်.......ချိုပြီးလေးနက်သွားပါပြီဂျက်ရယ်
သွေးခြေအု----မှားနေတာကို စိတ်ရှည်စွာဖတ်ပေးတဲ့သူတွေအားလုံးကို ကျေးဇူးတင်လျှက်ပါ
ခုတော့ ဆရာဦးဟန်ကြည်အသိပေးလို့
သွေးခြေဥ လိုက်ပါပြီရှင်
ကျေးဇူးတင်လျှက် jasmine
ပန်းသီးရဲရဲကြီးတွေတချိန်က
ကိုယ့်အမြင်မှာ သိလှနေခဲ့တယ်
ခုတော့လဲ သံယောဇဉ်တွေပါး ပါးလာလို့ထင်ပါတယ်
ပန်းသီးအရသာလဲ ခါး လို့လာပြီ။
အဆိပ်သင့်သွားတဲ့ ၀ိုင်တခွက်
ပျောက်ဆုံးသားတဲ့ မျက်နှာပေါ်က အပြုံးတွေအတွက်
သံယောဇဉ်တွေက ထုထောင်းခြင်းခံနေရသလို
နှလုံးသားနုနု သွေးခြေဥနေရပြီ ။
အားပါးပါး ... ကွက်တိကိုထိတယ် မမရေ ... :)
" တဖြေဖြေးနဲ့ နစ်နေတယ်
လောဘ နွံ သောကနွံ သံယာဇဉ်နွံ
များလှတဲ့ နွံ
ဘာနွံလဲ ကိုယ်တိုင်လဲမသိတော့ ခက်ပြီကွယ် ။"
တကယ်ပြန်တက်မလာတော့တာ မမရေ.. :)
ကွန့်မန့်မပေးဖြစ်တာကြာပြီနော်။စာတော့လာဖတ်ဖြစ်ပါတယ်။ဖုန်းနဲ့ဖတ်ရင် ကွန့်မန့်ကပေးဖို့အဆင်မပြေလို့ပါ
အသူကသတိရနေတယ်နော်
ဂျက်ရေ
ချစ်သူရဲ့ နှလုံးသားကိုပျားရည်ဆမ်းတယ်တဲ့လား
ရှာကြံပြီး စကားလုံးလေးတွေသုံးတတ်တယ်နော်
သွေးခြေဥတဲ့ နှလုံးသား လေး တွေ ဘယ်သူမှ ပိုင်ဆိုင်မထားစေချင်ဘူး...။
ဒီလောကမှာ ဘယ်အရာကမှ မမြဲဘူးဆိုတော့လည်း ...
လာလည်တဲ့အတွက်ကျေးဇူးပါ။ ကဗျာတွေရေးမှန်းမသိလို့အခုမှလာတ်ဖြသ်ပါတယ်။ အချိန်တွေ နှမြောမိပါ၏ :)
Post a Comment