သဘောထားမတိုက်ဆိုင်တိုင်း
မကောင်းဘူးလို့ ပြောရမယ်ဆိုရင်
ကိုယ့်စိတ်နဲ့ ကိုယ့် ခန္ဓာတောင်
မတိုင်ဆိုင်မှုတွေအများသား ။
ထက်ချပ်မခွါ ပါလာတဲ့
ခြေလှမ်းတူတူ
ငါတို့ ရပ်မနေခဲ့ဘူးလေ
ဟိုးရှေ့မှာ လမ်းဆုံးနေပြီ
ဘယ်မှာလဲ တို့ရွာ ။
ကျင်းထဲကျပ်ထဲရောက်ပြီး
လောကရဲ့ မုန်တိုင်းကြောင့်
မျော်လင့်ချက်တချို့
ဆတ်ဆတ်ခါအောင် နာခဲ့ရတယ်
ဘ၀က မလှပခဲ့ပေမဲ့လဲ
လောကဒါဏ်က ချကျွေးတဲ့
မရိုးသားမှုတွေ
ငါတို့ လုံးဝ မစားသုံးခဲ့ဖူးပါ ။
ကော်ဖီခါးခါးတခွက် လျှာထဲစိမ့်ဝင် ဖြတ်သန်းသွားသလို
မျော်လင့်ခြင်းရောင်စဉ်
ဝင်ရောက်ဖြတ်သန်းသွားခဲ့ရင်
ခံစားချက်တွေ အနည်းငယ် သက်သာမလားပဲ ။
ကောင်းကင်ကြီးက သူ့ရဲ့အေးမျှမှုနဲ့
ကြယ်တွေကိုအုပ်မိုးထားတာလား
ဒါမှမဟုတ်
ကြယ်တွေက ကောင်းကင်ကြီးကို
တာဝန်တခုလို ထမ်းထားရတာလား .....
အသောမသတ်နိုင်တဲ့ စိတ်တွေကပဲ
လူတွေကို ဒုက္ခ ပေးနေခဲ့တာပါ.....
တမြေ့မြေ့နာကျင်အက်ကွဲလုဖြစ်နေရမယ်ဆိုရင်
တခါထဲ ရာနှုန်းပြည့် (၁၀၀%) လောက်နာကျင်လိုက်တာ
ပိုပြီးသက်သာမယ်ထင်တယ်.....
တိုးတိုးလေး ဆုတောင်းနေမိတာ
အဝေးမြေကို ရောက်နေသူတိုင်း
ပန်းတိုင် မပျောက်ပဲ
အိမ်ပြန်ရောက်ပါစေ။
http://angelhlaing.blogspot.com/ ညီမငယ်လေး
Tag ထားတာမို့ ထပ်ပြီးတင်ဖြစ်တဲ့ ကဗျာလေးပါ
ထပ်ပြီး Tag ရမှမို့ရေးဖို့ အချိန်လေးပေးနိုင်မယ်ဆိုရင်
ဝမ်းသာမိမှာပါ
http://snowmay1987.blogspot.com/(MY GREEN LIFE)
မိုးသက် @ မေမြို့မိုး
Jasmine
ိ
14 comments:
အဝေးရောက်တွေ အားလုံးအတွက် ပန်းတိုင်မပျောက်ဘဲ အိမ်ပြန်ရောက်ကြပါစေလို့
ဝိုင်းဝန်းဆုတောင်းပေးလိုက်ပါတယ် ကြောင်စမင်း။
အဝေးရောက်တွေ အားလုံးအတွက် ပန်းတိုင်မပျောက်ဘဲ အိမ်ပြန်ရောက်ကြပါစေလို့
ဝိုင်းဝန်းဆုတောင်းပေးလိုက်ပါတယ် ကြောင်စမင်း။
တမြေ့မြေ့နာကျင်အက်ကွဲလုဖြစ်နေရမယ်ဆိုရင်
တခါထဲ ရာနှုန်းပြည့် (၁၀၀%) လောက်နာကျင်လိုက်တာ
ပိုပြီးသက်သာမယ်ထင်တယ်.....
တိုးတိုးလေး ဆုတောင်းနေမိတာ
အဝေးမြေကို ရောက်နေသူတိုင်း
ပန်းတိုင် မပျောက်ပဲ
အိမ်ပြန်ရောက်ပါစေ။
ဟုတ်ပမကြီးဂျက်ရေ ၁၀၀ အပြည့်သာနာကျင်ပြစ်လိုက်ချင်တော့တယ် အိမ်ပြန်ဖို့နီးလာလေ ရည်ရွယ်ချက်တွေကပျောက်ဆုံးလေလေများဖြစ်နေသလားဘဲ မသိတော့ပါဘူး
ဆုတောင်းကဗျာလေးဖတ်သွားတယ် ဂျက်ရေ... တစ်နေ့တစ်ခြား ကဗျာလေးတွေ ပိုလှလာတယ်.. တောင်းဆုလေးအတိုင်း ပြည့်ပါစေလို့...
အသောမသတ်နိုင်တဲ့စိတ်တွေ လူတွေကိုဒုက္ခပေးဆဲပါ :)
မ ရေ ... ဘယ်ကဗျာဖြစ်ဖြစ်လား ဆုတောင်းကဗျာပဲလားဟင်?
ဟုတ်တယ် ကြယ်ပြာလေရေ
ဘာမမလုပ်နိုင်လဲ ဆုတောင်းတဲ့အလုပ်လေးတော့လုပ်ဖြစ်နေတယ်
ပန်းတိုင်မပျောက်ပဲ ပြန်ရောက်ဖို့ ညီမလေးလည်း ကြိုးစားရဦးမယ် မမရေ... ကဗျာလေး လှတယ်.. :)
ကော်ဖီခါးခါးတခွက် လျှာထဲစိမ့်ဝင် ဖြတ်သန်းသွားသလို
မျော်လင့်ခြင်းရောင်စဉ်
ဝင်ရောက်ဖြတ်သန်းသွားခဲ့ရင်
ခံစားချက်တွေ အနည်းငယ် သက်သာမလားပဲ ။
ဒီလိုနဲ့ပဲ နေ့မှ လ.. လမှနှစ်သို့ တိုင်ခဲ့ရပြန်ပြီမမရေ..
အဝေးမြေကို ရောက်နေသူတိုင်း
ပန်းတိုင် မပျောက်ပဲ
အိမ်ပြန်ရောက်ပါစေ
ဂျက်စ်တောင်းပေးတဲ့ဆု ပြည့်ရပါစေနော်..
ဟုတ်ကဲ့။ ဟိုလေ ကြယ်ပြာ့ကို တဂ်ထားတာ ဘာခေါင်းစဉ်နဲ့ ကဗျာရေးရမှာလဲဟင် မမ။
ကြယ်ပြာလေးရေ
ဘာပဲရေးရေး ရတယ်လေ ကိုယ်အားသန်တာရေးပေါ့နော် ဘာအကြောင်းလို့မှ သူတိ့ခေါင်းစဉ်မပေဒဘူး....
မမဂျက်ရေ .....
တဂ်ကဗျာလေး ရေးပြီးပါပြီရှင့် ....
http://kyelpyar.blogspot.sg/2014/09/blog-post_9.html
ok ပါကြယ်ပြာရေ
လာဖတ်မယ်နော်
အဲဒီလိုနဲ့ ဘလော့တွေပြန်လည်စည်ကားလာလို့ပျော်မိတယ်
ကဗျာလေးကောင်းတယ်
ကဗျာတပုဒ်လောက်ဖွဲ့အုံးမယ်း)
တမြေ့မြေ့နာကျင်အက်ကွဲလုဖြစ်နေရမယ်ဆိုရင်
တခါထဲ ရာနှုန်းပြည့် (၁၀၀%) လောက်နာကျင်လိုက်တာ
ပိုပြီးသက်သာမယ်ထင်တယ်.....
သိပ်မိုက်စ် :)
တဂ်ထားတာတွေ့လို့ ကဗျာတင်ထားပါ၏ :D
Post a Comment