ရာသီတွေ မပီမသနဲ့
ဒဏ်ရာတွေကတော့
ဗလပွ ပါပဲ
ပြတ်ရွေ့ အက်ကွဲကြောင်းတွေကိုလဲ
အဖြစ်သည်းပြီး မပြောတော့ပါဘူးကွယ် ။
လောကကြီး ရွှေးချယ်စရာတွေပုံလို့
ဘ၀ရဲ့ ဈေးကွက်လား
အချစ်ရဲ့ ဈေးကွက်လား
ဈေးတော့ အပြောင်းအလဲ
ကစားနေကြလေရဲ့
အရှက်တွေလဲ ခွါချကြ
ယုံကြည်ချက်တွေက နေရာမရ
ကိုယ်တိုင်လဲ
ကျေးကျွန်မှန်း သခင်မှန်းမသိကြတော့
ရလဒ်တွေ လုံးပါးပါးတဲ့
ဈာပန အခမ်းအနား တစ်ခုလိုပါပဲကွယ် ။
စိန်ခေါ်မှုတွေ နဲ့စခဲ့ရတဲ့ဘဝ
မျက်နှာကြီးရာ ပါသွားတဲ့အသားတုံးတွေ
ယှဉ်ပြိုင်မှု ဆိုတာ စကားအဖြစ်ကျန်နေရစ်တာပဲ ။
ဒဏ်ရာတွေ ကင်းတဲ့ ရင်တွင်း
ဘယ်မှာရှိမလဲ
အမှန်နဲ့ အမြဲတွဲနေတဲ့
အမှားတွေကို ကန်ထုတ်
အဖြူနဲ့ လာလာပြီးရောတဲ့
အမဲတွေကိုလဲ
သုဿန်ပို့
ဒီတစ်သက်စာအတွက်
ဖြူစင်မှုတွေတည်ခင်းပြီး
တို့တွေ အနာဂတ်လမ်း
တစ်ယောက်လက် တစ်ယောက်ဆုပ်ကိုင်ပြီး
ဖြောင့်ဖြောင့် တန်းတန်းလျှောက်ကြပါစို့နော် ။
jasmine
24 comments:
စံပယ်ရေ..
နော်...ဆိုတော့ ဘယ်သူ့ကို ရည်ညွှန်းတာလဲ ဟင်။
သများကိုများလားလို့ ရင်ခုန်တွားတယ်။အဟဲ
လာလည်ပြီး အားပေးသွားတယ်။
ခင်တဲ့
အလွမ်း
ကိုလွင်ပြင်အတွက်ပဲ ဖြစ်ရမယ် ... :P
ချယ်ရီပင်ကြားကချော့နေတယ်လေ...အမြန်သွား...
မစံပါယ်...ရေ..အမြန်သွားလိုက်နော်။။ဟိ
ဖြူစင်တဲ့အနာဂါတ်အတွက် ယုံကြည်ချက်ကိုယ်စီနဲ့ မယိမ်းမယိုင်လျှောက်လှမ်းနိုင်ကြမယ်လို့ ထင်မိတယ် ဂျက်ရေ။ (လွင်ပြင်လေးကိုစိတ်ကောက်နေတယ်ဆို :P)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ကတောက် ဒါငါ့ပြောဒါဖြစ်မယ်။ ငါအသားမဲမှန်း သူသိလို့  ငါ့ကိုဆော်ဒါ။ လုံးဝ တင်းတယ် လုံးဝပဲ။ :D
ခင်မင်စွာဖြင့်
ကြောင်တောင်တောင်
ဒီတစ်သက်စာအတွက်
ဖြူစင်မှုတွေတည်ခင်းပြီး
တို့တွေ အနာဂတ်လမ်း
တစ်ယောက်လက် တစ်ယောက်ဆုပ်ကိုင်ပြီး
ဖြောင့်ဖြောင့် တန်းတန်းလျှောက်ကြပါစို့နော် ။
အချစ်ဈေးကွက်မှာပေါက်ဈေးဘယ်လောက်ရှိလဲမမ
ကဗျာကောင်းလေးကိုခံစားသွားပါတယ်နော်
တွဲလက်တွေခိုင်မြဲ အရောင်တွေမစွက်တဲ့
ဖြူစင်တဲ့အနာဂတ် ကိုပိုင်ဆိုင်နိုင်ကြပါစေ
ဒဏ်ရာတွေ ကင်းတဲ့ ရင်တွင်း
ဘယ်မှာရှိမလဲ
အမှန်နဲ့ အမြဲတွဲနေတဲ့
အမှားတွေကို ကန်ထုတ်
အဖြူနဲ့ လာလာပြီးရောတဲ့
အမဲတွေကိုလဲ
သုဿန်ပို့
ဒီတစ်သက်စာအတွက်
ဖြူစင်မှုတွေတည်ခင်းပြီး
တို့တွေ အနာဂတ်လမ်း
တစ်ယောက်လက် တစ်ယောက်ဆုပ်ကိုင်ပြီး
ဖြောင့်ဖြောင့် တန်းတန်းလျှောက်ကြပါစို့နော် ။
အဲ့ဒီအပိုဒ်လေးကို အရမ်းကြီးကြိုက်တယ်..:)
စံပယ်ရေ...နှလုံးစိတ်ဝမ်း အေးချမ်းပါစေနော်
ခင်တဲ့
လေပြေချို
ကဗျာလေးထဲကအတိုင်း ကဗျာမောင်နှံနှစ်ဦး တစ်ယောက်လက်ကိုတစ်ယောက်ဆုပ်ကိုင်ပြီး
ဘ၀ခရီးကိုပျော်ရွှင်စွာလျှောက်လှမ်းနိုင်ပါစေ နော် ^_^
အမှန်နဲ့ အမြဲတွဲနေတဲ့
အမှားတွေကို ကန်ထုတ်
အဖြူနဲ့ လာလာပြီးရောတဲ့
အမဲတွေကိုလဲ
သုဿန်ပို့
ဒီတစ်သက်စာအတွက်
ဖြူစင်မှုတွေတည်ခင်းပြီး
တို့တွေ အနာဂတ်လမ်း
တစ်ယောက်လက် တစ်ယောက်ဆုပ်ကိုင်ပြီး
ဖြောင့်ဖြောင့် တန်းတန်းလျှောက်ကြပါစို့နော်
တဲ့လက်ကိုမြဲမြဲကိုင်ထားပေးနော်အစ်မ
စိန်ခေါ်မှုတွေနဲ့ စခဲ့ရတဲ့အပါလည်း ဖြူစင်တဲ့ အနာဂတ်ကို အရမ်းတောင့်တမိပါတယ် အစ်မစံပယ်ရေ။ ရှယ်ကဗျာတွေ ဆယ်ကမ္ဘာတိုင် ရေးနေနိုင်ပါစေဗျာ။
ကဗျာလေးက စကားလုံးတွေ လှသရှင့်. စံပါယ်ရေ.. :)
မျက်နှာကြီးရာ ပါသွားတဲ့အသားတုံးတွေ...
အမစံပယ်လဲမျက်နှာကြီးအောင်လုပ်အမစံပယ်ရာ
အဲဒါမှအသားတုံးတွေများများစားရမှာ...အဟီး
စတာနော်...ကဗျာလေးလာဖတ်သွားပါတယ်..
အားပေးသွားတယ်ဂျက်ရေ။
အိုင်အိုရာ
သူလည်းကိုယ့်ချစ် ကိုယ်လည်းသူ့ချစ်နဲ့ဆို ခရီးလမ်း ဘယ်လောက်ကြမ်းကြမ်းကျနော်ကတော့လှမ်းမယ်
ကဗျာလေး ခံစားသွားပါတယ် ...
တို့လည်း လိုက်မယ် ချန်မထားနဲ့
မမသွားတော့ ပျင်းလှတယ်
အားလုံး အားလုံး ဖြူစင်တဲ့ အနာဂတ်ဆီသို့
နှစ်သက်စွာ ခံစားသွားပါတယ် စံပယ်ရေ ...
မဂျက်ရေ ကဗျာတွေပေါ်ထားတဲ့စေတနာနဲ့ 
အတွေးတွေ ကြောက်ခမန်းလိလိကောင်းလာတယ်
ဆက်လက်ထုစစ်နိုင်ပါစေ ....
ခင်တဲ့
မိုးသူ(တောင်ကြီး)
အရမ်းကောင်းတယ်...။
ဒီတစ်သက်စာအတွက်
ဖြူစင်မှုတွေတည်ခင်းပြီး
တို့တွေ အနာဂတ်လမ်း
တစ်ယောက်လက် တစ်ယောက်ဆုပ်ကိုင်ပြီး
ဖြောင့်ဖြောင့် တန်းတန်းလျှောက်ကြပါစို့နော် ။
အားလုံးကြိုက်တယ်.. ဒါပေမယ့်
ဒီအပိုဒ်ကိုတော့အကြိုက်ဆုံးပဲ...အမရေ.. :)
“ဒီတစ်သက်စာအတွက်
ဖြူစင်မှုတွေတည်ခင်းပြီး
တို့တွေ အနာဂတ်လမ်း
တစ်ယောက်လက် တစ်ယောက်ဆုပ်ကိုင်ပြီး
ဖြောင့်ဖြောင့် တန်းတန်းလျှောက်ကြပါစို့နော် ။ ” ... မမ ... အနာဂတ်လမ်းကို ဖြောင့်ဖြောင့်လျှောက်နိုင်ဖို့ ကဗျာလေးကို လာအားပေးသွားတယ်နော် ... :)
စိန်ခေါ်မှုတွေ နဲ့စခဲ့ရတဲ့ဘဝ
မျက်နှာကြီးရာ ပါသွားတဲ့အသားတုံးတွေ
ယှဉ်ပြိုင်မှု ဆိုတာ စကားအဖြစ်ကျန်နေရစ်တာပဲ ။
Post a Comment