ချစ်သူဟာ တခါတလေ
လမင်းကြီး ဖြစ်တယ်
ချစ်သူဟာ တခါတလေ
ချယ်ရီပန်းလေး ဖြစ်တယ်
ချစ်သူဟာ တခါတလေ
တောင်တန်းကြီး ဖြစ်တယ်
တခါတလေ
ပန်းပွင့်လေး
တခါတလေ သစ်ပင်လေး
ချစ်သူဟာ ပြောင်းလဲတတ်တယ်
ချစ်သူဟာ တခါတလေ
မုန်တိုင်း
ချစ်သူဟာ တခါတလေ
လေပြေ ဖြစ်နေပြီး
ချစ်သူ့မျက်နှာ
ရံဖန်ရံခါ ပျော်၇ွှင်ကြည်နူးခြင်းတွေအပြည့်ပေါ့
ရံဖန်ရံခါ ညှိုးလျသိမ်ငယ်ခြင်းတွေနဲ့ပြည့်နေတတ်တယ်
အဲတာ ကျွန်တော့် ချစ်သူပါပဲ။
တင်ပြီး ကျွန်မကို ပြန် Tag ထားတဲ့ပိုစ့်လေးပါ။
ခင်မင်လေးစားလျှက်။
jasmine
8 comments:
ချစ်သူလေးကရသစုံပေးတယ်
ဘယ်သို့ဘယ်ပုံ ပြောင်းလဲနေပါစေ အရောင်ပြောင်းလဲမှု မရှိတဲ့ ချစ်သူပါ ဂျက်ရေ....
ကဗျာလေးအားပေးသွားတယ် ♥♥♥
ကဗျာလေး ဖတ်သွားပြီးနော် ဂျက်.
:) :) :)
ချစ်သူဆိုတာ
အဲ့လိုမျိုးလား ဂျက်ရေ
နေမင်းကြီးကို သနားပါတယ်။ ဘယ်သူမှလဲ သူ့ကို ချစ်သူနဲ့ မတင်စားကြလို့။ အမြဲမြင်နေရလို့ တန်ဖိုးမထားကြတာများလားး)
တခါမှ ချစ်သူမထားဖူးတဲ့အတွက် ဒီကဗျာလေးကိုဘဲ ဖတ်သွားတယ်။ :)
ချစ်သူရဲ့ပြောင်းလဲခြင်းလေးက အမျိုးမျိုးပေါ့နော် ... သို့ပေသိ ညလေးကတော့ မုန်းတိုင်းတိုက်ချိန်ဆို အရမ်းကြောက်တယ် ... :P
အဲ လရိပ်လေးက တခါမှချစ်သူ မထားဖူးသေးဘူးဆိုတော့ မကြီးတို့ရှာပေးရမှာပေါ့ ချစ်စရာကောင်းတဲ့ ချစ်သူတယောက်ကိုလေ--သဘောတူတယ်နော်
Post a Comment