အနေအထားက ပါးလျှပ်လျှပ်လေးမို့
သမုဒယကို အသေသတ်ခံလိုက်ရတာလား
သံယောဇဉ်ကို အနားသတ်ခံလိုက်ရတာလား
တခုခုပဲပေါ့ကွယ်
အဆုံးဆိုတာ မရောက်သရွှေ့တော့
တစ်ဝက်တစ်ပျက်ဆိုတဲ့ စကားကိုပဲသုံးရမလား
တပိုင်းတစ ဆိုတဲ့အသုံးနှုန်းကို သုံးရမလား
အပျက်အပျက်နဲ့ နေလာလိုက်တာ
ငါ့ နှလုံးသား သွေးတွေထွက်နေပါလား
အသိသက်သေ မရှိလေတော့
နှမ်းဖြူးခံလိုက်ရတဲ့ အခြေအနေနဲ့ပဲ
ကျေနပ် နေရတာပါကွယ် ။
တခါတရံ လွမ်းတဲ့အကြောင်း
အဖန်တရာ မပြောချင်ခဲ့သူပါ
အလွမ်းတွေ ခြွေချ ပြနေတာမဟုတ်ပါပဲ
ကာရံ မလှတဲ့ ကဗျာတချို့ နှလုံးသးထဲက
ကျကျ လာခဲ့တယ် ။
ရေပေါ်အရုပ်ရေးကြသူများ
ကျွဲပါစောင်းတီးကြသူများ
အိပ်ပေါက်နဲ့ ဖားကောက်သူများ
ရှိနေတတ်တယ်။
ကျွန်မရေပေါ်လဲအရုပ်မရေးခဲ့ဖူးပါ
ကျွန်မစောင်းတီးတဲ့နေရာ ကျွဲတွေရောက်လာတတ်တယ်
အိပ်ပေါက်လဲမရှိသလို ဖားလဲမကောက်ခဲ့ဖူးပါ
သို့ပါသော်လဲ
ပိုးကုန်ပြီး ကျွန်မဘာမှ မတတ်ခဲ့ပါ ။
နှစ်ချို့ဝိုင်လိုလို ကော်ဖီခါးခါးလိုလိုနဲ့
ကျွန်မရဲ့ အနာဂါတ်တွေ ပျက်ခဲ့ရပြီ ။
ရှုံးနိမ့်လို့ ရလိုက်တဲ့ ဒဏ်ရာ
အပြန်တရာ နာကျင်လဲ
သန့်စင်တဲ့ ဒဏ်ရာဖြူပဲ ဖြစ်ပါရစေကွယ် ။
ဘ၀တလျှောက်လုံး
မိုးခေါင်ညတွေ မဖြစ်ချင်ပါ
အဝေးကို သွားပါရစေ
ပြေးနိုင်သလောက်ငါ ပြေးခဲ့တာပဲ
ဘ၀သစ်တခုတွေ့ပြီမို့ ၀မ်းသာလိုက်ရတာ
နောက်မှသိတာ
သံယောဇဉ်အကျဉ်းထောင်ကြီးရဲ့ ၀င်ပေါက်တခုပါလားကွယ် ။
jasmine
8 comments:
အကျဉ်းထောင်တွေထဲမှာ သံယောဇဉ်အကျဉ်းထောင်က အချိုဆုံးပါ။
အကျဉ်းသားတစ်ယောက် မဖြစ်သေးသမျှ အဲဒီထောင်ကြီးက စိတ်ဝင်စားဖို့ အကောင်းဆုံး နေရာကြီးပေါ့။
တခါတလေတော့ မောတယ် သာဂျီးရေ
စဉ်းစားရတာတွေလဲများတယ်
လူသားတိုင်း ရှောင်လွှဲလို့မရတဲ့ သံယောဇဉ် အကျဉ်းထောင်ကြီးရဲ့ ၀င်ပေါက်မို့ အသိတရားလေးကပ်ရင်း ရင်ဆိုင်ရမှာပေါ့ကွယ်...
စကားမစပ် လင့်ခ်အသစ်က ကြိုါ်စားချိတ်နေဆဲပဲ ဘယ်လိုဖြစ်တယ်မသိဘူး ဂျက်ရယ်။
ဟုတ်တယ်တီတင့်ရေ
အရင်အဟောင်း jasmine sweet ကအရင်စဖွင့်တုန်းကအဟောင်းပါ နာမည်ကတူတူပဲလင့်လေးနဲနဲကွဲသွားတာ
လင့်ခ်အသစ်ကိုချိတ်ပြီးကြောင်း :)
ကျေးဇူးပါ အသူရေ
သမီးတော်တော့
သံယောဇဉ်တွေ အကြောင်း
မစဉ်းစားချင်တော့ဘူး ကွယ်
သမီးတော်ရေ
ေ တောထွက်ဖို့ အစီအစဉ်ရှိလား
Post a Comment