ပန်းတိုင်
ဟိုးအရှေ့မှာတဲ့
ဖန်တစ်ရာ ကျရှုံး
ကြိမ်တစ်ရာ ပြန်ထ
ဒဏ်ရာတွေ ထွေးပိုက်
ခပ်နွေးနွေးရှိနေသေးတဲ့
မျော်လင့်ချက်
ကန္တာရ ဆန်ဆန်ဖြစ်နေတဲ့
လက်ရှိအနေအထား
ကိုယ့် အတ္တ ကိုယ်စားပြီး
မျိုချမရတဲ့အဖြစ်
အနာဂတ်ဆိုတာ
အဖြူလား?
အမဲလား?
အထူလား?
အပါးလား?
ခွဲခြားရင်းနဲ့
အိုမင်းလို့လာ
စားထားတဲ့ အတ္တတွေ
ပြန်အန်ထုပ်
အမှန်တရားကို ရဲရဲရင်ဆိုင်
စိတ်သန့်ဖို့
အပြုံးသန့်ဖို့
အကြည့်သန့်ဖို့
စဉ်းစားရင်း
လတ်တလော
ငါရေးတဲ့ ငါ့ကဗျာတွေ သန့်ဖို့ ပိုပြီးအရေးကြီးနေတယ်။
jasmine
့
4 comments:
ကဗျာသန့်သန့်လေးကိုလာဖတ်သွားပါတယ်မာမီ
ကဗျာလေးကိုဖတ်ရင်းလင့်အသစ်လဲပြောင်းချိတ်လိုက်တယ်မမရေ ဘိုင်သဝေးအကိုလွင်ပြင်ရဲ့ဘလော့ကိုမတွေ့လို့ လင့်ပေးပါဦးနော်
သူ့ကဗျာလေးတွေက သန့်နေပြီးသားကိုနော် <3
စိတ်တွေက အဆင်မပြေတာများတယ်လေ တခါတလေစိတ်ညစ်တတ်တယ် အဲလိုပဲ
ကဗျာတွေညစ်မှာကြောက်တာပါ
Post a Comment