မိုးတွေပြိုတော့မယ်
ငိုနေတဲ့ နှလုံးသား
ထပ်ဖျားမှာစိုးမိလို့
ကောင်းကင်အောက်
လမ်းလျှောက်မထွက်မိအောင်
အနိုင်နိုင်ထိန်းရင်း
မျက်ရည်မိုးအဖြစ်သာ
နှလုံးသားကို စို စေလိုက်မယ် ။
ပန်းတွေကြွေတော့မယ်
အလွမ်းတွေခင်းကျင်းပြီး
မြေမခစေပဲနွမ်း ခြောက်ပေမယ့်
သံသရာတလျှောက်
ငိုနေတဲ့ နှလုံးသား
ထပ်ဖျားမှာစိုးမိလို့
ကောင်းကင်အောက်
လမ်းလျှောက်မထွက်မိအောင်
အနိုင်နိုင်ထိန်းရင်း
မျက်ရည်မိုးအဖြစ်သာ
နှလုံးသားကို စို စေလိုက်မယ် ။
ပန်းတွေကြွေတော့မယ်
အလွမ်းတွေခင်းကျင်းပြီး
မြေမခစေပဲနွမ်း ခြောက်ပေမယ့်
သံသရာတလျှောက်
မြတ်နိုးနမ်းရှိုက်မှာမို့
နှလုံးသားအခန်းတနေရာမှာ
ထုပ်ပိုးသိမ်းထားလိုက်တော့မယ် ။
နှလုံးသားအခန်းတနေရာမှာ
ထုပ်ပိုးသိမ်းထားလိုက်တော့မယ် ။
3 comments:
ကဗျာကောင်းလေး တစ်ပုဒ်ပါပဲဗျာ။
အရမ်းကြိုက်တယ်။
အားပေးလျက်။
ပန်းတွေကြွေတော့မယ်
အလွမ်းတွေခင်းကျင်းပြီး
မြေမခစေပဲနွမ်း ခြောက်ပေမယ့်
သံသရာတလျှောက်
မြတ်နိုးနမ်းရှိုက်မှာမို့
နှလုံးသားအခန်းတနေရာမှာ
ထုပ်ပိုးသိမ်းထားလိုက်တော့မယ် ။..
..
သိမ်းထားလိုက်ပြီ ဂျက်ရေ
ကဗျာလေးဆီ လာလည်သွားပါတယ် မစံပယ်ရေ
Post a Comment