ခရီးသွားတဲ့သူတွေကိုအားကျနေရုံသက်သက် ကိုယ်ကဘယ်မှမရောက်
ပုံတွေတ၀ကြီးကြည့်ခဲ့ရပြီ
ချစ်ခြင်းများစွာနဲ့ ဤ ကမ္ဘာမြေ လှပပါစေ
0
Posted by
စံပယ္ခ်ိဳ
|
| |||
ငါ့ အတွေးထဲက
ရှိစု မဲ့စု စကားလုံးတွေ အားလုံး
ရေးချ ပြီး ကဗျာလုပ်တော့
ကာရံတွေကျဲလာတယ်
ကောင်းကင်ကြီးအမြဲမှောင်မဲနေတယ်
အလင်းရောင်တွေ ပျောက် ပျောက်လာတယ်
အဲဒီကနေ
ဘ၀မှာဆုံးရှုံးမှုတွေ
ကြီးထွားလာတယ်လို့ထင်မိတယ်
မခေါ်ပဲ ရောက် ရောက်လာတတ်သူတွေထဲ
သံယောဇဉ်ဆိုတာလဲပါရဲ့
မနှင်ပဲ ထွက်သွားတတ်သူထဲ
အချစ်ဆိုတာလဲပါလေရဲ့
အသစ်ကိုမြင်တဲ့အခါ
ဘယ်လိုစကားလုံးတွေနဲ့မှ
ထိန်းချုပ် လို့မရတာကတော့
သစ္စာပျက်ခြင်းပါပဲ
ကိုယ်ပေးခဲ့တဲ့အရာအတွက်
ပြန်ရတဲ့အရာ နှစ်ခုကို
တိုင်းဆပြီး အမြဲ နှိုင်းယဉ်နေမယ်ဆိုရင်တော့
မပေးခင် စဉ်းစားဖို့လိုအပ်တယ်
ပေးသလောက်ပြန်ရချင်ပြီဆိုရင် အဲတာ
လောဘဖြစ်သွားလေရဲ့
မင်း တို့တွေးထင်နေသလို
မာနတွေငါ့မှာရှိမနေဘူး
အာဃာတတွေလဲ
လုံးဝ မထားဘူး
ရင်ဘတ်ကိုလဲ
အရှုပ်မခံနိုင်လို့
ငါ အမြဲ
ငါ့ ရင်ဘတ်ဘတ်ကို
ရှင်းအောင်ထားနေတယ်လေ
အမြင်မတူတဲ့ ဘ၀များအတွက်
ချိုသောအရာတွေ
ခါး ခါးလာတာ အပြစ်မရှိဘူးကွယ်
ဥပေက္ခာ အမုန်းတွေကျော်လွန်ပြီးခဲ့ရင်
ရင်ဘတ်ထဲ နှလုံးသား
နွေးမြမြလေးနဲ့
ကမ္ဘာပေါ်က ပန်းများအားလုံး
လန်းဆန်းလှပလို့နေအောင်
မင်းရော ငါ ပါ
အတူလက်တွဲပြီး
ကြိုးစားကြရအောင် ။
jasmine
Thu, Oct 18, 2012, ကရေးသားခဲ့သောကဗျာ
|
Popular Posts
-
တရွက်နု ပြီးတော့ အကုန်လုံးလိုက်နုတဲ့ နွေကို ပီပီပြင်ပြင် နူတ်ဆက်ခဲ့ပြီကွယ်.... တရွက်ကြွေ ပြီးတော့အကုန်လုံးလိုက်လို့ကြွေတဲ့ ဒီဆောင်း...အသ...
-
ကိုကိုမောင်-ကိုဇော်-အလင်းစက်များ လူပျိုကြီးတွေပေါ့ တိုင်ပင်နေကျတာလေ မိန်းမယူဖို့ကိစ္စပဲဖြစ်မှာပါ ဆရာဦးဟန်ကြည်နှင့်ဇနီးချော candy လေးပေါ...
-
ဒီနေ့ ၂၈-၁၂-၂၀၁၁ ကတော့ ကျွန်မ jasmine ရဲ့မွေးနေ့ဖြစ်ပါတယ်ရှင် ကိုယ်တိုင် ဘာမှ မလုပ်နိုင်ပဲ တီတင့်- Angelhlaing-အဖြူလေး-မောင်တစ်လုံး တို့ရဲ့ေ...
-
စေတနာနဲ့ပါ ပီတာလေးထိုင်ခုံပေါ်မှလိမ့်ကျသည်။ နဖူးပေါ်တွင် ဘုကြီးပေါ်လာသည်။ ငါးနှစ် သမီးအမ ဖြစ်သူက မောင်ငယ်ကို သနားကြင်နာစွာ ကြည့်သည်။ မောင...
-
ဒီမြင်းနဲ့ ဒီခရီး နှင်လာခဲ့တာ နှစ်ပေါင်း ၂၀ ကျော် ဦးထီးဆိုင်ဆိုခဲ့သလို (အရင်လိုဘ၀မျိုးရောက်ချင်ပြီ) ငါကတော့ ငါ့မြင်းကြီးကိုသနားလို့ ...
-
ကမ္ဘာကျော် လူရွှင်တော်ကြီး ချာလီချာပလင်သည် တစ်နေ့တွင် အိမ်တွင်မွေးထားသော ခွေးကလေးနှင့် အပြင်ထွက် လမ်းလျှောက်သည်။ တစ်နေရာတွင် အလွန်ပ...
-
ဘလော့ဂါ သူငယ်ချင်း ဦးဦး ဒေါ်ဒေါ် ကိုကို မမ မောင်ငယ် ညီမငယ်များအားလုံး Sweet December ဖြစ်ပါစေရှင် ပုံလေးတွေကိုကြည့်ပြီး...
-
ဂျယ်လီပစ်ပစ် ရဲ့တဂ်ပိုစ့်လေးပါ-----ကဲ ဖတ်လိုက်ကြရအောင်နော် အင်မတန်စာအရေးအသားညံ့သောကြောင့်စာဖတ်သူများ သီးခံဖတ်ပေးပါရန် အရင်ဦးဆုံး တော...
-
ဘာညာမသိတဲ့ ကမ္ဘာကြီးလို့ပြောတာထက် ဘာညာမသိတဲ့ လူတွေလို့ပြောရင်ပိုပြီးမှန်မလားပဲ ကမ္ဘာကြီးကသူ့ဟာသူနေတာမို့ ငြိမ်းချမ်းနေတဲ့ ကမ္ဘာ ဖြူ...
-
(တော်တော်တုံးတဲ့ဝံပုလွေ) ကိုချူချာ မြို့တက်ပြီး အမဲသား ဝယ်သည်။ အမဲသားချက်နည်း ပြုတ်နည်းကိုပါ ရေးမှတ်လာခဲ့သည်။ ရွာသို့ ခြေလျင်ပြန်လာခ...

