မသေချာတဲ့ လောက ကမ္ဘာကြီးထဲ
အသေအချာ မင်းရှိနေဖို့တစ်ကယ်ကို
လိုအပ်ခဲ့တာပါ ။
မီးလောင်နေတဲ့ ကမ္ဘာကြီးထဲ
မင်နှလုံးသားကိုလဲ
နင်းပြီး ငါ အသက်မရှင်ချင်ဘူး ။
မင်းနဲ့ ပတ်သက်နေသမျှတော့
ငါ့နှလုံးသားကို
ငါကိုယ်တိုင် နေ့တိုင်း
တံမြက်စည်းလှဲ ထားတယ်နော် ။
နှလုံးသား တခုလုံးပေးဆပ်ပြီးတာတောင်
လုံလောက်တယ် မထင်မိပါဘူး
အမုန်းတရားတွေ ဖြေလျော့
မာန်မာနတွေကိုချော့ပြီး
မင်းရဲ့ ခြေဖ၀ါးအောက်
အရောက်ပို့လိုက်မိတာ
ဘယ်ဘက် ရင်ဘတ်ထဲက
နှလုံးသားပါပဲ ။
အတွေးနဲ့ပဲ စိုးကြောက်မိတယ်
မင်းသာမရှိခဲ့ရင်တော့
နေရတာ ဘယ်လိုမှ
အဆင်မပြေဘူး အချစ်ရေ ။
စကြာဝဌာ ထဲမှာရှိတဲ့
တခုတည်းသောကောင်းကင်
မင်းကိုသတိရတိုင်း မော့ကြည့်နေမိတယ်
သေကွဲရှင်ကွဲတွေ များတဲ့လောကကြားမှာ
သေကွဲလဲ မကွဲချင်သလို
ရှင်ရက်နဲ့လဲ မဝေးချင်ဘူး ။
ငါကဗျာတွေရေးနေတာ
ဘာကြောင့်များလဲ
သေချာတာတစ်ခုတော့သိတယ်
ကြွားစရာဘာမှမရှိတဲ့ဘဝ
အဲဒီဘ၀ထဲဝင်လာတဲ့ သံယောဇဉ်တွေ
မင်းရဲ့အရိပ် ငါ့အနောက်မှာ
အမြဲရှိနေလို့ နှလုံးသားထဲက
ခံစားချက်တွေ အတုံးအရုံး
ဒီအရိပ်ကြောင့်လဲ
ငါတစ်ယောက်ထဲရှိနေလဲ
အထီးကျန်ခြင်းဆိုတာ
ငါမသိခဲ့ရဘူး
ဘုရားသခင်ပေးတဲ့
အကောင်းဆုံးလက်ဆောင်ဟာ
ငါ့ဘ၀မှာ မင်းပါပဲ ။
ဖျတ်ကနဲ အကြည့်တချက်က
ဇတ်ကနဲ နှလုံးသားကို
ဆွဲနုတ်လိုက်တာ သိပ်ကိုမြန်ဆန်လွန်းလှတယ်
အတပ်ပြောနိုင်တာ တခုကတော့
တောင်မင်း မြောက်မင်း
ဘယ်ဘုရားမှ မကယ်နိုင်တဲ့ သေကွဲရှင်ကွဲတွေ
သေခြင်းတရား ရောက်မလာသရွှေ့
(ဘ၀ရဲ့နောက်ဆုံး)အချိန်ထိအောင်
မခွဲအတူ တွဲလက်မြဲမြဲ
ရှိနေချင်တာပါ ။
jasmine
နေမကောင်းဖြစ်နေတဲ့နေ့ရက်လေးတွေကို
ဂရုတစိုက်ရှိနေပေးတဲ့ချစ်သူလေးအတွက်ပါပဲ
အိပ်မရတဲ့အချိန်တွေမှာပဲ
ဟိုတစ ဒီတစနဲ့ ကဗျာလေး
တစ်ပုဒ်ကို နှလုံးသားဖြင့်ဖန်တီးထားခြင်းသာ
ဖြစ်ပါတယ်ရှင် ။
jasmine ရဲ့ c-box လေးမှာနေမကောင်းဖြစ်နေတာကိုမေးမြန်းကျတဲ့
သူငယ်ချင်းအားလုံးကိုကျေးဇူးတင်ပါတယ် ။
27 comments:
တစ်ယောက်နဲ့တစ်ယောက်နားလည်ခြင်း၊ ကြင်နာခြင်း၊ ချစ်ခြင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ကမ္ဘာလေးကို ကဗျာဖတ်ပြီး ခံစားသွားပါတယ်။
ရေးတတ်ပါပေမမရေ
ခံစားဖတ်ရှူသွားပါတယ်
ခံစားမှု စာသားတွေကောင်းပါတယ်.....
နေကောင်းပါစေ...
ကဗျာလေးခံစားသွားအားပေးသွားတယ်မဂျက်
ကျန်းမာရေးဂရုစိုက်နော်
camomilla
နှစ်သက်စရာကဗျာလေးတွေရေးတတ်ပါပေ့ ဒေါ်ဂျက် ရယ်... ဒီကဗျာလေးကိုချစ်လိုက်တာ...
ဂရုစိုက်မယ့်သူရှိတယ်ဆိုပြီးမပေနဲ့နော် ...
ခင်တဲ့
မမဝသုန်
ဟိုက် အမဂျက်တို့နေမကောင်းဘဲနှင့်ရေးတာတောင် လက်သံပြောင်နေတုံးပဲ ကောင်းတယ်အမဂျက်
ခင်တဲ့
မောင်လေး မိုးဇက်
ဂျက်ဂျက် နေကောင်းသွားပြီလား..ကျန်းမာရေး ဂရုစိုက်
ကွန်ပျူတာ ဒေါင်းသွားလို့  အဆက်ပြတ်သွားတယ်..
အတွေးနဲ့ ပဲ စိုးကြောက်မိတယ်
မင်းသာမရှိခဲ့ရင်တော့
နေရတာ ဘယ်လိုမှ
အဆင်မပြေဘူး Sony Vaio လေးရေ :P
နေကောင်းကျန်းမာပါစေနော်။
ရေးထားတဲ့ကဗျာလေးကိုလဲ သဘောကျမိတယ်။
ခံစားချက်တွေများနေလို့ ဖတ်ရတာ ဆွဲဆောင်မှုရှိနေတယ်
ဂျက်ရေ တီတင့်ကိုယ်တိုင်နေမကောင်းဖြစ်နေလို့
ဂျက်ကို အားပေးစကားလေးမပြောဖြစ်ခဲ့ဘူးကွယ်။
မမာမကျန်းဖြစ်တဲ့အခါအနားမှာအားဆေးလေးတွေရှိဘို့လိုတယ်။
ကျန်းမာရေးကိုအထူးဂရုစိုက်ပါနော်။ ဒါထက်အရေးကြီးတာမရှိဘူးလေ။
ချစ်ရသူအတွက်ကျေးဇူးဆပ်တဲ့ကဗျာလေးအတော်ကောင်းတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ဂျက်စ်ရေ အခုမှရောက်ဖြစ်တယ်။ အိမ်မှာလဲ ရာသီအကူးအပြောင်းမှာ အပူအအေးတွေမမျှပဲ တစ်အိမ်လုံး နေမကောင်းဖြစ်နေကြတာနဲ့ အွန်လိုင်းလဲ သိပ်မတက်ဖြစ်တော့ဘူး။ ကဗျာလေးက အသက်ဝင်တယ်။ ချစ်သူမျက်နှာကြည့်ပြီးဖွဲ့ထားတဲ့ ကဗျာမို့ထင်ပါရဲ့...း))
ရည်စူးပြီး ရေးဖွဲ့တယ်ဆိုတော့ ခရစ္စတလ်တို့ မဖတ်ရဘူးပေါ့နော် ဝမ်းနည်းထာ :(
စံပယ်ရေ..
ဟိုရက်တွေက ခရီးထွက်နေလို့ စံပယ်နေမကောင်းဘူးဆိုတာ မသိလိုက်ရဘူး။ ကျန်းမာရေး ဂရစိုက်ပါ။ နေမကောင်းတဲ့ အချိန်မှာ ဂရုတစိုက် ပြုစုပေးမယ့် ချစ်သူလေး ရှိနေတဲ့ဘဝလေးဟာ တကယ်ကို လှပါတယ်။ (မြတ် အားကျသွားတာပေါ့ ;) )
ခင်မင်စွာဖြင်
မြတ်
အားပေးခဲ့ပါတယ်ဗျာ
လေးစားခင်မင်လျှက် (လွမ်း) lwanpaishin@gmail.com
အင်း...
မစပါယ်... အစအဆုံးဖတ်သွားတယ်၊
မဆိုးပါဘူး၊ အစွမ်းကုန်ခံစားရေးဖွဲ့ ထားတာတွေ့ ရသလို.. ကဗျာအပေါ်မှာလည်း
တော်တော်ဇွဲကြီးပုံရတယ်။ ဒါပေမယ့် ဗျာ.. ဖတ်မိတိုင်း သတိထားမိတာက
စာရေးသူ ပေါ့ လေ၊ “ ရှုံး ” နေသလိုပဲဗျ၊ ရိုးရိုးလေးပဲ ပြောကြည့် တာပါ။
လွတ်လပ်စွာ ကွဲလွဲလို့ ရတယ်မလား၊ အလွမ်းဖွဲ့  ဆိုတော့ လည်း ...
မခံစားတတ်လို့ တော့ မဟုတ်၊ တစ်ခါတစ်လေလည်း
“ မရှုံး ” တဲ့  အဖွဲ့ လေးရေးပါအုံး....။
ခင်တဲ့  ..။
မစပယ်နေမကောင်းတာ ခုမှသိတယ်..
စောဒီး..
နေမကောင်းတဲ့အချိန်ဆို လူတွေက အားငယ်တတ်တာသဘာဝပဲ
မမအားငယ်နေချိန်မှာ အစ်ကိုလွင်ပြင်က ဘေးနားရှိနေနိုင်တယ်နော်..
မမကံကောင်းလိုက်တာ.. :D
မရှုံးပါဘူးဗျာ ကဗျာထဲမှာသာရှုံးတာ အပြင်မှာ သူကြီးပဲ အနိုင်ယူတာ
ဟိ
အနိုင်ယူတာဆိုတာ အနိုင်ပေတဲ့ သစ်ပင်လေးရှိလို့ယူတာလေ
သြော်....ချစ်တက်သူတွေများကြတော့ ကဗျာတွေ စာချိုးတွေနဲ့
ဘာပဲ ဖြစ်ဖြစ် မမက နိုင်တယ်ဆိုလို့ အလိုလို ပြုံးမိလျှက်သား..
အဲလိုပဲ ဖြစ်ရမယ်လေ...နော်မမရယ်...:):)
မမရေ..အားမငယ်ပါနဲ့လို့..
နေမြန်မြန် ပြန်ကောင်းပြိး ဘလော့ကင်းဖို့ စောင့်နေကြတယ်နော်..
အာာာဘွား ..မမ
အင်.. နော်လည်း နေမကောင်းတာနဲ့ မမ နေမကောင်းတာ သိလိုက်ဘူး.. :(
ခုမှ သိရတယ်..။ အားပေးစကားတောင် ပြောလိုက်ရဘူး။
ဂရုစိုက်နော် မမ။ နေမကောင်းရင် စာသိပ်မရေးနဲ့ဦး။ ကောင်းကောင်းနားနော်။
ကဗျာလေးကတော့ ကောင်းတယ် မမရေ...
ချစ်ခင်လျက်
Junemoe
ဟောက်ခမ ဖျားနေတာမလား ဖြစ်ရမယ် ဖြစ်၇မယ် ဆေးနည်းတင်ပေးထားပါတယ် လာမကြည့်ဘူးထင်တယ်
အမြန်နေကောင်းပြီး အရင်လိုပဲ စားနိုင်သောက်နိုင် ပြောနိုင်ဆိုနိုင် ရေးနိုင်ဖတ်နိုင်ပါစေ စစ် :D
ကျနော် ချစ်တဲ့ မမ Jasmine တစ်ယောက် သာယာတဲ့ အိမ်ထောင် ပျော်ရွှင်တဲ့ မိသားစု ငြိမ်းချမ်းတဲ့ ဘ၀လေး ပိုင်ဆိုင်နိုင်ကြပါစေ။
မမရေကဗျာလေးခံစားသွားပါတယ်အမြဲအားပေးနေပါတယ်အမြန်နေကောင်းပါစေမမ
မအားတာနဲ့ အခုမှပဲ ရောက်ဖြစ်တယ်ဗျာ၊ နေမကောင်းတာ သိရလို့ စိတ်မကောင်းပါဘူး၊ အခုရော.. အဆင်ပြေသွား ပြီလား၊
ချစ်တတ်သူ တစ်ယောက်ကို မြင်စေတဲ့ ကဗျာလေးလည်း ဖတ်သွားပါတယ်...။
မမကြီးရေ ကဗျာလေးကတော့ ရေရေလည်လည် ထိတယ်ဂျာ... Thank u .....
အလွန်အင်မတန် ချစ်တတ်ပါသော အစ်မဂျက်စ်..း)) နေကောင်းကျန်းမာသွားပြီလို့ မျှော်လင့်ပါတယ်ရှင်။ စောင့်ရှောက်မယ့်သူရှိပြီးသားဆိုတော့း))
နေမကောင်းတာတောင် ဒီလောက်ချစ်တတ်တဲ့ ချစ်သူမျိုးရတာ ကိုလွင်ပြင်ကြီးတော့ နိပ်သဟ..ဟေဟေ့။။
အမတော်ရေ.. အမြန်ဆုံး နေကောင်းလာပါစေဗျာ။။။ ဟတ်..ဟတ် ..ချိုးးးးးးးး ။။ ဒီမှာ အရမ်းအေးသဗျ။။
ဟီးးးးးးးးးး။။။
Post a Comment