ကျေးဌက်တွေမှာ
စကားသံတွေရှိတယ်
စမ်းရေတွေထဲမှာ
သံဇဉ်တွေရှိတယ်
ငါ့ နှလုံးသားထဲ
မင်းအမြဲရှိနေတယ်
ယုံပေးပါ ချစ်သူ။
jasmine
ကဗျာများနဲ့မိုးထားတဲ့အိမ်လေးမှာ သစ်ပင်လေးနေထိုင်သည်။
ပတ္တမြားရွှေဂူ
ပြစ်မရှိ ပြစ်ရှာhttp://myawadezaw.blogspot.com/မှကူးယူပါသည်
Copyright © 2010 Jasmine Blogger Template by Dzignine
24 comments:
ကျေးငှက်ရဲ့ စကားသံမှာ
ချစ်ခြင်းတွေပါမယ်
စမ်းချောင်းထဲက သံယောဇဉ်တွေက
နှလုံးသားပင်လယ်ထဲကို စီးဝင်မယ်
မင်းမရှိတဲ့ နှလုံးသားက ပုပ်အက်နေမယ်
ထို့ကြောင့်
လန်းလန်းလေးလှတဲ့ နှလုံးသားလေးရှိရန်
မင်းက နှလုံးသားမှာ ထ၀ရရှိနေမယ်ဆိုတာလဲ
ချစ်သူလေး ယုံပေးပါ ။
ဟဲ ဟဲ ဘယ်ရမလဲ သဲဘုစုခရု
နာလဲ ပြန်ရေးတာပေါ့ ။
အေးတာဘဲ အပြန်အလှန် မန့်ကြတာ။
အနေဝေးပြီး မြင်ကြဘူးဆိုတော့။
နာမည်တောင်ပေးလိုက်သေး အသဲဘုစုခရုတဲ့။
((ခရု)က စားခရုလား ဟင်။
စားခရုဆို ( ကရင်တာလပေါ)ထဲ ထည့်ချက်မလို့.
ခိ ခိ ခိ. ချစ်လို့စတာ
လာအားပေးသွားတယ် စံပယ်။
ကျေးငှက်ရဲ့ တေးသံက
ငါ့တို့နှစ်ယောက်အတွက် အာရုံဦး ပျော်ရွှင်ခြင်းဖြစ်သလို
စမ်းချောင်းစီးဆင်းတာကလည်း
ငါ့ရင်ထဲကချစ်ခြင်းတွေ
မင်းရင်ထဲအရောက်ပို့ ပေးဖို့ဘဲ။
(ဂလို ..ဂလို.. ဂလို) ထပ်လျှာရှည်လိုက်တယ်.
ခင်တဲ့
အလွမ်း
အော် ဒီမောင်နှမနှစ်ယောက် လိုက်လဲလိုက်ပါ့ :P
ကဗျာနှစ်ပုဒ်လုံး အားပေးသွားတယ် ဂျက်နဲ့လွင်ပြင်လေးး)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ဒီနှစ်ယောက် က အိမ်မှာလူခြင်းမတွေ့ လို့ 
စာ နဲ့ဆက်သွယ်နေသလားထင်ရတယ်
ကဲ တယ် ကွာ...ဟွန့်  နာလိုတော့ဘူး..ခိခိ
ဒီမှာဗျို့ ....
ချစ်သူနှစ်ဦး ကဗျာတွေနဲ့ပစ်ပေါက်ရင်း
ကလူကျီစယ်နေကြပါတယ်ဗျို့ 
အဲဒါကို ကျွန်တော်မောင်မိုးသူ
အလိုက်ကမ်းစိုးမသိ
ဝင်ရှုပ်မိပါတယ်ခင်ဗျာ
မဂျက်နဲ့ ကိုလွင်ပြင်တို့ စုံတွဲကိုကြည့်၇တာ
အရမ်းကိုစိတ်ချမ်းသာတာပဲ
ခင်တဲ့
မိုးသူ(တောင်ကြီး)
စာဖတ်သူတွေကို အမြဲတမ်းအားကျအောင် မရိုးနိုင်တဲ့ အချစ်ကဗျာလေးတွေ ရေးစပ်နိုင်ပါ့ မမဂျက်..။
ကျေးဌက်တွေမှာ
စကားသံတွေရှိတယ်
စမ်းရေတွေထဲမှာ
သံဇဉ်တွေရှိတယ်
ငါ့ နှလုံးသားထဲ
မင်းအမြဲရှိနေတယ်
ယုံပေးပါ ချစ်သူ။ ...မိုက်လှချည်လား မမ:)
တို့ အစ်ကိုနဲ့ အစ်မတို့ ကတော့ ဟုတ်ကိုနေတာဘဲဟေ့... မိုက်တယ်...း)
အားပေးသွားတယ်မမရေ
သဘောကျမိပါတယ်ရှင် အမဂျက်ရေ...းး))
အပြန်အလှန်ရေး ကဗျာတို ၂ပုဒ်ပါလား
မင်းနှလုံးသားထဲ ငါ အမြဲရှိနေတာ ယုံပေးပါတယ်။ ယုံပေးနေပါတယ်။
မမ ... ညလေး ဒီကဗျာတိုလေးကိုလည်း ကြိုက်တယ် ... :)
မကြီးရေကဗျာလေးကိုနှစ်သက်သွားခဲ့ပါတယ်ဗျာ...
အိမ်း.. လုပ်ကြဟ.. :)
ကျွန်တော် သွားပြောပေးမယ် အမတော်... စိတ်ချ.. :P
ယုံပါတယ်။ ယုံပါတယ်။
ဒီလောက် ကဗျာတွေ ထွက်နေမှတော့ ရင်ထဲမှာ သူရှိတယ်ဆိုတာ။း)
တိုတိုလေးနဲ့ သိပ်ထိမိတဲ့ ကဗျာလေးပဲ မမ
စံပယ်ပန်းများနဲ့ မိုးထားတဲ့ ကဗျာလွင်ပြင်လေးး နာမည်လေးက သိပ်လှတယ်
ကဗျာလေးတွေကလည်း ရမ်းချစ်ဖို့ကောင်းတယ်
မမကလည်း ရမ်းချစ်စရာကောင်းတဲ့သူဖစ်မှာပဲ :)
~ Kk ~
မမစံပယ်ကဗျာလေးကိုလာအားပေးသွားပါတယ်နော်
အာ အာ အာ သူတို့တွေလွန်နေပြီနော် သများတို့ကိုမှအားမနာဟွန်းးဟွန်းးး
ငဂျာရစ်
ယုံပါတယ်
ဂျက်ရေ....... ကော်မန့် ဖွင့်ထားပါတယ်ဗျ။ spam ထဲလည်း စစ်လိုက်ပါတယ်။ မ၀င်လာဘူးရယ်။ ခုတစ်လော ဘလော့တွေ နည်းနည်း ကြောင်နေသလိုပဲဗျာ။
ကဗျာတိုလေး မိုက်တယ်။ အမြဲလန်းဆန်းနေပါစေ။
ကဗျာလေးကတိုတိုလေးနဲ့ ကိုကိုလွင်ပြင်လှိုင်းငယ်ကို
ဟက်ထိသွားစေတယ် ဟဲ
ကဗျာတွေကိုလာအားပေးသွားတယ်နော်
မမစံပယ် ^_^
ဧဒင်လာရောက်ခဲ့ပါတယ်နော်...သောကအထွေထွေနဲ့
ပွေရှုပ်ခံရတဲ့ လောကထဲမှာ
အရောင်တွေစွန်းနေတဲ့
အမှန်တရားကိုလဲ
မိတ်ဆွေမဖွဲ့လိုတော့ပါဘူးကွယ် ။ ရင်ကိုထိစေပါတယ်ဗျာ
Post a Comment