ဂျယ်လီပစ်ပစ် ရဲ့တဂ်ပိုစ့်လေးပါ-----ကဲ ဖတ်လိုက်ကြရအောင်နော်
အင်မတန်စာအရေးအသားညံ့သောကြောင့်စာဖတ်သူများ သီးခံဖတ်ပေးပါရန် အရင်ဦးဆုံး တောင်းပန်ပါရစေ ။
အိပ်ယာကနိုးနိုးချင်းအရင်ဆုံးဘာလုပ်သလဲ?
*** စဉ်းစားလိုက်ပါတယ် ဘာစားရမလဲလို့ အပြင်သွားစရာရှိရင်တော့မြန်မြန်လေးထလိုက်တယ်***
မနက်စာကို ဘယ်လိုအစားအစာ စားရတာကြိုက်ပါသလဲ?
**စားကောင်းတာမှန်သမျှကြိုက်ပါတယ်***
လောလောဆယ်နေ့တိုင်းစားဖြစ်နေတဲ့ မနက်စာ?
***ကော်ဖီ ပေါင်မုန့်မီးကင်ထောပတ်သုပ် တခါတလေကောက်ညင်းပေါင်း-ဆီထမင်း***
နေ့လည်စာကို ဘယ်လိုနေရာမျိုးမှာစားရတာကြိုက်ပါသလဲ?
***အိမ်မှာစားတာများပါတယ် အလုပ်မအားခဲ့ရင်တော့ဆိုင်မှာစားဖြစ်တယ်***
အခုလက်ရှိအစားချင်ဆုံးဟင်းကိုပြောပြပါ?
***ငါးမြင်းဗိုက်သား - ငပိမရမ်းသီးထောင်း - ပဲကြီးနဲ့ဆူးပုတ်***
အလုပ်မှာကော်ဖီ ဘယ်နှစ်ခွက် သောက်ပါသလဲ?
***အလုပ်မှာ ကော်ဖီမရှိလို့ သောက်ချင်ရင်ကင်တင်းမှာသွားသောက်ဖြစ်တယ်- မိုင်လိုတော့ရှိပါတယ်***
ညနေစာကိုဘယ်မှာစားတတ်ပါလဲ?
***အိမ်မှာစားတာများပါတယ်ရှင်***
ညနေစာစားရင်းနဲ့ အများဆုံးစဉ်းစားဖြစ်တတ်တဲ့ အကြောင်းအရာ?
***ကိုယ်စားနေတဲ့ ဟင်းတွေကိုမေမေကိုလဲကျွေးချင်မိပါတယ်- ကိုယ့်အမျိုးသားစားမကောင်းမှာလဲ စိတ်ပူမိပါတယ်***
အလုပ်ဆင်းတဲ့အချိန်မှာခံစားချက်?
***တခါတရံမှ သာလုပ်အားပေးသွားရတာပါ - သွားတဲ့နေ့ရက်တွေဆို အလုပ်ပြီးတာနဲ့ ယောက်ကျာင်္းကိုဖုန်းဆက်တယ် - အလုပ်ပြီးကြောင်းပြောပါတယ်***
အိမ်ပြန်ရောက်ရောက်ချင်းဘာအရင်လုပ်တတ်သလဲ?
***ဖိနပ်အရင်ချွတ်ပါသည်***
ဒုတိယလုပ်မိတာလေး?
*** ပြီးတော့ အခန်းထဲဝင် ရေခဲသေတ္တာဖွင့်ပြီးအအေး တခုခုသောက်ဖြစ်တယ်(ယောက်ကျာင်္းဝယ်ထားပေးတဲ့ အအေးပါ)
ကိုယ်တိုင်မ၀ယ်ပါ(ပိုက်ဆံကုန်မှာစိုးလို့)***
ကိုယ်တိုင်မ၀ယ်ပါ(ပိုက်ဆံကုန်မှာစိုးလို့)***
ညမအိပ်ခင်ကော်ဖီသောက်တတ်ပါသလား?
***မသောက်တတ်ပါ***
ညအိပ်ယာထဲဝင်ဝင်ခြင်းအချိန်ဘာအရင်ဆုံးလုပ်ပါသလဲ?
***ယောက်ကျာင်္းကိုစောစောအိပ်ဖို့သတိပေးပါတယ်***
အိပ်မပျော်တဲ့ညတွေမှာ ဘာလုပ်သလဲ?
***ယောက်ကျာင်္းမသိအောင်တိတ်တိတ်လေးထပြီး ကဗျာတွေရေးပါတယ်***
တအားစိတ်ဓါတ်ကျလာတဲ့အခါမျိုး စိတ်အားငယ်တဲ့အခါမျိုးတွေမှာ ဘာလုပ်တတ်သလဲ?
***စကားအများကြီးမပြောတော့ပါဘူး မေမေကိုဖုန်းဆက်ပါတယ်ယောက်ကျာင်္းကိုပြောပြတတ်ပြီး ပုတီးစိပ်တယ်***
အပြင်သွားတဲ့အခါ အမြဲတမ်းသတိထားပြီးယူတတ်တဲ့ပစ္စည်း?
***ဖုန်း ပိုက်ဆံအိတ် အိမ်သော့***
မိသားစုဝင်တွေထဲမှာ အချစ်ရဆုံးသောလူ?
***မေမေ နှင့် မောင်လွင်ပြင်***
သူစိမ်းတွေအထဲမှာ မိမိအယုံကြည်ရဆုံးသူ?
***ကျွန်မ၏သစ်ပင်လေးပါ***
အလုပ်ထဲမှာကိုယ်အခင်ဆုံးသူ?
***မိမိကို ရင်းရင်းနှီးနှီး ဆက်ဆံသူအားလုံးကို ခင်မင်ပါ၏***
ကိုယ်မှာရှိတဲ့ပစ္စည်းတွေထဲကအကြိုက်ဆုံးပစ္စည်းလေးတခု?
***လွင်ပြင်ဝယ်ပေးသောပစ္စည်း-----***
လက်ဆောင်ရထားတဲ့အထဲကအကြိုက်ဆုံးပစ္စည်းလေးတခု?
***ယောက်ကျာင်္းဝယ်ပေးတဲ့ လက်ဆောင်အားလုံးကိုကြိုက်သည်***
ကိုယ့်ပတ်သက်ဖူးတဲ့သူတွေထဲမှာကိုယ့်ကို နားလည်ခွင့်လွှတ်ပေးနိုင်ဆုံးသူ?
***မေမေနှင့် ကျွန်မချစ်လင် မောင်လွင်ပြင်***
အခုလောလောဆယ်အဖြစ်ချင်ဆုံးဆန္ဒ?
***ဒုက္ခသည်တွေကို တတ်နိုင်သလောက်ကူညီချင်နေသူ***
ကဲ ပစ်ပစ်ရေ စိတ်ထဲရှိတဲ့အတိုင်းရေးထားလိုက်တယ်နော် အမှားပါရင်တော့ခွင့်လွတ်သီးခံပေးပါလို့
တောင်းပန်ရင်းနဲ့ သူငယ်ချင်းအားလုံးကို ထာဝရ ချစ်ခင်နေတဲ့ jasmine
32 comments:
ယောက်ကျားမသိအောင် တိတ်တိတ်လေးထပြီး ကဗျာတွေရေးတတ်တယ် တဲ. အစ်မကြီးဂျက်ကတော. တစ်ကယ်ကို ၀ါသနာရှင်ကြီးနော်။အားပေးနေမယ် အမြဲတမ်း ရင်တွင်းဖြစ်တွေများများရေးနော်။ ခင်မင်လေးစားစွာဖြင်.
မောင်မောင်(မြစ်ဆုံ)
တနေ့တာအကြောင်းလေး ဖတ်ရှုသွားပါတယ်။
နောက်ဆုံးအဖြေရဲ့ ဆန္ဒလေးပြည့်ဝပါစေ။
မစံပယ်ရဲ့ တစ်နေ့တာလေး ဖတ်ရတာ စိတ်ချမ်းသာစရာကောင်းလိုက်တာ... ရင်ကဖြစ်သော ကဗျာလေးတွေနဲ့ အတူ အခုလိုပဲ အမြဲထာဝရ ငြိမ်းချမ်းပါစေ စံပယ်ပန်းလေးရေ...း))
မောင်လွင်ပြင်=သစ်ပင်လေးး))
ပုံ/
ဖော်ကောင် pp
အဖြေလေးတွေကြည့်ပြီး.တချို့နေရာတွေ
ပြုံးပြုံးသွားရတယ်း)
ချမ်းမြေ့ပျော်ရွှင်ဖွယ်.နေ့ပေါင်းများစွာကို
မိသားစုနဲ့အတူ.အေးအတူ.ပူအမျှ
ကုန်လွန်..ဖြတ်သန်းနိုင်ပါစေ..မာမီ :P
မစံပယ်....
တစ်နေ့တာ တဂ်ပို့စ် လေးကိုဖတ်သွားပါတယ်
ဖြစ်ချင်သော ဆန္ဒမှန်သမျှ ပြည့်ဝ ပါစေဗျာ။
မမ တနေ့တာလေးဖတ်ရတာ အေးချမ်းတယ်.. နေရာတိုင်း လပ(လွင်ပြင်) ကိုတွေ့နေရသလိုပဲ.. :P
ချစ်ခင်လျက်
Junemoe
ကောက်ညင်းပေါင်းတဲ့နေ့ပြောထားအုန်းလေဗျာ စားဖို့လာခဲ့မယ်
လွင်ပြင် ..လွင်ပြင် .. လွင်ပြင် တွေထဲရောက်ပြီး ဟာလာဟင်းလင်း ဖြစ်သွားသလိုပဲ.... :P
ဟဟဟ မမရေ အပြင်ကရောက်ရောက်ချင်ဖိနပ်အရင်ချွတ်တာ မှန်၏ :)
လောလောဆယ် အဖြစ်ချင်ဆုံးဆန္ဒလေးကို အမြဲတမ်း အကောင်ထည် ဖော်နိုင်ပါစေ အမရေ...
ကဗျာလေးက ကောင်းတယ်......
“ကျမ ချစ်လင် မောင်လွင်ပြင် ”တဲ့လေ
စပါယ်ချို တို့များကာရံညီလိုက်တာ
အရာခပ်သိမ်းအဆင်ပြေပါစေ။
jas ရေ
သစ်ပင်လေးရဲ့ အရိပ်အောက်မှာ
အဲမြဲတမ်းအေးမြလုံခြုံပါစေနာ်
ချစ်တဲ့ ပစ်ပစ်
တက်ဂ်ထားတာလေးရေးပေးလို့ကျေးဇူးပါရှင်..
ချစ်တဲ့သူတွေများကြတော့လည်း အားကျစရာပါလားနော်..
မဖြစ်ဘူး...မဖြစ်ဘူး... မြန်မြန်ပြန်မှ ...:P:P
အင်း..ဟုတ်နေတာပဲ..
ရှုပ်လည်း ရှုပ်နေတာပဲ.. :D
မောင်လွင်ပြင်ချင်းကို ထပ်နေတာပါပဲလား။
အမျိုးသားကိုတော်တော်ချစ်တာပဲ... ဂွတ်ထ.. ဂွတ်ထ..
ဟိုဖက်က ပို့စ်လေးကို ဖတ်ပြီးမှ ဒီပို့စ်လေးကို ထပ်ဖတ်ရတော့ ချစ်ခြင်းမေတ္တာတွေ အသွားအပြန်နဲ့ ကူးယှက်နေတာကို တွေ့လိုက်ရပါတယ် မစံပယ်။
ပျော်ရွှင်ချမ်းမြေ့ပြီး သာယာတဲ့ အခုလို မိသားစုဘဝလေးကို ထာဝရပိုင်ဆိုင်နိုင်ပါစေရှင်။
မေးတာ ပစ်ပစ် ဖြေတာ ဂျက်ဂျက် အကြောင်အရာ လွင်ပြင်.....ခိခိ အားကျတယ် ....မမဂျက်
နှစ်ယောက်လုံးအချစ်ခြင်း ပြိုင်နေသလိုပဲ ။ အားတောင်ကျလာပြီ
ငါးဟင်းတွေ လာစားသွားတာ ကျေးဇူးပါမစံပယ်
ဆတက်တပိုးတိုးပြီး ချစ်နိုင်ကြပါစေရှင်
ဟုတ်ပ တို့ အစ်မကတော့ အပေါ်က ကိုဇော်ပြောသလိုဘဲ လွင်ပြင်ချင်းကို ထပ်နေတာဘဲ ဟီ ဟိ...
မမဂျက်ပဲကောင်းတယ် လိုရင်းတိုရှင်း.. ကန်ဒီ့လိုကွေ့ပတ်မနေဘူး ဟီး :P
တဂ်ပို့စ်လေးဖတ်သွားတယ်မကြီးဂျက်ရေ
ပျော်ရွှင်ပါစေဗျာ
အွန်... ငါတော်တော်ကို နောက်ကျ ကျန်နေခဲ့ပါရောလား။။။
အမရေ ..အမရဲ့ တစ်နေ့တာကို ဖတ်ပြီးတော့မှပဲ ခုတလော တွေ့တွေ့ နေရတဲ့ လွင်ပြင်လှိုင်းငယ်ဆိုတာ အမတို့စုံတွဲလို့ သေသေချာချာကြီး မှတ်ချက်ချလိုက်နိုင်တော့တယ်.။။ဟီၤးးးးးးး
စိတ်အားငယ်တဲ့အခါ ပုတီးစိပ်တယ်ဆိုတော့ စိတ်အားငယ်တိုင်း ကုသိုလ်တွေ ရနေတာပေါ့။ ကောင်းပါ့ ကောင်းပါ့။ အဲလေ.. မကောင်းဘူးးးး အာ ဟုတ်သေးပါဘူး။ ဘယ်လို ပြောရပါ့မလဲ။ ???????????:D
အယ် ကျနော့်ဆီမှာ မတက်ဘူးမမစံပယ်ရေ ..ခုမှကလစ်လိုက်မှတက်လာတယ်း(
ဟဲဟဲ ကျမချစ်လင် မောင်လွင်ပြင်
မိုက်ဒလယ်ကွာ ...
ချစ်တဲ့
မဒိုးကန်
အားကျသွားတယ် ဂျက်ဂျက်ရေ..:P
တစ်နေ့တာကို ဖတ်သွားပါတယ်ခင်ဗျာ။ သဘောလည်းကျမိပါတယ်။ ကိုလွင်ပြင်နဲ့လည်း စိတ်တူကိုယ်တူပေါင်းဖက်နိုင်ပါစေလို့ နှစ်သစ်မှာဆန္ဒပြုသွားပါတယ်။
လွင်ပြင်ထဲကစပါယ်..
မရမ်းသီးထောင်းနဲ့ ပဲကြီးဆူးပုတ်ကိုယ်လည်းစားချင်တယ်။
အိုင်အိုရာ
အစ်မ Jas ရေ တစ်နေ့တာ လေးကိုဖတ်သွားပါတယ်ဗျိုး။ အိမ်ရောက်ရောက်ချင်း ဖိနပ်ချွတ်တာပြောစရာလားလို့ လူဆိုး ခစ်ခစ် :P
8ယာနော် ဟင်းဟင်းဟင်း
မသက်မသာဖြစ်သွားမယ် နာ့ကို ဘာမှတ်နေလဲ ဘူးထွားထွား
အိမ်ရောက်ရောက်ချင်း ဖိနပ်ချွတ်တာ ညီမနဲ့တော်တော်တူတာပဲ ဟဲဟဲ။ တနေ့တာလေး လာဖတ်သွားပါတယ်။
လွင်ပြင်ထဲက မစံပယ် တို့များဆီမှာ လွင်ပြင်ရဲ့လင့်မတက်ဘူးကွယ် access denied နဲ့ပဲ ကြုံနေတယ် တခြားလင့်တွေလည်း မတက်ဘူး ဘာဖြစ်လဲမသိ။
တနေ့တာဖတ်တော့မှ လွင်ပြင်ထဲက စံပယ်ပန်းကလေးအကြောင်း ဒန်တန်တန်ဖြစ်တာ သိတော့တယ် :P
Post a Comment