ငါ့ ဘဝ
ငါ့ ဖြစ်ရပ်
ငါ့ အကြောင်းထဲ
မကြာခဏ
ရောက်ရောက်လာပြီး
ခေါက်တုံ့ခေါက်ပြန်
အားမနာ လျှာမကျိုး
ဝေဖန်အမိန့်ပေးသံနဲ့
ကောင်းကင်က မြေပြင်ကိုငုံကြည့်သလို
ငါ့ကိုလာလာပြီး မကြည့်ပါနဲ့
တောင်းပန်ပါတယ် ။
လှပတဲ့ တောင်ပေါ်မြို့
မင်းရောက်ခဲ့သလား
ရိုးရာမပျက်တဲ့ အင်းလေးကန်အလှ
မင်း မြင်ဖူးခဲ့သလား
လမ်းဆုံး ရွာမတွေ့
နေရာဒေသကို
အထာကြီးနဲ့ ဆရာကြီးစကားတွေ
လာလာပြီးမပြောပါနဲ့
ချိုနေတဲ့ နား
မခါးရအောင် ဝေးဝေးကသာ
ရှောင်သွားပါလား။
ငါ့ ဖြစ်ရပ်
ငါ့ အကြောင်းထဲ
မကြာခဏ
ရောက်ရောက်လာပြီး
ခေါက်တုံ့ခေါက်ပြန်
အားမနာ လျှာမကျိုး
ဝေဖန်အမိန့်ပေးသံနဲ့
ကောင်းကင်က မြေပြင်ကိုငုံကြည့်သလို
ငါ့ကိုလာလာပြီး မကြည့်ပါနဲ့
တောင်းပန်ပါတယ် ။
လှပတဲ့ တောင်ပေါ်မြို့
မင်းရောက်ခဲ့သလား
ရိုးရာမပျက်တဲ့ အင်းလေးကန်အလှ
မင်း မြင်ဖူးခဲ့သလား
လမ်းဆုံး ရွာမတွေ့
နေရာဒေသကို
အထာကြီးနဲ့ ဆရာကြီးစကားတွေ
လာလာပြီးမပြောပါနဲ့
ချိုနေတဲ့ နား
မခါးရအောင် ဝေးဝေးကသာ
ရှောင်သွားပါလား။
ဘယ်လိုပဲပြောပြော
သဘောမပေါက်ဘူးဆိုရင်တော့
ကျွဲနား စောင်းတီးခဲ့တဲ့
ကျွန်မပါပဲ
ပိုးလဲကုန်ပြီ
မောင်ပုံ ဘာမှမတတ်တာ
သင်ဆရာအပြစ်ပဲရှိပါစေတော့
ရှိစေတော့ ။
လမ်းတူကိုလျှောက်နေပါလျှက်
မင်းနဲ့ငါ ကွာဟနေတာ
သိပါရဲ့လား
အဲတာ ရင်ထဲက
နှလုံးသားပါပဲ ။
jasmine
jasmine
28 comments:
ကဗျာလေးကတမျိုးလေးပဲ၊
ပိုးလဲကုန်ပြီ
မောင်ပုံ ဘာမှမတတ်တာ
သင်ဆရာအပြစ်ပဲရှိပါစေတော့
အဲဒီစာသားလေးကြိုက်တယ်..အစ်မစံပယ်
ခံစားလိုက်ရပါသည် မစံပယ်ချို။
လမ်းတူကိုလျှောက်နေပါလျှက်
မင်းနဲ့ငါ ကွာဟနေတာ
သိပါရဲ့လား
အဲတာ ရင်ထဲက
နှလုံးသားပါပဲ ။ ထိတယ် မမဂျက်ရေ.......
ကဗျားလေး ခံစားသွားပါတယ် မဂျက်စ်...
ကဗျာလေးလာဖတ်သွားတယ်..ဂျက်စ်ရေ
ကဗျာ တချို့ လာဖတ်ပါသည် မစံပယ် ...
လမ်းတူကိုလျှောက်နေပါလျှက်
မင်းနဲ့ငါ ကွာဟနေတာ
သိပါရဲ့လား
အဲတာ ရင်ထဲက
နှလုံးသားပါပဲ ။ ခံစားခဲ့ပါတယ် မမဂျက်ရေ
ခင်မင်လေးစားလျှက် (လွမ်းပိုင်ရှင်)
ကဗျာလေးခံစားသွားတယ် မမ
တံခါးမရှိ ဓါးမရှိတဲ့
ကျုပ်အိမ်ကို ၀င်လာတဲ့အခါ
ဝိသေသ ကိုဖယ်ခဲ့ပါ...။
ပြောဆိုပါ ဝေဖန်ပါ
သို့ပေမယ့်
အမိန့်သံမပါစေနဲ့..။
ဟီ...
မစံပယ် စတာနော် ကျန်းမာရေး ကောင်းအောင် ဂရုစိုက်ပါ။
ယောက်ခမ ငါတင်းနေတယ်
စံပယ်ရေ....
အလွမ်းလာရောက်ခံစားသွားတယ်...
(( ကျွဲနား စောင်းတီးခဲ့တဲ့
ကျွန်မပါပဲ
ပိုးလဲကုန်ပြီ
မောင်ပုံ ဘာမှမတတ်တာ
သင်ဆရာအပြစ်ပဲရှိပါစေတော့
ရှိစေတော့ ။ ))
အဲလိုလေးတွေ ရေးတတ်လို့ ဒီကအားပေးနေရတာပေါ့။
ခင်မင်တဲ့
အလွမ်း
ဟဲ့ မောင်တစ်လုံးဘဇာကြောင့်များတင်းရသလဲကွယ့်
နီးနီးလေးနဲ့ ဝေးပေါ့း)
ကဗျာလေးလာရောက်ခံစားသွားပါတယ်စံပယ်
ဘယ်တူနဲ့ဘယ်တူနဲ့က
နှလုံးသားတွေ မတူနေကြတာလဲဟင်..
ကောင်းကင်ကမြေပြင်ကိုငုံ့ကြည့်သလို....
သတို့သမီး.၀တ်စုံနဲ့..ပယ်ပယ်နယ်နယ်ကျဆုံးသွားတဲ့.ကျုပ်ကို..ပြုံးမပြပါနဲ့လား.မိန်းခလေး
ကဗျာလေးကို လာရောက်ခံစားသွားပါတယ် မမ ;)
ကဗျာချစ်သူမို့ ကဗျာတွေလိုက်ရှာဖတ်နေမိတယ်း)း)
ဟင်..အပြင်မှာတော့ အဲ့လိုဟုတ်ဘူးမလား မမ.. ကဗျာလေးဖတ်ပြီး လန့်သွားတာပဲ.. :)
ချစ်တဲ့
နော်
နှလုံးသား တူသူက ရှိပြီးသားဆိုတော့ ဘာဖြစ်ဖြစ် တခြားသူတွေနဲ့ မတူတာ ဖြေသာ ပါသေးတယ် ဒေါ်ဂျက်ရယ်
ဒီကဗျာလေး အရမ်းကြိုက်တယ်
ဒါပေမယ့် သိပ်နားမလည်ဘူး
ဟုတ်တယ် နည်းနည်းတော့နားလည်တယ် ။ ဒါပေမယ့်သိပ်နားမလည်ဘူး။ ဒါပေမယ့် အားပေးခဲ့ပါတယ် အစ်မ။
ကဗျာလေးက ခပ်သွက်သွက် ခပ်ပြတ်ပြတ် နဲ့ ရေးထားလိုက်တာ..
ရင်ဘက်ချင်း နီးသူတွေမို့ ခံစားနားလည်မိတယ်
အမ ရေ..
တစ်ယောက်တစ်ယောက်ကို ထပေါက်တဲ့ ကဗျာမျိုးလို့ ကျွန်တော်နားလည်မိပါတယ်။ နှလုံးသားချင်းမနီးစပ်ရင်တော့ သူငယ်ချင်းဆိုရင်တောင် သိပ်အဆင်မပြေလှဘူးလို့ ကျွန်တော်ထင်ပါတယ်။
ဝိုးး..ဒီကဗျာလေးကဆန်းသစ်တယ်..မိုက်တယ်
Oh!!right
အရမ်းကောင်ပါတယ်Ma!!
Oh!Ma
အရမ်းကောင်းပါတယ်!
အားပေးလျက်ပါ!!
Post a Comment