ဖြစ်သမျှ အကြောင်း
အကောင်းတွေပါပဲ
အပေါင်းအသင်းတွေလဲ
လက်ကုန် ခြေပန်း
ကူညီချင်တဲ့စိတ်တွေလဲ
ကုန်ခန်းနေပြီလေ
အမှောင်ပြီးရင်အလင်း
ညတွေဖြတ်သန်းပြီးရင်နေ့ တဲ့လေ
ငါ့ရင်ထဲမှာတော့
ကဗျာပြီးရင်ကဗျာတွေပါပဲ ။
တခုခု ကိုအကောင်အထည်ဖော်မလို့ပါပဲ
ပြိုပျက်ခြင်းတွေကလဲမြန်လိုက်တာ ။
သူ့ရင်ဘတ်နဲ့ ကိုယ့်ရင်ဘတ်
ဘယ်တော့များ ထုတ်ချင်းပေါက်မြင်နိုင်မလဲ
စဉ်းစားရင်းနဲ့ အချိန်တွေကုန်
ဖြူစင်မှုတွေဖုန်တက်ခဲ့ရတယ်
ကံဆိုးမှုတွေမရှောင်နိုင်လို့
သံယောဇဉ်တွေလဲ ပုတ်သိုးခဲ့ရတယ် ။
လွယ်မယောင်ထင်နေရပြီး
အမြစ်တွယ်ခဲ့တဲ့ သံယောဇဉ်
တိမ်မယောင် နင်ထင်နေတဲ့
နက်ရှိုင်းတဲ့ ငါ့ အကြင်နာ
မင်းရင်ထဲ မထားပဲ
စွန့်ပစ်ဖို့ ကြိုးစားနေတာ
ဘယ်သူ့အမှားလဲ ။
ချစ်သူရေ နောက်ဆုံးတော့
နှလုံးသားတွေမှိုတက်နေပြီး
ယိုထွက်နေတဲ့ သွေးမျက်ရည်တွေထဲက
ပျိုမြစ်တဲ့
ချစ်ခြင်းတရားတွေအပြည့်ပါကွယ် ။
(အသဲကွဲနေပါတယ်ဆိုတဲ့ သူငယ်ချင်းအတွက် )
jasmine
31 comments:
ကြိုးတကာ့ကြိုးမှာ အဖြတ်ရ အခက်ဆုံးကြိုး ... ချည်မိရင် ရုန်းထွက်ဖို့ တော်တော်ခက်တယ်
အမှောင်ပြီးရင်အလင်း
ညတွေဖြတ်သန်းပြီးရင်နေ့ တဲ့လေ
ငါ့ရင်ထဲမှာတော့
ကဗျာပြီးရင်ကဗျာတွေပါ......
ခိုက်တယ်ဗျာ...
အသဲကွဲတဲ့သူအတွက်ပဲလား ဂျက်ရဲ့...
အထီးကျန်ပြီးပျင်းနေတဲ့သူအတွက်ကောဟင်..
အားပေးသွားတယ်နော် ...ဂျက်ရဲ့လက်ရာလေးကို.....
ခံစားတတ်လိုက်တာ
ချစ်သူရေ
နောက်ဆုံးတော့
နှလုံးသားတွေ မှိုတက်နေပြီး
ယိုထွက်နေတဲ့ သွေးမျက်ရည်တွေထဲက
ပျိုမြစ်တဲ့ ချစ်ခြင်းတရားတွေအပြည့်ပါကွယ်
ကောင်းလိုက်တာဗျာ
အစ်မရေ ... ရေးပေးဖို့လည်း မမေ့နဲ့နော်
( For Me )
တိုက်ဆိုင်သွားတဲ့ စာလုံးလေးတွေ ရှိခဲ့တယ် မဂျက် ... :)
တိုက်ဆိုင်သွားတဲ့ စာလုံလေးတွေ ရှိခဲ့တယ် မဂျက် .. :)
“ချစ်သူရေ နောက်ဆုံးတော့
နှလုံးသားတွေမှိုတက်နေပြီး
ယိုထွက်နေတဲ့ သွေးမျက်ရည်တွေထဲက
ပျိုမြစ်တဲ့
ချစ်ခြင်းတရားတွေအပြည့်ပါကွယ် ။” ... ခိ ခိ ... ညလေးအတွက်များလားဟင် ... မမ ... :P
‘သူ့ရင်ဘတ်နဲ့ ကိုယ့်ရင်ဘတ်
ဘယ်တော့များ ထုတ်ချင်းပေါက်မြင်နိုင်မလဲ..’
အသုံးလေး လှတယ် မစံပယ်..၊ ရင်ဘတ်ချင်း မနီးနိုင်သေး သရွေ့တော့ အလွမ်းတွေပဲ တဖွဲဖွဲ ရွာနေအုံးမှာ အသေအချာပါ..။
သူငယ်ချင်းအတွက် စိတ်မကောင်းပေမယ့်။
ကဗျာလေးကတော့လှတယ်။
သူငယ်ချင်းလည်းမြန်မြန်ပြုံးပျော်နိုင်ပါစေပေါ့။
နှလုံးသားတွေ တကယ်မှိုတက်နေတာ ခုမှမြင်ဘူးတော့တယ်နော်။ ကဗျာလေးက ခံစားလို့ကောင်းလိုက်တာ။
နှလုံးသားတွေ မှိုတက်တာ ခုမှ မြင်ဖူးတော့တယ်နော်။ ကဗျာလေးက ခံစားလို့ကောင်းတယ်။ အားပေးနေမယ်နော်။
လွယ်မယောင်ထင်နေရပြီး
အမြစ်တွယ်ခဲ့တဲ့ သံယောဇဉ်
တိမ်မယောင် နင်ထင်နေတဲ့
နက်ရှိုင်းတဲ့ ငါ့ အကြင်နာ
မင်းရင်ထဲ မထားပဲ
စွန့်ပစ်ဖို့ ကြိုးစားနေတာ
ဘယ်သူ့အမှားလဲ
ကောင်းလိုက်တဲ့ စကားလုံးတွေ အမဖြူရေ...
ထွက်ထွက်နိုင်လွန်းတယ်..အားပေးလျှက်ပါအမဖြူရေ။
ခင်မင်စွာဖြင့်
ဖိုးကျော်
အခုတလောအသည်းကွဲကြတာများတယ်နော်
ကြောက်လိုက်တာ နာအလှည့်ရောက်လာရင်တော့:(
ဖြစ်သမျှအကြောင်း အကောင်းတွေပါပဲ အစ်မရယ်...။
ကြိုက်ကြိုက်
စံပယ်ရေ..
မှိုတက်နေပြီဆို ဒိတ်လွန်နေလို့ဖြစ်မယ်။
မစားကောင်းတော့ဘူး။ ဗိုက်ကြီးပူမှာစိုးလို့..အဟီး
ခင်တဲ့
အလွမ်း
ချစ်ခြင်းတရားသည်ထာဝရပျိုမြစ်နေသည်.....
ဆိုလေသလားဗျာာ ကဗျာလေးခံစားမိပါတယ်
မောင်ဘကြိုင်
ချစ်သူရေ နောက်ဆုံးတော့
နှလုံးသားတွေမှိုတက်နေပြီး
ယိုထွက်နေတဲ့ သွေးမျက်ရည်တွေထဲက
ပျိုမြစ်တဲ့
ချစ်ခြင်းတရားတွေအပြည့်ပါကွယ် ။
တဲ့လားမမရေ...
ကံဆိုးမှုတွေမရှောင်နိုင်လို့
သံယောဇဉ်တွေလဲ ပုတ်သိုးခဲ့ရတယ်... တဲ့လား..
လွှင့်ပစ်တာပဲ ကောင်းမယ်နော့..
ကဗျာကောင်းလေးလာရောက်ခံစားသွားပါတယ်အမစံပယ်
လွယ်မယောင်ထင်နေရပြီး
အမြစ်တွယ်ခဲ့တဲ့ သံယောဇဉ်
မဂျက်ရေ ...
ကဗျာတွေလက်စောင်းထက်
ကလောင်သွက်နေပါလား
လေးစားပါတယ်ဗျာ
ခင်တဲ့
မိုးသူ(တောင်ကြီး)
မဂျက်နဲ့ ကိုလွင်ပြင်က
ရင်ဘတ်အငှါးလိုက်နေတာလား :P
ကဗျာလေးကိုကျေနပ်စွာဖတ်သွားပါတယ်
ခင်တဲ့
မိုးသူ
ပျိုမျစ်တဲ့ ချစ်ခြင်းတွေကနေ ကဗျာတွေဖြစ်လာတာကို ကြိုဆိုလိုက်ပါတယ် ...
ကိုယ့်ရင်ထဲမှာလဲ ကဗျာပြီးရင်ကဗျာတွေပါပဲ
အသဲကွဲနေပါတယ်ဆိုတဲ့ သူငယ်ချင်းအတွက် .... တဲ့ ...
လွမ်းနေရတဲ့ သူတွေ အတွက်ရော .... တစ်ပုဒ်လောက် ရေးပေးပါလားဗျာ ....
နှလုံးသားတွေ မှိုတက်သွားတာ တော်တော်ဆိုးတယ် ဘာနဲ့ ဆေးကြောသန့်စင်နိုင်မလဲနော်။
တစ်ကြိုးတည်းပါပဲ..ရစ်ပတ်တင်းလွန်းတယ်.
မိုးမြင့်တိမ်
ကဗျာလေးအားပေးသွားတယ်ဂျက်ရေ။
အိုင်အိုရာ
စာလာဖတ်ပါသွားပါတယ် ဒေါ်ချိုရှင့်း)
ဂျူ
သူငယ်ချင်းအတွက်ရေးပေးတာလဲကောင်းလိုက်တာ
ဖြူစင်မှုတွေ ဖုန်တက်ခဲ့ရတယ်
မိုးရေထဲလျှောက်သွားရင်း
ဖြူစင်မှုတွေကို သက်သေပြဖို့ ရှာခဲ့ပေမယ့်
အရာမထင်ခဲ့ဘူး (လတ်တလောခံစားချက်)
မိုးရေထဲလျှောက်သွားရင်း
ဖြူစင်မှုတွေကို သက်သေပြဖို့ ရှာခဲ့ပေမယ့်
အရာမထင်ခဲ့ဘူး (လတ်တလောခံစားချက်)==========
မိုးရေထဲဖြူစင်မှုတွေမရှာပါနဲ့ကေသီရေ
ဖြူစင်မှုတွေက မိုးရေစီးကြောင်းအတိုင်းပါသွားမှာပေါ့
ချစ်တဲ့ အမဂျက်
Post a Comment