ကမ္ဘာကို လေညင်း မိတ်ဆက်
သစ်ရွက်တို့ တိတ်တဆိတ်လွင့်ကြွေလဲ
လှတဲ့ ဤကမ္ဘာ ။
ကမ္ဘာကို နေရောင်ထိုး
တိုးတိုးလေးလွမ်းပြီး
မိုးကောင်းကင်ကို မော့မော့ကြည့်လဲ
မြင်နေရတာ
လှတဲ့ ဤကမ္ဘာ ။
ကမ္ဘာကို လရောင်မိုး
မလင်းတလင်းညကို
ကြယ်တွေသွန်ဖြိုး
မထင်မှတ်တဲ့
နှစ်လုံးသား နှစ်ခုကတော့
အလွမ်းမိုးတွေ ရွာမလိုပေါ့ကွယ် ။
ကမ္ဘာကြီး ဘယ်လိုဖြစ်နေပါစေ
ချစ်ရသူ သက်ထား
လွမ်းရတဲ့ အလွမ်း
အမြဲ ခုံမင်နှစ်သက်စွာနဲ့
မေ့မပစ်ရက်ဘူးကွယ် ။
ဒီအလွမ်း
ဘယ်သူမှ သိစရာမလိုပါဘူး
ရင်းနှီးခဲ့တဲ့ နှစ်လုံးသားနှစ်ခု
အသိအမှတ်ပြုရင် ရပါပြီ ချစ်သူ ။
ကမ္ဘာကို မုန်တိုင်းထန်
ချစ်သူကိုလွမ်းတဲ့အကြိမ်တိုင်း
နှလုံးသားတွေ တစစ်စစ်နာလဲ
မင်း ကိုလွမ်းတဲ့အလွမ်းတွေကို
အပို အလိုမရှိတဲ့ နှလုံးသားထဲ
အပေါက်အပြဲ ဖြစ်နေစေတော့
အမြဲ ပျော်ရွှင်စွာနဲ့
ထုပ်သိမ်းထားပါရစေ ချစ်သူ ။
(ချစ်ရသူကို သိပ်ချစ်ခဲ့ရလို့ လွမ်းနေတယ်ဆိုတဲ့ သူငယ်ချင်းတွေအတွက်
ရေးဖွဲ့ခြင်းသာဖြစ်ပါသည်)
jasmine
30 comments:
“ချစ်သူကိုလွမ်းတဲ့အကြိမ်တိုင်း
နှလုံးသားတွေ တစစ်စစ်နာလဲ
မင်းကိုလွမ်းတဲ့အလွမ်းတွေကို
အပို အလိုမရှိတဲ့ နှလုံးသားထဲ
အပေါက်အပြဲ ဖြစ်နေစေတော့
အမြဲ ပျော်ရွှင်စွာနဲ့
ထုပ်သိမ်းထားပါရစေ ချစ်သူ ။” ... မမ ... ညလေးကိုမျက်ရည်တွေ ထွက်ကျလာအောင် လုပ်နေတယ် ... :)
ကောင်းလိုက်တာ။ ဖတ်ရင်းနဲ့ လွမ်းလာပြီ။
လွမ်းတာကောင်းလား ဘာမှမသိတော့ဘူး..
လွမ်းနေရင်း ...
အလွမ်းကဗျာ ဖတ်မိပြီ
ရင်ထဲမှာ တိတ်တိတ်လေးပါ
အတွေးတွေလည်း ငြိမ်သက်နေလေရဲ့
ဘယ်ဘက် ရင်ခွင်တစ်စုံ က
တိုးတိုးတိတ်တိတ် လှုပ်ရှားသံ လေးတစ်ခုကြားမိပါတယ် ..
သေချာပါတယ် ....
ဒါ ... ကျနော် ရင်ခုန်သံမဟုတ်ဘူး
သူမရဲ့ အသက်ရှု သံပေါ့ ....
ကျနော် ရင်ခုန်သံတွေ ပျောက်နေတာ
၂နှစ်ပြည့်တော့ မှာပါလားနော် ........ ။။။။။။။။။။။။။။။။။။
အစ်မရေ ကဗျာလေးဖတ်ပြီး စိတ်ထဲရှိတာတွေ ရေးခဲ့မိပြီ .... ။
ကျွန်တော်ကကဗျာတွေဖတ်ရင်းလွမ်းတယ်
လှပနေတဲ့ ကမ္ဘာကြီးပေါ်မှာ လွမ်းနေရတာကိုက လွမ်းစရား)
ကဗျာလေးဖတ်ပြီး လွမ်းလိုက်တာနော်... ကျွန်တော်လည်း ဖုန်းလှမ်းဆက်လိုက်ဦးမယ်... :P
ဘယ်သူက
ဘယ်သူ့ကို ဆိုတဲ့အလွမ်းတွေနဲ့
ကျုပ်တို့ရဲ့ကမ္ဘာကြီးမှာလည်း
နေ တွေကအကြိမ်ကြိမ်ခမ်းခဲ့ပြီနော်
ဒါပေမယ့်လို့
အဲသည်အလွမ်းဆိုတာကြီးတော့ လူတိုင်းရဲ့ ရင်မှာ
နုပျို နေကြမည်ထင်ရဲ့ဗျာ။
ဒီကဗျာလေးရော မေးလ်ထဲက
ကဗျာလေးရော ဖတ်ခဲ့ပါပြီ
အရမ်းကို ကျေးဇူးတင်မိပါတယ် အစ်မရယ်
သတင်းကောင်းလေး ပြောရဦးမယ်
ကျွန်တော့ကောင်မလေး ကျွန်တော့်ဆီ
ပြန်လာပြီ . . .
အလွမ်း စကားလုံးနှစ်လုံးတည်း
ဒါပေမယ့်ဖွဲ့စရာတွေများလွန်းလှတယ်
ခင်မင်လျှက်
ချစ်သူမောင်
လွမ်းပါတယ်ဆို ပိုလွမ်းသွားပြီးမမရေ
လမင်းခါးနာသက်သာတယ်မမ
ကျေးဇူးတင်ပါတယ်..
စံပယ်ရေ... အလွမ်းဆိုလို့ (မြို့)လေးများ ကျန်ခဲ့လားလို့ လာပြောတာ. အဟီး..
အားပေးသွားတယ်။ လွမ်းချင်ဘူး...တွဲလက်တွေမြဲ
မဝေးဘဲနီးမြဲနီးချင်သူမို့....ဟိဟိ
ခင်မင်တဲ့
အလွမ်း
အမေ၇...ကဗျာလေးက အရမ်းကောင်းတယ်....ဖတ်ရင်းနဲ့တောင် ၀မ်းနည်းမိတယ်....
အဆွေးဓာတ်ခံမရှိပေမယ့်
ကောင်းမွန်တဲ့ အရေးအသားလေးကြောင့်
ကျွန်တော်တောင် ဆွေးလျသွားတယ်
အစ်မရေ ... လာလည်သွားတာ ကျေးကျေးနော်
အလွမ်းတွေကို ရင်ဘတ်ဌားရေးပေးတဲ့ စံပယ်ချိုအတွက်လည်း အလွမ်းများ ဝေးပါစေလို့ ဆုတောင်းပေးပါတယ်
ချစ်သော လသာည<3
ဒီက လွမ်းတက်ပါတယ်ဆို..မမနော်...:):)
ကောင်းလိုက်တဲ့ ကဗျာလေး...
ကဗျာလေးခံစားပြီး လွမ်းသွားတယ် :D
ခံစားသွားပါတယ်...:-)
မမဂျက်ရေ...ခေါင်းစဉ်လေးကိုတော့ ရေလည် ခိုက်သွားပါကြောင်းးးးးးးးးး)
ဒီအလွမ်း
ဘယ်သူမှ သိစရာမလိုပါဘူး
ရင်းနှီးခဲ့တဲ့ နှစ်လုံးသားနှစ်ခု
အသိအမှတ်ပြုရင် ရပါပြီ ချစ်သူ ။
မဂျက်ရေ ....ကြိုက်တယ်ဗျ
ခင်တဲ့
မိုးသူ(တောင်ကြီး)
ဒီအလွမ်း
ဘယ်သူမှ သိစရာမလိုပါဘူး
ရင်းနှီးခဲ့တဲ့ နှစ်လုံးသားနှစ်ခု
အသိအမှတ်ပြုရင် ရပါပြီ ချစ်သူ ။
တခါတလေ ကိုယ်က ချစ်သူကိုလွမ်းနေတယ်ဆိုတဲ့ 
အကြောင်းလေးတော့ ချစ်သူသိစေချင်တယ်ဗျာ
ခင်တဲ့
မိုးသူ(တောင်ကြီး)
ဒီအလွမ်းပါပဲ .. ညညတွေမှာ ပုံရိပ်တေါကိုမြင်ယောင်စေပြီး ကြည်နူးစေခဲ့တာ ..မျက်ရည်ကျစေခဲ့တာ ...
ဖတ်ရင်းနဲ့လွမ်းလာပြီအမစံပယ်ရေ..
ကျွန်တော်လည်းပြန်ပြီးလွမ်းလိုက်ဦးမယ်..
ကဗျာလေးဖတ်သွားတယ်နော်
ကဗျာလေးဖတ်ရင်းနဲ့လွမ်းလာပြီအမစံပယ်ရေ..
ကျွန်တော်လည်းပြန်ပြီးလွမ်းလိုက်ဦးမယ်
အလွမ်းကို တန်ဖိုးမထားတာတော့ မဟုတ်ဘူး။ လောလောဆယ် ဘာကို လွမ်းရမှန်း မသိတာက ခက်နေတယ်။ ဒါကြောင့် အလွမ်းတွေကို သိမ်းဆည်းဖို့ နေရာရှိပေမဲ့ အလွမ်းမရှိတော့ မစားသာလှဘူး။း)
ကဗျာလေးကိုလာရောက်ခံစားသွားပါတယ်
အမဖြူရေ...အချစ်ဆိုတာကိုစတင်မွေးဖွား
လိုက်နဲ့အလွမ်းဆိုတဲ့အရာကတခါထဲကပ်ပြီး
ပါလာတတ်တာပါပဲအမရေ...ချစ်ဖူးသူတိုင်း အနည်းနဲ့အများတော့လွမ်းဖူးကြတာပါပဲ
အမရေ...လူမှန်ရင်အချစ်နဲ့ မကင်းကြသလို
အလွမ်းနဲ့လည်းမကင်းနိုင်ကြပါဘူးအမရေ...
ကိုယ်တိုင်လည်းလွမ်းနေဆဲပါအမဖြူရေ...
ကဗျာကောင်းလေးဖတ်ခွင့်ရလို့
ကျေးဇူးတင်ပါတယ်အမဖြူရေ...
ခင်မင်စွာဖြင့်
ဖိုးကျော်
ကဗျာ..တိုတွေကော....
ကဗျာရှည်တွေရော...
အားလုံးဖတ်သွားတယ်.....
အရင်နေ့တွေကလာပေမယ့်စာေ၇းလို့
မ၇ဘူး...စီဘောက်ေ၇ာဘဲ.....
နေကောင်းအောင်နေ
ဂျက်ရေ ကဗျာလေး လာဖတ်သွားပြီ။ ကဗျာလေးတွေနဲ့ အမြဲပျော်နိုင်ပါစေနော်။
ခင်မင်လျက်
သဒ္ဓါ
အို...အလွမ်း..အသင်နဲ့မတွေ့ဖြစ်တာတောင် ကြာပါပကောလား :)
မလာတာ2ရက်လောက်ကြာတာနဲ့ အသစ်တွေအများကြီးတိုးနေပါလား..
သူများအတွက်ခံစားရေးသားချက်လေးတွေကောင်း၏။
အမလိုကဗျာတွေ အများကြီးရေးတတ်ချင်တယ်...
အရမ်းကောင်းပါတယ် လာလည်တဲ့အတွက်ကျေးဇူးတင်ပါတယ်
ကြိုးစားနေပါ့မယ်
ကဗျာတွေ ဖတ်သွားပါတယ်
အ၇မ်းကောင်းပါတယ်ဗျာ
Post a Comment