အတူတူ လက်မတွဲရတဲ့သူတွေအတွက်
အမှတ်တရဆိုတာ
အဆိပ် တစ်ခွက်ပါပဲ ။
၂၀၀၆ ဆိုတဲ့ ခုနှစ်
ဘေးကျပ်နံကျပ်ရပ်ကွက်ထဲ
ပဲ့နေတဲ့ စာရွက်စုပ်လေးတောင်ရှာမရလို့
ကဗျာလေးရေးဖို့ အတွက်
အိပ်မက်ထဲမှာ
အိပ်မက်ထဲမှာ
ငါ တပ်မက်ခဲ့ဖူးတယ် ။
အတွေးတွေကနီးနီးလာတယ်
လူချင်း ဝေးဝေးသွားတာဘာကြောင့်လဲ
ခေတ်ကြောင့်လား စနစ်ကြောင့်လား
ပျားရည်လိုဘ၀မျိုး
တည်ဆောက်ဖို့ပါပဲ
အားလုံး အဖိတ်အစဉ်တွေပါပဲ
အကွဲကွဲ အပြဲပြဲနဲ့
လဲသေဖို့ကောင်းနေပြီ ။
တစ်ယောက်နဲ့ တစ်ယောက်ချစ်ပြီးဝေးတာရှိသလို
ဝေးပြီး ချစ်နေကြတာလဲရှိနေတာပဲလေ
တို့ နှစ်ယောက် နီးရက်နဲ့လဲ လွမ်းနေတယ် ။
ဝိုင်တစ်ခွက် ဒါမှ မဟုတ်
ကော်ဖီတစ်ခွက်
ဇိမ်ရှိရှိ သောက်လိုက်ချင်တယ်
အင်း...........ကော်ဖီနဲ့ ၀ိုင်
ဘယ်တစ်ခုရွှေးမလဲ
ဖြေရခက်တဲ့ မေးခွန်းတွေ
မမေးပါနဲ့ တောင်းပန်ပါတယ်
ကော်ဖီကိုလဲချစ်တယ် ၀ိုင် ကိုလဲမမုန်းဘူးနော် ။
ပန်းတွေရဲ့ သဘောထား
အထာမကိုင်ပါနဲ့
ဝေနေတုန်းလှပေမယ့်လဲ
ထာဝရ မဟုတ်ပါ
ကြွေတဲ့နေ့ ရောက်လာတော့မယ် ။
ငါ မပျော်မိတာကြာခဲ့ပြီ
အဖော်တွေလဲ မရှိတော့ဘူး
ငါ မပြုံးတတ်တော့တာ ကြာခဲ့ပြီ
နင်အဝေးကိုထွက်သွားကတဲကပေါ့ ။
ပုံစံခွက်ထဲ ကြီးပြင်းခဲ့ရတဲ့ငါ
ဘ၀ကို လွတ်လွတ်လပ်လပ်နေချင်မိတယ်
ပြိုင်ဖက်မရှိ အပြတ်အသတ်ချစ်ခဲ့တာ
နင်သိရင် ငါကျေနပ်တဲ့ ဘ၀ဆိုတာ
ဒါပဲလေ ။
ဦးနှောက် ထဲက အသိတရား
ဘာတွေ မှားနေခဲ့ သလဲ
မြင်တွေ့နေရတဲ့ လက်တွေ့ဘ၀မှာ
လူတိုင်းကို ကြောင်ထင် ယုံထင်
ဖြစ်နေရပြီး
ခံစားချက်အားလုံးပေါင်းစီးလိုက်တော့
ချစ်သူတွေအတွက်
သစ္စာတရားဆိုတာ
ဘာလဲ?
jasmine
33 comments:
အတူတူ လက်မတွဲရတဲ့သူတွေအတွက်
အမှတ်တရဆိုတာ
အဆိပ် တစ်ခွက်.မြိုချနေရသလို...
အချစ်နဲ့ ဝေးသလိုဖြစ်လာပေမယ့် သိုသိုသိပ်သိပ်လွမ်းတတ်လာပြီ။
(ကုတင်အောက်မှာရေးတဲ့ကဗျာက..ကောင်းလှပါကလား..မမဂျက်) :P
မမ စံပယ်ရေ သည်ကဗျာကို ကျွန်တော်ဖတ်ကြည့်တာ တစ်ခြားကဗျာနဲ့ မတူသလိုခံစားရတယ်
သည်ကဗျာလေးကို ကုတင်အောက်မှာ အချောသတ်ထားလို့လားမသိဘူး ^_^
ကဗျာလေးကကောင်းနေတယ် ဟဲ
ကဗျာလေးကိုအားပေးသွားတယ်နော်
ခင်တဲ့ (အိမ်မက်ကောင်းကင်)
“ချစ်သူတွေအတွက်
သစ္စာတရားဆိုတာ
ဘာလဲ? ” ... တစ်ကယ်ပဲ သိချင်လိုက်တာ မမရေ ... ကဗျာလေးက ကောင်းလိုက်တာနော် ... :)
အတွေးတွေကနီးနီးလာတယ်
လူချင်း ဝေးဝေးသွားတာဘာကြောင့်လဲ
ခေတ်ကြောင့်လား စနစ်ကြောင့်လား
ပျားရည်လိုဘ၀မျိုး
တည်ဆောက်ဖို့ပါပဲ
အားလုံး အဖိတ်အစဉ်တွေပါပဲ
အကွဲကွဲ အပြဲပြဲနဲ့
လဲသေဖို့ကောင်းနေပြီ ။
အမဖြူရေ...ဒီကဗျာလေးကရသတစ်မျိုးပဲ...ကြိုက်
တယ်အမရေ...အားပေးသွားပြီဗျာ...ကော်ဖီပဲ
သောက်လိုက်ပါအမဖြူ...၀ိုင်ဆိုရင် ရီဝေေ၀နဲ့
ကဗျာတွေမထွက်ပဲနေမှာစိုးလို့ပါ..
ခင်မင်စွာဖြင့်
ရာဇာထွေး
မိုက်တယ်အမစံပယ်...ဘယ်နေရာလဲတော့မသိဘူး..
ကဗျာတပုဒ်လုံးဖတ်ပြီးသွားလို့ရလိုက်တဲ့ခံစားချက်က
မိုက်တယ်..
ကျေးဇူးပဲဂျက်ရေ ..... အဆိပ်ခွက်ကိုလည်းမျိုချခဲ့တယ်
သစ္စာတရားကိုလည်း သံသယ ဖြစ်ခဲ့ပြီကွယ်
နာကျင်နေတဲ့နှလုံးသားလေး
အားပြန်ပြည့်ပြီးလန်းဆန်းဖို့ 
ကြိုးစားနေပါတယ်...
ကျေးဇူးပဲဂျက်ရေ ..... အဆိပ်ခွက်ကိုလည်းမျိုချခဲ့တယ်
သစ္စာတရားကိုလည်း သံသယ ဖြစ်ခဲ့ပြီကွယ်
နာကျင်နေတဲ့နှလုံးသားလေး
အားပြန်ပြည့်ပြီးလန်းဆန်းဖို့ 
ကြိုးစားနေပါတယ်...
ကျေးဇူးပဲဂျက်ရေ ..... အဆိပ်ခွက်ကိုလည်းမျိုချခဲ့တယ်
သစ္စာတရားကိုလည်း သံသယ ဖြစ်ခဲ့ပြီကွယ်
နာကျင်နေတဲ့နှလုံးသားလေး
အားပြန်ပြည့်ပြီးလန်းဆန်းဖို့ 
ကြိုးစားနေပါတယ်...
မမရေ..ညီမခံစားချက်နဲ့ ကွက်တိနီးပါး တိုက်ဆိုင်နေတယ်.. အဲဒီတော့ ကဗျာလေးကိုခံစားရတာ ပိုလေးနက်သွားတယ်
အဲဒီအဆိပ်ခွက်တွေကိုပဲ ညတိုင်းသောက်နေမိ......
အတူတူ လက်မတွဲရတဲ့သူတွေအတွက်
အမှတ်တရဆိုတာ
အဆိပ် တစ်ခွက်ပါပဲ ။
ထိတယ်မမရေစာသားတွေက:)
ကောင်းတယ်။
အိုင်အိုရာ
ဘဝရဲ့အမောလေးတွေကို ပြေစေဘို့ အပြုံးအပျော်လေးတွေ ထာဝရ လွှမ်းခြုံခွင့် ရနိုင်ပါစေ ဂျက်ရေ။ ကဗျာလေးအားပေးသွားတယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ငါ မပြုံးတတ်တော့တာ ကြာခဲ့ပြီ
နင်အဝေးကိုထွက်သွားကတဲကပေါ့....
စာသားလေး ကြိုက်တယ် အမရေ...:-)
ကဗျာကောင်းလေးတွေကို
ဆက်လက်စောင့်မျှော်ဖတ်ရှုနေပါတယ်
အကောင်းဆုံးတွေထုဆစ်နိုင်ပါစေ...
မိုးသူ(တောင်ကြီး)
ဂျက်ရဲ့ ကဗျာတွေ အားလုံးကောင်းတယ်
စကားလုံးရွေးတာလေးတွေလည်း ကောင်းတယ်...
ကဗျာကောင်းလေးကိုလာရောက်ခံစားသွားတယ် အမရေ....့ စာသားလေးတွေအရမ်းကောင်းလှပါတယ်...:)
ကဗျာကောင်းလေးကိုလာရောက်ခံစားသွားတယ် အမရေ....့ စာသားလေးတွေအရမ်းကောင်းလှပါတယ်...:)
အတူတူ လက်မတွဲရတဲ့သူတွေအတွက်
အမှတ်တရဆိုတာ
အဆိပ် တစ်ခွက်ပါပဲ။
ကြာလာတော့လဲ အဲ့ဒီအဆိပ်ခွက်လေးကို အချိန်ဆိုတဲ့ သမားတော်က မသိမသာလေးမှောက်ပစ်လိုက်တာ ဘယ်အချိန်က ပျောက်သွားမှန်းတောင် မသိလိုက်ပါဘူး..မ ရယ်။
ခင်တက်တဲ့
လေပြေချို
အဲဒီ အဆိပ်ခွက်ကိုပဲ မက်မက်မောမောဖစ်နေမိတယ် မမရေ
~ Kk ~
တစ်ယောက်နဲ့ တစ်ယောက်ချစ်ပြီးဝေးတာရှိသလို
ဝေးပြီး ချစ်နေကြတာလဲရှိနေတာပဲလေ
တို့ နှစ်ယောက် နီးရက်နဲ့လဲ လွမ်းနေတယ် ။
အစပိုဒ်ကနေ စလို့ ဆွဲဆောင်သွားတဲ့ကဗျာလေ..
မှန်လိုက်တဲ့ စာသားလေးပဲ ဒေါ်ဂျက်ရေ..
ချစ်တဲ့
မမဝသုန်
အရမ်းထိတဲ့ ကဗျာလေး တစ်ပုဒ်ပါပဲဗျာ... ခံစားရလို့ နှစ်ကျော့ပြန် ဖတ်သွားတယ်..
အတူတူ လက်မတွဲရတဲ့သူတွေအတွက်
အမှတ်တရဆိုတာ
အဆိပ် တစ်ခွက်ပါပဲ..
မှန်လိုက်တာနော်..
အဆိပ်ခွက်တွေ နေ့တိုင်းသောက်နေရသူမို့.............
အဆိပ်ခွက်တွေ နေ့တိုင်းသောက်နေရသူမို့ ..............
ဟိုရောက်ဒီရောက်ကဗျာအား ဟိုမရောက်ဒီမရောက်ကောင်လေးတစ်ယောက် လာဖတ်သွားပါတယ်ခင်ဗျာ
၂၀၀၆ ဆိုတဲ့ခုနှစ်
ဘေးကျပ်နံကျပ်ရပ်ကွက်ထဲ
ပဲ့နေတဲ့ စာရွက်စုပ်လေးတောင်ရှာမရလို့
ကဗျာလေးရေးဖို့အတွက်
အိပ်မက်ထဲမှာ
ငါ တပ်မက်ခဲ့ဖူးတယ်
တော်တော်စိတ်တိုခဲ့မှာပဲ
တောက်ခံသံတွေလည်း တော်တော်များခဲ့မှာပဲ
အခုရော ... ရေးစရာစာရွက် တွေ့ရဲ့လား
အစ်မရေ
ပန်းတွေရဲ့ သဘောထား
အထာမကိုင်ပါနဲ့
ဝေနေတုန်းလှပေမယ့်လဲ
ထာဝရ မဟုတ်ပါ
ကြွေတဲ့နေ့ ရောက်လာတော့မယ် ။
အားပေးသွားပါတယ်အမ
မမပြုံးလို့ရအောင် အနော်အဝေးက ပြန်လာပါပီ။ ဖြေရခက်တဲ့ မေးခွန်းတွေလဲမမေးတော့ပါဘူး။
စပယ်လေးကဗျာလေးကိုအားပေးသွားပါတယ်။
ခင်တဲ.အန်တီလေးမေခင်
အတူတူ လက်မတွဲရတဲ့သူတွေအတွက်
အမှတ်တရဆိုတာ
အဆိပ် တစ်ခွက်ပါပဲ ။
မိုက်လှချည်လား မမရေ... ကွတ်တိပဲ စာသားတွေက.လက်ရှိနဲ့ :)
ခံစားအားပေးလျှက်ပါမမရေ...
ပန်းတွေရဲ့ သဘောထား
အထာမကိုင်ပါနဲ့
ဝေနေတုန်းလှပေမယ့်လဲ
ထာဝရ မဟုတ်ပါ
ကြွေတဲ့နေ့ ရောက်လာတော့မယ် ။
...............
ဒီစာသားလေးလဲသဘောကျမိပါရဲ့
Post a Comment