ဥတုရဲ့ ဒါဏ်ကြောင့်
ကျွန်မချစ်တဲ့သစ်ပင်လေးတွေ
အရိုးပြိုင်းပြိုင်း ဖြစ်ခဲ့ရတယ်
တခါက ထားတဲ့ဖူးတဲ့
အချစ် စစ်စစ်အတွက်
အလွမ်း ရိုင်းရိုင်းတွေ
ရင်ဘတ်ထဲ ခုန်ဝင်လာခဲ့ပြီ
ရှောင်လို့မရတဲ့အဆုံး
သစ်ရွက်လေးတွေကို နင်းခြေခဲ့ရပြီ
ရင်ဘတ်ထဲက အလွမ်းကိုလဲ
နင်းခြေလို့ ရခဲ့ရင် ?
တဦးယောက်က စွန့်ပြစ်သွားလို့
တယောက်ထဲ ကျန်နေတဲ့အချိန်
ခပ်စောစော နေ၀င် မိုးချုပ်တဲ့ ကာလမှာ
လရောင်ကိုလွမ်းတတ်တဲ့ စိတ်လေးကိန်းအောင်းလာခဲ့ပြီ
အချစ်က သူအတွက်နူပျိုစေပြီ
ကိုယ့်အတွက် အိုမင်းစေခဲ့ပြီလားကွယ်
အဆိပ်သင့်စေတဲ့ သံယောဇဉ်တွေ
နှလုံးသားထဲ သိမ်းထားခဲ့မိပြီ
နွေးနွေးထွေးထွေးမရှိခဲ့တဲ့အပြင်
သူက ဦးအောင်ထွက်ပြေးသွားခဲ့တယ်
ရုတ်တရက်သာပျောက်ဆုံးခဲ့ရင်
ကိုယ့်ရင်ကိုဒီလောက်လာထိမှာ မဟုတ်ဘူး
ခုတော့ သူက တဖြေးဖြေးနဲ့ မသိမသာလေးထွက်ခွါသွားလိုက်တာပါ ။
jasmine့
့
9 comments:
အေးအေးချမ်းချမ်းလေးမှာ ချစ်ခြင်းဖွဲ့ကဗျာလေးက
ရင်ကို အေးမြသွားစေတာ ကဗျာရေးဖွဲ့သူပိုင်ရှင် ဂျက်ရဲ့ အစွမ်းလေလားပဲ...
Merry Christmas and Happy New Year Jasmine !!!
ချစ်ခင်စွာ
သဒ္ဓါ
အလွမ်ရိုင်းက ရင်ထဲမှာ ကဗျာဖွဲ့ ...
ကျေးဇူးတင်လျှက်ပါရှင် ကဗျာဖတ်သူမိတ်ဆွေအားလုံး
Merry Christmas and Happy New Year
၂၀၁၄ မှာစာတွေကဗျာတွေလဲ အများကြီးရေးနိုင်ပါစေလို့
တကယ်ပဲ အဆိပ်သင့်စေတဲ့ချစ်ခြင်း သံယောဇဉ်အပိုင်းအစတွေကို ရင်ထဲထာဝရသိမ်းဆည်းသွားရတော့မှာလား။
Happy New Year Chit Ma Gyi!
ရင်ဘတ်ထဲက အလွမ်းကို နင်းတော့ မခြေချင်ပါဘူး... ကွယ်ပျောက်အောင်တော့ ဖျောက်ပစ်နိုင်တဲ့အစွမ်း ရချင်တယ်။း)
ရုတ်တရက်သာပျောက်ဆုံးခဲ့ရင်
ကိုယ့်ရင်ကိုဒီလောက်လာထိမှာ မဟုတ်ဘူး
ခုတော့ သူက တဖြေးဖြေးနဲ့ မသိမသာလေးထွက်ခွါသွားလိုက်တာပါ ။
မိုက်တယ်...မိုက်တယ်..
နောက်ခါ တိတ်တိတ်လေးထွက်သွားမယ်နော်(စတာနော်စတာ :P)
Happy New Year!!မမရေ
ချစ်တဲ့ Ahthu
မကြီးဂျက်စ်..ရောက်ခဲ့တယ်နော်... တမြေ့မြေ့ကျွမ်း ဆိုတာမျိုးလားကွယ်...တဖြည်းဖြည်းထွက်ခွာတယ်ဆိုတော့မှ :)
အလုပ်တွေများနေလို့ ခုမှပဲ ဘလော့ဖက်လှည့်ုဖြစ်တယ် မရေ.. ကဗျာလေး ဖတ်သွားတယ်။ Happy Chinese New Year! Gong Xi Fa Cai! ^^
Post a Comment