သံယောဇဉ်တွေ အဟုတ်တိုးပြီးပိုခဲ့လဲ
ပုတ်သိုးတဲ့ ယုယမှုတွေ ငါ ရခဲ့တယ်
အချစ်တို့နေ၀င်ချိန်ရောက်ပြီတဲ့လေ
ညဆိုတဲ့ မှောင်မိုက်ခြင်းနဲ့အတူ
စိမ်ကားတဲ့ကြယ်တွေလဲနေရာအနှံ့ပြန့်ကာကြဲနေတယ်
ရုတ်တရက်တွေးမိလိုက်ပြီ
အယောင်ဆောင်မှုတွေ ကြီးစိုးတဲ့ကာလတခုပေါ့
ချစ်ခြင်းတွေကိုလဲ အပြောင်အပျက်လုပ်သူများနေတယ်
အိုမင်းတဲ့ အပြုံးတွေကို အသက်သွင်းဖို့
ကျွန်မကျိုးစားနေမိတယ်
အခါခါဖြန့်ကြည့်မိတယ်
တဖန်ပြန်ခေါက်သိမ်းမိတယ်
ဒီလိုနဲ့ အကြိမ်ကြိမ်
နောက်ကျောမလုံတဲ့ အလွမ်းတချို့
သိမ်းထားဆဲ-----------------------။
jasmine
13 comments:
သံယောဇဉ်တွေ အဟုတ်တိုးပြီးပိုခဲ့လဲ
ပုတ်သိုးတဲ့ ယုယမှုတွေ ငါ ရခဲ့တယ်
မဂျက်...
အလွမ်းရောက်ခဲ့ပါကြောင်းးးး အကြောင်းအမျိုးမျိုး ကြောင့် ဘလော့ကို မရောက်ဖြစ် ပေမဲ့ အားလုံးကို အမြဲသတိရမိကြောင်းး ကဗျာလေးကိုလည်း ထပ်တူခံစားအားပေးသွားတယ်..
အလွမ်း
20-1-2014
အယောင်ဆောင်မှုတွေ ကြီးစိုးတဲ့ကာလတခုပေါ့
ချစ်ခြင်းတွေကိုလဲ အပြောင်အပျက်လုပ်သူများနေတယ်
အိုမင်းတဲ့ အပြုံးတွေကို အသက်သွင်းဖို့
ကျွန်မကျိုးစားနေမိတယ်
အိုမင်းတဲ့ အပြုံးတွေ အသက်သွင်းဖို့ ကျွန်မကျိုးစားနေမိပါတယ်။စံပယ်လေး အားပေးသွားပါတယ်။
အိုမင်းတဲ့ အပြုံးတွေ အသက်သွင်းဖို့ ကျွန်မကျိုးစားနေမိပါတယ်။စံပယ်လေး အားပေးသွားပါတယ်။
ကဗျာလေး ဖတ်သွားခဲ့တယ် မကြီးဂျက်စ် :)
အဲ့ဒီအလွမ်းဆိုတာက
ဖျောက်ပစ်လို့ မှမရတာ
မသိမ်းချင်လည်းသိမ်းမိနေတာပေါ့ ဂျက်ရဲ့
သိမ်းတော့မသိမ်းချင်ပါဘူး
လွှင့်ပစ်ချင်တာ
သူက အမှူန်အမွှားလေးလိုကပ်နေတော့
ခက်တာပေါ့....
အဲ့ဒီအလွမ်းဆိုတာက
ဖျောက်ပစ်လို့ မှမရတာ
မသိမ်းချင်လည်းသိမ်းမိနေတာပေါ့ ဂျက်ရဲ့
သိမ်းတော့မသိမ်းချင်ပါဘူး
လွှင့်ပစ်ချင်တာ
သူက အမှူန်အမွှားလေးလိုကပ်နေတော့
ခက်တာပေါ့....
အလွမ်းတွေမသိချင်ယောင်ဆောင်တာများပြီ...^_^
@Ahthu
အလွမ်းတွေမသိချင်ယောင်ဆောင်တာများပြီ...^_^
@Ahthu
အင်းလွမ်းနေပြန်ပီလားမမဂျက်ရေ....
ကဗျာတွေအားပေးသွားပါတယ်နော်...ခင်တဲ့
မောင်လေး...ရင်ခုန်
အဲဒီအလွမ်းကို လာထုတ်ကြည့်တာ ကြယ်လေးကလဲ စိမ်းကားချင်ယောင်ဆောင်လို့။
ချစ်ခြင်းကို အပြောင်အပျက်လုပ်သူကြား လေးနက်တဲ့ချစ်ခြင်းပိုင်ဆိုင်ထားသူလဲ တွေ့ရပါရဲ့။
အခါခါဖြန့်ကြည့်မိတယ်
တဖန်ပြန်ခေါက်သိမ်းမိတယ်
ဒီလိုနဲ့ အကြိမ်ကြိမ်
နောက်ကျောမလုံတဲ့ အလွမ်းတချို့
သိမ်းထားဆဲ-----------------------။ တဲ့ ကြိုက်တယ် အရမ်း.. ။
Post a Comment