အလတ်ကြီးရှိနေသေးတဲ့ ငါ့ နှလုံးသားကို
ငါ သနားလိုက်တာ
ဖြုန်းတီးမိနေတဲ့ အချိန်တချို့
ကိုယ့်ကဗျာ ကိုယ်ပြန်ရွတ်ဖို့
စိတ်တွေ လေးလံလေသလို
ဖြူစင်မှု တခုထဲကိုပဲ ယုံကြည်ခဲ့တဲ့ ငါ
မပြုံးမိတာကြာခဲ့တဲ့ ငါ
အပြုံးဆိုတာ ဘယ်လိုလဲ မေ့တေ့တေ့ ။
တိတ်တိတ်လေး နေထွက်လာခဲ့တယ်
တိတ်တိတ်လေး သူ ပြန်ဝင်သွားခဲ့တယ်
စိတ်ထဲကနေ သူ့ကိုနူတ်ဆက်ချင်မိနေတာ
နူတ်ဆက်ခွင့်မရလိုက်ဘူး ။
ကိုယ့် အတ္တ ကိုယ်မမြင်
သူတပါး အတ္ထုပတ္တိ ကိုတော့ ဖွင့်ပြနေတဲ့လောက
အပေါ်ယံ ရှပ်ပြီးပေါင်းတဲ့သူတွေခပ်များများတွေ့လာရတယ်
အရေခြုံနေတဲ့ သူတွေထဲကနေ ငါ ရုန်းထွက်ရမယ်
ငါ့ ဘ၀အမှန်ကဘာလဲ
သူတို့တွေမိုးခါးရေသောက်တာ သောက်ပါစေတော့
ငါ မသောက်မိဖို့အရေးကြီးတယ် ။
ငါ ကိုယ်တိုင်ကလဲ မရင့်ကျက်ဘူး
သူ တို့ကလဲ လူယဉ်ကျေး မဟုတ်ဘူး
ငါ မပြုံးချင်ဘူးဆိုရင် လုံးဝပဲ
သူ သီခံပြီးပြုံးတတ်တာ ဂုဏ်ယူပါတယ် ။
ကိုယ်ပါပဲ လုပ်လုပ်
လုပ်သမျှ အဟုတ်ထင်နေသူထဲ ငါလဲ ပါတယ်
ငါ့ ဘ၀အမှန်ကဘာလဲ ။
အရေခြုံနေတဲ့ လောက
ဘာကိုမှ အရေခြုံရုံသက်သက်မလုပ်ပါနဲ့
တိရစ္ဆာန်အရေတွေခြုံကြည့်လို့ရပါတယ်.......သူကနွေးထွေးမှုကိုပေးသနားတယ်လေ ။
Jasmine
3 comments:
အားပေးခဲ့ပါတယ် မ
အလတ်ကြီးရှိနေသေးတဲ့ ငါ့ နှလုံးသားကို
ငါ သနားလိုက်တာ.....ဆိုတော့
လန့် သွားတာပဲ သမီးတော်ကိုများပြောတာလားလို့ ..
.............:)
ဖတ်သွားပြီ ဂျက်ရေ
ဟားဟားဟား
သမီးတော်ကလဲ နောက်တတ်သားပဲ
Post a Comment