လပြည့်ညတွေ ကြည့်ခဲ့တဲ့ ငါ
အကြိမ်တစ်ရာ မကဘူး
နေ၀င်ချိန်တွေ ကြည့်တဲ့ နင်
အကြိမ်တစ်ရာ မကပါဘူး
အရာအားလုံး တူတူပါပဲ ။
အိပ်လဲမပေါက်ပါဘူး
ဖားတွေရဖို့အတွက်
သူ့ထက်ငါ အတင်းတိုးပြီးရင်းတိုး
ဒေါသတွေ ထိုးထိုးထောင်လောင်
လောဘတွေလဲ မရိုးနိုင်
မောဟတွေအုပ်ကာမိုးပြီး
အတ္တလှောင်ချိုင့်ထဲကနေ
ရုန်းမထွက်နိုင်တော့ပါ ။
အပူ အအေး မမျှတဲ့ ရာသီတွေ
အချို အခါး မမျှတဲ့ ဘ၀တွေ
အနိမ့် မမြင့် မတူ ညီတဲ့ ကံစီမံမှုတွေ
မျက်ကွယ်ပြုမရ ။
တခါတရံ အမှောင်ထု အားကောင်းတယ်
အမှောင်ကို အားထားပြီး
ရှာစားတဲ့သူတွေက
အမှောင်ထုထဲမှာ ပျော်သလိုနေကြပြီး
တခါတရံ လင်းအားကောင်းတယ်
သူတို့ အလင်းရောင်ကိုမုန်းတီးကြပြီ ။
စုံလွန်းတဲ့ ဘ၀ရဲ့
ဇာတ်ခုံထဲ
လှတာ မမက်ခဲ့လဲ
တခါတရံ
ညစာတွေခက်လာသလို
ရိုးသားခြင်းဆိုတဲ့ အလံ
ဘယ်သူမြဲမြဲ ကိုင်နိုင်မလဲ
မီးဇာကုန် ဆီခမ်းပြီး
ဘ၀တွေ နွမ်းခဲ့ရလို့
အဲဒီရက်တွေမှာ
သံစဉ်တွေ မလှဘူး
ကာရံတွေမညီခဲ့ဘူးပေါ့ ။
(နေထိုင်ရာနေရာမှ မြင်ကွင်းတချို့ကိုအမှီပြုပြီးေ ရးသားခြင်းမျှသာ)
jasmine
26 comments:
ခွန်ပေါရန်းသီချင်းကို သွားသတိရတယ်။ ဘာတဲ့ "လှတာမက်ရင် ညစာခက်တတ်တယ်"တဲ့။ အခုတော့ လှတာ မမက်လည်း တစ်ခါတစ်ရံ ညစာခက်လာတယ်ပေါ့။
ဘ၀ဆိုတာ ဒီလိုပါပဲ စပါယ်ချိုရယ်။ အရောင်စုံလှတယ်။
ညစာတွေခက်လာသလို
ရိုးသားခြင်းဆိုတဲ့ အလံ
ဘယ်သူမြဲမြဲ ကိုင်နိုင်မလဲ
မီးဇာကုန် ဆီခမ်းပြီး
ဘ၀တွေ နွမ်းခဲ့ရလို့
အဲဒီရက်တွေမှာ
သံစဉ်တွေ မလှဘူး
ကာရံတွေမညီခဲ့ဘူးပေါ့ ။မမရေ ကဗျာလေးကအခုခေတ်နဲ့ အတော်လေးကိုအန်ဝင်နေတယ်
ကဗျာကောင်းလေး တစ်ပုဒ်ပါ မစံပယ်ရေ ...
ဟုတ်ပမမရေ ညစာတွေခက်လာလို့ ရိုးသားခြင်းအလံကိုင်နိုင်တဲ့သူတွေလဲ ရှားလာပြီ။
ခုတလော လပြည့်ညတွေ သိပ်မကြည့်ဖြစ်ဘူး။
ညဘက် အိမ်ပြင်မထွက်လို့းP
စုံလွန်းတဲ့ ဘ၀ရဲ့
ဇာတ်ခုံထဲ
လှတာ မမက်ခဲ့လဲ
တခါတရံ
ညစာတွေခက်လာသလို
ရိုးသားခြင်းဆိုတဲ့ အလံ
ဘယ်သူမြဲမြဲ ကိုင်နိုင်မလဲ
မီးဇာကုန် ဆီခမ်းပြီး
ဘ၀တွေ နွမ်းခဲ့ရလို့
အဲဒီရက်တွေမှာ
သံစဉ်တွေ မလှဘူး
ကာရံတွေမညီခဲ့ဘူးပေါ့ ။
မတည်မြဲတဲ့ လောကမှာ သံစဉ်တွေမလှတာလဲတခါတရံပါ။
ကာရံတွေမညီတာလဲ တခါတရံပါ။
ကဗျာလေး အားပေးသွားတယ်နော် မ..။
လောဘတွေလဲ မရိုးနိုင်
မောဟတွေအုပ်ကာမိုးပြီး
အတ္တလှောင်ချိုင့်ထဲကနေ
ရုန်းမထွက်နိုင်တော့ပါ
အားပေးသွားပါတယ်အမ
တခါတရံ
ညစာတွေခက်လာသလို
ရိုးသားခြင်းဆိုတဲ့ အလံ
ဘယ်သူမြဲမြဲ ကိုင်နိုင်မလဲ
လူ့ဘ၀မြင်ကွင်းတချို့ကိုရေးသားထားတာလေး
အားပေးသွားပါတယ်ခင်တဲ့အန်တီလေးမေခင်
ရိုးသားခြင်း အလံဟာ တချိန်လုံးလိုလို လေတိုက်ခံရ စမြဲပါပဲ၊ ဒီအလံကို ကိုင်တဲ့အခါ လက်မြဲဖို့လိုတယ်လို့ တွေးတောမိသွားတယ် မစံပယ်...။
ရိုးသားခြင်းဆိုတဲ့ အလံ
ဘယ်သူမြဲမြဲ ကိုင်နိုင်မလဲ....
ကြိုက်မှကြိုက်
ခိုက်မှခိုက်....။
အော်....လောကကြီးရယ်..အနိစ္စ...ဒုခ..သုခ။
စံပယ်ကိုချစ်တနှင်းဆီ...
မရေ..ကဗျာကောင်းလေးအားပေးခဲ့တယ်နော်..
ဟုတ်တယ်..မကဗျာက ခုခေတ်နဲ့အတော်တိုက်ဆိုင်နေတယ်..သြော်..တိုက်ဆိုင်ဆို လက်ရှိမြင်ကွင်းကိုး..:P
ခင်မင်နေတဲ့..မိုးနတ်
ရေးပြထားတာလေး လှတယ် မမ
~ Kk ~
ကဗျာလေး အရမ်းကောင်းတယ်နော်
စကားလုံးလေးတွေ ယူသွားတာများ ကြိုက်မှကြိုက် :)
အိပ်လဲမပေါက်ပါဘူး
ဖားတွေရဖို့အတွက်
သူ့ထက်ငါ အတင်းတိုးပြီးရင်းတိုး
ဒေါသတွေ ထိုးထိုးထောင်လောင်
လောဘတွေလဲ မရိုးနိုင်
မောဟတွေအုပ်ကာမိုးပြီး
အတ္တလှောင်ချိုင့်ထဲကနေ
ရုန်းမထွက်နိုင်တော့ပါ ။
မီးဇာကုန် ဆီခမ်းပြီး
ဘ၀တွေ နွမ်းခဲ့ရလို့
အဲဒီရက်တွေမှာ
သံစဉ်တွေ မလှဘူး.....
ဒီအပိုဒ်လေးသဘောကျသဗျ
အတွေးလေးတွေလှပါပေရဲ့
ဆက်ကြိုးစားနော်
နော်ကတော့အိပ်လိုက်အုန်းမယ်
အဟစ်
ကောင်းပါရဲ့....ဒီစာပိုဒ်ကိုပိုကြိုက်ဖြစ်တယ်
မီးဇာကုန် ဆီခမ်းပြီး
ဘ၀တွေ နွမ်းခဲ့ရလို့
အဲဒီရက်တွေမှာ
သံစဉ်တွေ မလှဘူး
အတွေးလေးတွေလှလို့
ဒီထက်ပိုရေးဖြစ်ပါစေနော်
(လက်ညောင်းအောင်လို့)
ဟီးးးးး
ဘဝတွေကိုက ခက်လာတော့လဲ... ညစာတွေလဲ ခက်လာရတာပေါ့ အစ်မရယ်...
မျက်စိရှေ့မှာ မြင်တဲ့ မြင်ကွင်းတွေကိုကြည့်ပြီး
ကဗျားထုဆစ်လိုက်တာ တယ်ကောင်းပါလား
မမစံပယ်ချိုတို့က ကောင်းပြီးရင်းကောင်းနေပါလား
အားပေးသွားတယ်နော်
ခင်တဲ့(အိမ်မက်ကောင်းကင်)
အလုပ်များလို့ မရောက်တဲ့အတောအတွင်း အများကြီးထုဆစ်သွားတာပါလား ဂျက်ရေ။
ကဗျာတစ်ကြောင်းတောင် ဖြောင့်ဖြောင့်စင်းစင်း မစပ်တတ်သူတီတင့်အတွက်တော့ ဂျက်ရဲ့ ကဗျာလေးကို သံစဉ်မလှ ကာရံမညီဘူးလို့ မထင်မိဘူး အဓိပ္ပာယ်နက်နက်နဲ့အတူ ဖတ်လို့ကောင်းနေဆဲပါ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ရိုးသားခြင်းဆိုတဲ့ တန်ဖိုးက တော်တော်လေး ကြီးတယ်နော် .. ဘ၀တွေ ကာရံလှဖို့ ဆုတောင်းဆဲ
ချစ်ခင်စွာ
မိုးခါး
ရေချိန်မရှိတဲ့ ဘ၀ တွေအနားမှာ
ရိုးသားခြင်းတွေ လွင့်စင်သွားတာလည်း ကြာပါပြီ
မစံပယ်.......
ဝင့်ထယ်လိုမှု့အသွယ်သွယ်နဲ့
မသိသလို မျက်ကွယ်ပြုကြရင်း ပေါ့ဗျာ။
လပြည့်ညတွေ ကြည့်ခဲ့တဲ့ ငါ
အကြိမ်တစ်ရာ မကဘူး
နေ၀င်ချိန်တွေ ကြည့်တဲ့ နင်
အကြိမ်တစ်ရာ မကပါဘူး
အရာအားလုံး တူတူပါပဲ ။
တခါတရံ အမှောင်ထု အားကောင်းတယ်
အမှောင်ကို အားထားပြီး
ရှာစားတဲ့သူတွေက
အမှောင်ထုထဲမှာ ပျော်သလိုနေကြပြီး
တခါတရံ လင်းအားကောင်းတယ်
သူတို့ အလင်းရောင်ကိုမုန်းတီးကြပြီ
လှပတဲ့ကဗျာလေးကို သေသေချာချာဖတ်သွားပါတယ်
ဆက်လက်ထုဆစ်နိုင်ပါစေ မကြီးဂျက်ရေ ....
စုံလွန်းတဲ့ ဘ၀ရဲ့
ဇာတ်ခုံထဲ
လှတာ မမက်ခဲ့လဲ
တခါတရံ
ညစာတွေခက်လာသလို
ရိုးသားခြင်းဆိုတဲ့ အလံ
ဘယ်သူမြဲမြဲ ကိုင်နိုင်မလဲ
မီးဇာကုန် ဆီခမ်းပြီး
ဘ၀တွေ နွမ်းခဲ့ရလို့
အဲဒီရက်တွေမှာ
သံစဉ်တွေ မလှဘူး
ကာရံတွေမညီခဲ့ဘူးပေါ့ ။
အရမ်းကောင်းတယ်...း)
မီးဇာကုန် ဆီခမ်းပြီး
ဘ၀တွေ နွမ်းခဲ့ရလို့
အဲဒီရက်တွေမှာ
သံစဉ်တွေ မလှဘူး
......
ဒီစာကြောင်းလေးသဘောကျတယ်
ဒါပေမယ့်
ကာရံတွေမည်ီခဲ့ဘူးဆိုတာကြီးက
ဖတ်ရင်းဖတ်ရင်းနဲ့ပိုနေသလိုခံစားရတယ်
အပိုစကားလုံးမျိုးကြီးပေါ့အယ်လိုဖြစ်လာတယ်ဗျ
Post a Comment