တွန့်လိမ်ကောက်ကွေးနေတဲ့
သံယောဇဉ်
အရောင်တွေ ဖျော့ဖျော့လာတဲ့
အကြင်နာ
မရိုးမရွဖြစ်နေတတ်တဲ့
မျက်နှာထား
ပုပ်သိုးဟောင်းနွမ်းနေပြီဖြစ်တဲ့
ချစ်ခြင်းတရား
ခပ်ပါးပါးလေးသာကျန်နေတဲ့
အတွယ်အတာ
ရင်ထဲမှာတော့ အားလုံးဗလာဖြစ်နေပြီ ။
စံပယ်တွေ သီချင်းမဆိုတတ်ဘူး
ချယ်ရီတွေ မျက်ရည်မကျတတ်ဘူး
တစ်ယောက်ထဲ
ရိုးပြတ်တောထဲ လမ်းလျှောက်နေတယ်
ဖုန်းဆိုးမြေမှာ အသက်ရှုနေရသလို
ဂီတာအိုက သစ်လွင်တဲ့သံစဉ်တွေပေးလဲ
ငါ့ လက်တွေမစွမ်းသာခဲ့ဘူး
နေ့စဉ်နေ့တိုင်း
ငါ ကြားနေရတယ်
လက်ခုပ်သံ
အဲတာအတုတွေတဲ့လေ ။
ဘာကိုလဲ ဘာကြောင့်လဲ
ငါ တကယ်မသိခဲ့ပါဘူးကွယ်
မက်ခဲ့ဖူးတဲ့ အိပ်မက်ကိုစဉ်းစားသလို
ငါ ပြန်ပြီးစဉ်းစားခဲ့ဖူးတာပဲ
ဘာအရာမှ မရှိခဲ့ဘူး
အကျိုးမရှိတဲ့
သဘောထားများ
အရာဝထ္ထုများကို
ငါ ဋီကာမချဲ့ခဲ့ပါ
အမှန်တရားတွေကို
ဖုန်းကွယ်ကြတယ်
တခါတရံ ပျောက်ဆုံးစေတယ်
ငါ့ အတွက်
အရာအားလုံး
အဆင်ပြေပါတယ် ။
ချယ်ရီတွေ မျက်ရည်မကျတတ်ဘူး
တစ်ယောက်ထဲ
ရိုးပြတ်တောထဲ လမ်းလျှောက်နေတယ်
ဖုန်းဆိုးမြေမှာ အသက်ရှုနေရသလို
ဂီတာအိုက သစ်လွင်တဲ့သံစဉ်တွေပေးလဲ
ငါ့ လက်တွေမစွမ်းသာခဲ့ဘူး
နေ့စဉ်နေ့တိုင်း
ငါ ကြားနေရတယ်
လက်ခုပ်သံ
အဲတာအတုတွေတဲ့လေ ။
ဘာကိုလဲ ဘာကြောင့်လဲ
ငါ တကယ်မသိခဲ့ပါဘူးကွယ်
မက်ခဲ့ဖူးတဲ့ အိပ်မက်ကိုစဉ်းစားသလို
ငါ ပြန်ပြီးစဉ်းစားခဲ့ဖူးတာပဲ
ဘာအရာမှ မရှိခဲ့ဘူး
အကျိုးမရှိတဲ့
သဘောထားများ
အရာဝထ္ထုများကို
ငါ ဋီကာမချဲ့ခဲ့ပါ
အမှန်တရားတွေကို
ဖုန်းကွယ်ကြတယ်
တခါတရံ ပျောက်ဆုံးစေတယ်
ငါ့ အတွက်
အရာအားလုံး
အဆင်ပြေပါတယ် ။
jasmine
အသစ်တွေစုစည်းမရနိုင်တဲ့အချိန်မှာ
ရေးခဲ့တာကြာလှပြီဖြစ်တဲ့ ကဗျာဟောင်းလေးတွေ
ရှာဖွေတင်ရခြင်းဖြစ်ပါသည်။
24 comments:
အတုံးအတုံးတွေဘဲ မြင်နေရတယ် ယောက်ခမ ရေ ဖတ်လို့ရဘူး ညကျမှ လာဖတ်တော့မယ် အဆင်ပြေကြတယ် မို့လား သတိရပါတယ်ဗျာ ။
ပုံ/
တချိန်က သင်၏ သမက်
ဂျက်စ်...နေရာသီမှာ အဆင်ပြေချောမွေ့စွာ ပျော်ရွှင်စွာနေထိုင်နိုင်ပါစေ
စံပယ်တွေ သီချင်းမဆိုတတ်ဘူး
ချယ်ရီတွေ မျက်ရည်မကျတတ်ဘူး
တစ်ယောက်ထဲ
ရိုးပြတ်တောထဲ လမ်းလျှောက်နေတယ်
ဖုန်းဆိုးမြေမှာ အသက်ရှုနေရသလို
ဂီတာအိုက သစ်လွင်တဲ့သံစဉ်တွေပေးလဲ
ငါ့ လက်တွေမစွမ်းသာခဲ့ဘူး
နေ့စဉ်နေ့တိုင်း
ငါ ကြားနေရတယ်
လက်ခုပ်သံ
အဲတာအတုတွေတဲ့လေ
ကောင်းလိုက်တဲ့ကဗျာလေးပါ အမဖြူရေ...ကျွန်တော်မဖတ်ရသေးတော့
အသစ်လေးပေါ့ခင်ဗျာ...ကဗျာလေးဖတ်ခွင့်ရလို့ကျေးဇူးတင်ပါတယ်အမဖြူ..
ခင်မင်စွာဖြင့်
ရာဇာထွေး
စံပယ်တွေ သီချင်းမဆိုတတ်ဘူး
ချယ်ရီတွေ မျက်ရည်မကျတတ်ဘူး
တစ်ယောက်ထဲ
ရိုးပြတ်တောထဲ လမ်းလျှောက်နေတယ်
ဖုန်းဆိုးမြေမှာ အသက်ရှုနေရသလို
ဂီတာအိုက သစ်လွင်တဲ့သံစဉ်တွေပေးလဲ
ငါ့ လက်တွေမစွမ်းသာခဲ့ဘူး
နေ့စဉ်နေ့တိုင်း
ငါ ကြားနေရတယ်
လက်ခုပ်သံ
အဲတာအတုတွေတဲ့လေ
ကဗျာကောင်းလေးပါအမဖြူရေ...မဖတ်ရသေးတဲ့ကျွန်တော့်အဖို့တော့
အသစ်ကလေးပေါ့ခင်ဗျာ...ကဗျာလေးဖတ်ခွင့်ရလို့ကျေးဇူးတင်ပါတယ်
အမဖြူရေ...အရာအားလုံးအဆင်ပြေပါစေခင်ဗျာ......
ခင်မင်စွာဖြင့်
ရာဇာထွေး
အဟောင်းလေးလဲ ကောင်းတာပါပဲ မ ရေ..:)
မ ကဗျာတွေ အားလုံးကိုနှစ်သက်လျက်ပါ...ဒါထက်
အမ နဲ့ အကို ဘယ်တွေပျောက်နေတာလဲဟင်..?
အဆက်အသွယ်တွေလဲ ပြတ်နေကြသလိုပဲ...:(
ကျန်းမာရေး ကောင်းအောင်နေပါမရယ်...တခါတခါ
ညလေးသိပ်စိတ်ပူမိတယ် မ :)
နေ့ စဉ်နေ့ တိုင်း ကြားနေရတဲ့ လက်ခုပ်သံ အတုတွေကြားမှာ၊ ပျောက်ဆုံးသွားတဲ့ အမှန်တရားတွေ ကြားမှာပဲ အဆင်ပြေအောင် နေ နေကြရတာပဲနော်..။
ဒီကဗျာ ဖတ်ဖူးသလိုပဲနော်။ အစစအရာရာ အဆင်ပြေပါစေ အစ်မရေ.. take care.
ငါ ကြားနေရတယ် လက်ခုပ်သံ အဲတာ အတုတွေတဲ့လေ ။ တခါတရံ ပျောက်ဆုံး အရာအားလုံး အဆင်ပြေ ... ဆိုပြီး ဖျော့ချထားတဲ့ နူးညံ့စိတ်ကိုတွေ့ခဲ့ပါတယ် ...
အရာအားလုံးဟာ ဖြစ်ပျက်နေကြတဲ့ သင်္ခါရတွေပါပဲ... ဒီလိုပဲ သဘောထားပြီး လောကကြီးမှာ အဆင်ပြေအောင်နေရတာပဲ မရယ်... ခုတစ်လော အရမ်းစိတ်ပင်ပန်းနေလို့ မလည်ဖြစ်တာတောင်ကြာပြီနော်... သူငယ်ချင်းတွေအားလုံးကို သတိရပါတယ်:)
ချစ်တဲ့
လေပြေ
မဂျက်ရေ . . အမှန်တရားတွေ ဖုံးကွယ်ကြတယ် . . တခါတရံ ပျောက်ဆုံးစေတယ် ၊ ငါ့အတွက် အရာအားလုံး အဆင်ပြေပါတယ် ။
အဆင်ပြေပါစေ မဂျက်ရေ . . .
ခင်မင်စွာဖြင့်
ဗညားရှိန်
မကြီးဂျက်ရယ် .. ရင်ထဲတောင် တော်တော်မကောင်း ဖြစ်သွားတယ် ဖတ်ပြီးတော့ ..
" နားမလည်ပေးနိုင်တဲ့အရာကိုတောင်မှ နားလည်ပေးလိုက် ပါတဲ့ " ဒါ ညီမကိုယ်တိုင် ကျင့်သုံး တဲ့ နည်းလမ်းတစ်ခုပါပဲ မကြီးဂျက် ...
အရာရာအဆင်ပြေပါစေနော် ...
´*•♥♥ စိတ်ကိုနားခွင့်ပေးလိမ့်ပါ ♥♥´*•
ပါလား....မစပါယ်...ချစ်သောနှင်းဆီ
နေ့စဉ်နေ့တိုင်း ငါတွေ့နေရတယ်လက်ခုပ်သံ အဲတာအတုတွေတဲ့လေ။ ဟုတ်ကဲ့ တခါတရံတော့ အစစ်တွေ ပါလာကောင်း ပါလာမှာပါဗျာ။ ကျန်းမာပါစေဗျာ
မရောက်တာ အတော်ကြာသွားတယ် ဂျက်ရေ...ဘယ်ရောက်နေကြပြန်ပြီလဲ...အစစ အဆင်ပြေကြမယ်တော့ ထင်ပါရဲ့...ကဗျာဟောင်းဆိုပေမယ့် အတွေးတွေ လက်ဆတ်နေတုန်းပါပဲ...
ကဗျာလေး အဓိပ္ပါယ် စေ့စေ့တွေး တရေးရေးပေါ်လာတယ်...
ဒီ့ထက်မက အဆင်ပြေပါစေ။
မိုးမြင့်တိမ်
ဟုတ်မမ။ ညလေးလဲ အဆင်ပြေပါတယ်။ စပယ်တွေ သီချင်းဆိုတတ်ဖူးလား။ သင်ပေးမယ်။
မရောက်တာကြာ စာတွေမဖတ်ဖြစ်တာကြာလို့ လာသွားပါတယ်စံပယ် .. အဆင်ပြေပါစေ
အစစအဆင်ပြေနေပါစေ ဂျက်ရေ
ခုမှရောက်ဖြစ်တယ်ဂျက်..
ကွန်ပြူတာပျက်တယ်လေ..
တွန့်လိမ်ကောက်ကွေးနေတဲ့
သံယောဇဉ်
အရောင်တွေ ဖျော့ဖျော့လာတဲ့
အကြင်နာ
မရိုးမရွဖြစ်နေတတ်တဲ့
မျက်နှာထား
ပုပ်သိုးဟောင်းနွမ်းနေပြီဖြစ်တဲ့
ချစ်ခြင်းတရား
ခပ်ပါးပါးလေးသာကျန်နေတဲ့
အတွယ်အတာ
ရင်ထဲမှာတော့ အားလုံးဗလာဖြစ်နေပြီ ။
ညလေးတော့သိပ်အဆင်မပြေသေးဘူးးးးးးး
အရင်ကလည်း ကောင်း.. ခုလည်းကောင်း... ခုထိ နုဖတ် လတ်ဆတ်နေတုန်းပဲ မကြီးဂျက်ရေ..
အဆင်ပြေတယ်ဆိုလို့..၀မ်းမြောက်ပါတယ်.. စံပါယ်တွေ သီချင်းမဆိုတတ်ပေမယ့်..
ကဗျာရေးတဲ့နေရာတော့ ထက်တယ်နော်..း)
စပယ်တွေသီချင်းမဆိုတတ်ပေမဲ့ ခံစားတတ်တဲ့ကဗျာတွေကို ရင်ထဲထိအောင်စပ်နိုင်တယ်နော်
ပုပ်သိုးဟောင်းနွမ်းနေပြီဖြစ်တဲ့
ချစ်ခြင်းတရား
ခပ်ပါးပါးလေးသာကျန်နေတဲ့
အတွယ်အတာ
ရင်ထဲမှာတော့ အားလုံးဗလာဖြစ်နေပြီ ။
ဖတ်သွားပါတယ် မ
Post a Comment