ဖြူလွှလွှ စံပယ် တစ်ဆုပ်
သူ ယူဆောင်ပေးတယ်
တခါတရံ ပန်းနုရောင်
မရင့်တရင့် ချယ်ရီတွေနဲ့
တင့်တယ်ခဲ့ဖူးတယ်
တောင်တန်းကြီးတွေက
စိမ်းလန်းတဲ့ သစ်တောတွေ
တောအုပ်တွေ ကိုကျောပိုးထားသလို
ကျွန်မလဲ
ချစ်သူရဲ့ အကြင်နာတွေ
ဘယ်လောက်လေးလေး
ကျောပိုးလျှက်ပါ
ဥပေက္ခာ မနှောတဲ့
အတွယ် အတာ အမှန်တွေ
ရင်ထဲအမြဲရှိခဲ့တယ်
ရှေးဟောင်းပုံပြင်ထဲကလို
သေတပန်သက်တဆုံး
လုံးဝ မမုန်းပဲ ရိုးမြေကျ
အသဲတွေအထပ်ထပ်ကာရံ
မုန်းမာန်လဲမရှိ အပြုံးသက်သက်ဖြစ်သာ
ချစ်ခဲ့ရသူပါ
ဒီလိုနဲ့ ၇ နှစ်
သံယောဇဉ်တွေက နစ်ပြီးရင်းနစ်ခဲ့လဲ
အချစ်တွေကတော့
ချစ်ပြီးရင်းလဲ ချစ်လျှက်ပါကွယ် ။
(အောက်တိုဘာလ ၁၇ ရက်နေ့သည် ကျွန်မတို့ရဲ့
၇ နှစ်ပြည့် နှစ်ပတ်လည် နေ့ဖြစ်သောကြောင့်
ကျွန်မရဲ့ ချစ်သူကို လက်ဆောင်ပေးတဲ့ကဗျာလေးပါ)
jasmine
| |||||||||||||
Dear Angel.....(26)
-
ချစ်သော အိန်ဂျယ်.....
ကိုယ်တို့တွေ နေ့တစ်နေ့ရဲ့ နေထွက်ချိန် နေဝင်ချိန်တွေကို ကြည့်ခွင့်
မြင်ခွင့်ရှိသေးတာကိုက ကံကောင်းခြင်းဆုလာဘ်လို့ သတ်မှတ်လို့ရတယ...

